SJ WorldNews - шаблон joomla Авто

Covid-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Tuesday, 02 June 2020 21:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၂

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေး ဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်း များကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ ကလေးအထူးကုဆေးရုံ၊ သားဖွားမီးယပ်အထူးကုဆေးရုံ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံ၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့ နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲများ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နှင့် မိုင်းရယ်မြို့ တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန်မုံနှင့် ကာမိုင်းတိုက်နယ်ဆေးရုံ၊ မန်နား(ခိုမုန်း)နှင့် နမ့်ဟိုင်းကျေးလက် ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊ ပင်ဖြစ်တိုက်နယ် ဆေးရုံ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ပြည်သူ့ဆေးရုံ၊ ပင်းတယမြို့နယ်၊ မိုင်းအင်နှင့် အောင်ပန်းတိုက်နယ် ဆေးရုံ၊ ဖယ်ခုံမြို့နယ်၊ ဆီဘူးတိုက်နယ်ဆေးရုံ၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လိုဘာခို တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန၊ နမ့်မယ်ခုံ တိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နှင့် တာလေမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ယန်းခ၊ မိုင်းဇင်း၊ ကောင်းမူတန်၊ မိုင်းတွမ်း၊ ဝမ်လုံ၊ တာလေ၊ ကောက်ပျက်၊ မိုင်းဟုန်၊ နားကောင်းမူ၊ ဟွေအောတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနများ၊ ယောင်ခ၊ မုံးထနှင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဆွတ်ဝိုး တိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ ရေးမြို့၊ ခေါဇာ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ဘားအံမြို့၊ မြဝတီ၊ ကျိုက်ဒုံတို့ရှိ ပြည်သူ့ဆေးရုံများ၊ ကျောင်းရွာ၊ ဒူးယား၊ ရွှေဂွန်း၊ ဘုရားသုံးဆူရှိ တိုက်နယ်ဆေးရုံ များ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးရပ်ကွက်ရှိ တိုက်နယ်ဆေးရုံနှင့် သုံးခွမြို့ နယ်၊ ညောင်လန်းကုန်းတိုက်နယ်ဆေးရုံတို့၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့ပြည်သူ့ဆေးရုံနှင့် ဒေါင့်ကြီးတိုက်နယ် ဆေးရုံတို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့၊ ဘုတလင်မြို့၊ ခင်ဦးမြို့၊ ရေဦးမြို့၊ ကနီမြို့၊ ဒီပဲယင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဆိပ်ဖြူမြို့၊ ချင်းပြည်နယ်၊ မတူပီမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ သာစည်ကျေးရွာ၊ ညောင်ဖြူပင်၊ ကံကုန်းကျေးရွာ၊ ကျားတက်ကျေးရွာ၊ မတောင့်တကျေးရွာ၊ ရွာစဉ်ကျေးရွာ၊ ညောင်ပင်ကြီးစုကျေးရွာတို့ရှိ တိုက်နယ်ဆေးရုံများ၌လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ တွင်းငယ်တိုက်နယ်ဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာန၊ မြွေတလိုင်း တိုက်နယ်ဆေးရုံနှင့် မေတ္တာနန္ဒတိုက်နယ် ဆေးရုံတို့နှင့် ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့ရှိ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ရွှေကျင်မြို့၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံတို့၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊ N95 Mask  များ၊ Personal Protective Equipment (PPE)ဝတ်စုံများ၊  ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊ Ehamintion Glove များ၊ မျက်မှန်(Goggles)များ၊ Plus Oxymeter(Finger Tip) များ၊ Non Touch Thermometer များ၊ Non - Contact Infrared Thermometer များ၊ Portable X-ray Machine Suction  Machine  စက်များ၊ OT Cap များ၊ OT Gown များ၊ Digital B.P Cuff  များ၊ Face Shield များ၊ Hand Wash  များ၊ Hand Sanitizer များ၊ ပိုးသတ်ဆေးပုံးများ၊ Sodium Hypochloride များ၊Bleaching Powder  များ၊  နားကြပ်နှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ် ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများ အတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။  

Read 71 times Last modified on Tuesday, 02 June 2020 21:21