SJ WorldNews - шаблон joomla Авто

ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လေးဦးထပ်တိုး

Wednesday, 03 June 2020 07:58 font size decrease font size decrease font size increase font size increase font size

 နေပြည်တော်  ဇွန် 

 ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့နံနက် ၇ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက်၍ သတင်းထုတ်ပြန် ချက်များအရ ဓာတ်ခွဲအဖြေများ၌ COVID-19  ရောဂါပိုးတွေ့ လူနာသစ်လေးဦး ရှိကြောင်း   သိရသည်။

 အဆိုပါထုတ်ပြန်ချက်များတွင် (၁-၆-၂၀၂၀)ရက်အတွက်  COVID-19  ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်ရာတွင်  အမျိုးသား  ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) (NHL) မှ ဒုတိယ အသုတ်ဓာတ်ခွဲနမူနာ ၇၂၇ ခုအား  (၂-၆-၂၀၂၀)ရက် နံနက် အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။

 (၁-၆-၂၀၂၀)ရက်အတွက် COVID-19  ဓာတ်ခွဲစစ်ဆေးမှု များပြုလုပ်ရာတွင် ဆေးသုတေသန ဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၅၉ ခု နှင့်   အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ ၁၁၈၇ ခု စုစုပေါင်း ၁၂၄၆ ခုအား စစ်ဆေးခဲ့ပြီး (၂-၆-၂၀၂၀)ရက် နံနက် အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့သည်။

 (၂-၆-၂၀၂၀)ရက်အတွက် COVID-19  ဓာတ်ခွဲစစ်ဆေးရာတွင် ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၂၉ ခု နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ပထမ အသုတ်ဓာတ်ခွဲနမူနာ ၆၅၃ ခု စုစုပေါင်း ၇၈၂ ခုအား ယနေ့ ညနေတွင် စစ်ဆေးပြီးစီး ခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်လေးဦးတွေ့ရှိရသည်။

 (၂-၆-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ် ခွဲအတည်ပြုလူနာ ၂၃၂ ဦးရှိသည်။

 ဓာတ်ခွဲအတည်ပြုလူနာဟောင်း  (old confirmed case)များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ ရှိသူငါးဦး (Case-106, 128, 181, 185နှင့် 186 ) ရှိသဖြင့် (၂-၆-၂၀၂၀)ရက်အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၃ ဦး ရှိသည်။ ၎င်းတို့အနက် ၁၃၁ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသည်။

 ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦး ရှိသည်။

(၁-၆-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီ မှ (၂-၆-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ သစ် ၄၂ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Read 67 times Last modified on Wednesday, 03 June 2020 08:03