SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

Tuesday, 02 June 2020 20:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၂

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ နမ္မတူမြို့၊ နမ့်ဆန်မြို့၊ ကျောက်မဲမြို့နှင့် သိန်းနီမြို့ တို့၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ဟိုးပုံးမြို့၊ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့၊ ညောင်ရွှေမြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နှင့် ဘောလခဲမြို့တို့၌လည်းကောင်း၊  အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပင်လုံမြို့၊ နမ့်စန်မြို့၊ လဲချားမြို့နှင့် လင်းခေးမြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့၊ တာချီလိတ်မြို့နှင့် မိုင်းခတ်မြို့တို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရေးမြို့၊ ကျိုက်ထိုမြို့၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့် မြဝတီမြို့တို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ ကလိန်အောင်မြို့၊ ထားဝယ်မြို့၊ ပုလောမြို့၊ ကျွန်းစုမြို့၊ မြိတ်မြို့နှင့် တနင်္သာရီမြို့ တို့၌လည်း ကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ လှိုင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဗဟန်းမြို့နယ်၊ သာကေတမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ဒလမြို့နယ်တို့၌လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အင်္ဂပူမြို့နှင့် ဟိုင်းကြီး ကျွန်းမြို့တို့၌လည်းကောင်း၊  အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် အနေဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ချင်းပြည်နယ်၊ ဟားခါင်းမြို့တို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့၌လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ကျောက်ကြီးမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ လည်းကောင်းဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြား ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစား နိုင်ငံ့ ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန် ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေး ငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် မီးရထားစီး ခရီးသည်များကို COVID-19  ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask  အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များနှင့် Face Mask များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများ ပြည်သူ အသုံးပြုသောနေရာများ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်း ခြင်းများ ဆောင်ရွက်ပေးကြသည်။ ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ပရဟိတကျောင်း များနှင့် ဘိုးဘွားရိပ်သာများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။  

Read 68 times Last modified on Tuesday, 02 June 2020 21:08