SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ ရန်ကုန်မြို့နှင့် မော်လမြိုင်တို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများနှင့် နယ်မြေခံသင်တန်းကျောင်းတို့၌ ဆက်လက်လက်ခံ

Tuesday, 02 June 2020 20:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၂

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတို့၌ လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၆ ဦး တို့ဖြစ်ပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ပြန်လည်ရောက်ရှိလာသူ မရှိကြောင်း သိရှိရသည်။

ထို့ပြင် ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁၅ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှ ၂ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19  ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်က စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၇၇၄ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၃၀၄ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။

ထို့ပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်မြို့ရှိ တည်းခိုးရေးစခန်းတွင် Covid-19  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအားလည်း လက်ခံပေးလျက်ရှိရာ ယနေ့အထိ ၉၃ ဦးနှင့် သံဖြူဇရပ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ယနေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၈၈ ဦးနှင့် အမျိုးသမီး ၈၇ ဦးတို့ ပြန်လည်ဝင်ရောက်လာပြီး ယနေ့အထိ ၃၉၅ ဦးအား လက်ခံထားရှိပြီးဖြစ်ကြောင်းနှင့် ဆေးအဖွဲ့ များက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့ နေထိုင်စားသောက်မှုဆိုင်ရာများအား တိုင်းစစ်ဌာနချုပ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် အဆိုပါစောင့်ကြည့် လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 65 times Last modified on Tuesday, 02 June 2020 20:47