SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်ပတ်သက်သော စိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိ၊ AA နှင့် ARSA အကြမ်းဖက် အဖွဲ့များ ပူးပေါင်း၍ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများ ရုပ်လုံးပေါ်လာ

Wednesday, 03 June 2020 08:35 font size decrease font size decrease font size increase font size increase font size

 နေပြည်တော် ဇွန် ၂

 ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း AAအကြမ်းဖက် အဖွဲ့နှင့် ဆက်စပ် ပတ်သက်သည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ် ဖမ်းဆီးရမိပြီးနောက် စိစစ် ဖော်ထုတ်ချက်များအရ AAနှင့် ARSA အကြမ်းဖက်အဖွဲ့များပူးပေါင်း၍ တရား မဝင်မူးယစ် ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်မှု ဆောင်ရွက်ချက်များ ယခုအခါ ရုပ်လုံးပေါ်လာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏  သတင်း ထုတ်ပြန်ချက် အရ သိရသည်။

 သတင်းပေးချက်များအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့ သည် မေ ၃၁ ရက် နံနက် ၉ နာရီခွဲခန့် တွင် မောင်တောမြို့နယ် ကန်သာယာ ကျေးရွာရှိ ရွှေသိန်း(အသက် ၃၁ နှစ်) ၏နေအိမ်အား    ဝင်ရောက်ရှာဖွေရာ  နေအိမ်ကား ဂိုဒေါင် အတွင်း ရပ်ထားသည့် FORLAND အမျိုးအစားယာဉ်အမှတ် YGN 9P-5603 (ယာဉ်လိုင်စင်စိစစ်ဆဲ) ပေါ်တွင်တင်ဆောင်ထားသည့် ဆာလာ အိတ် ၁၈ အိတ်အတွင်းမ WY/R စာတန်းပါ လိမေ်္မာ်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၃၇၅၀၀ (၎င်းဒေသ တန်ဖိုးငွေ ကျပ်သိန်း ၄၈၇၅၀) နှင့် နေအိမ်မှ PAA-912 နံပါတ် ပါ AUSTRIA နိုင်ငံထုတ် Glock ပစ်္စတို သေနတ်တစ်လက်၊ ၎င်းကျည် ၅ တောင့်၊ မြန်မာငွေကျပ် ၄၉ သိန်း၊ မော်တော်ဆိုင် ကယ်တစ်စီးနှင့် Hijet အမျိုးအစားယာဉ် အမှတ် YGN 1G-9180 မော်တော် ယာဉ် တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ)တို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း။

 ၎င်းနေအိမ်တွင် ရွှေသိန်းမှာ ကြိုတင် တိမ်းရှောင်သွားပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဦးမစိန် (အသက် ၃၀)နှင့် ဆက်စပ် ပတ်သက်သူ ၅ ဦးတို့အား တွေ့ရှိဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ကနဦးစစ်ဆေးပေါ် ပေါက်ချက်များအရ ရွှေသိန်းသည် AA အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ၎င်းရွာတွင် ရွာသားအသွင် နေထိုင်၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်း၊ လူသစ် စုဆောင်းခြင်း တာဝန်ခံအဖြစ် ဆောင်ရွက်ကြောင်း၊ သိမ်းဆည်းရမိသည့်သေနတ်မှာ AA အကြမ်းဖက်အဖွဲ့မှ ထုတ်ပေးထားသည့် သေနတ်ဖြစ် ကြောင်း၊ ဖမ်းဆီးရမိသူ ရခိုင်တိုင်းရင်းသား ၅ ဦးအနက် ၂ ဦးမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု တွင် ရွှေသိန်းနှင့် အတူ ကိုယ်တိုင်ပါဝင် ပတ်သက်သူဖြစ်ပြီး ကျန် ၃ ဦးမှာ ရသေ့တောင်မြို့နယ် ပေါက်တောပြင်ကျေးရွာ ဇာတိများ ဖြစ်ကာ AA အကြမ်း ဖက် သင်တန်း တက်ရောက်ရန်  ရွှေသိန်းက လူသစ်စုဆောင်းထားပြီး ၎င်း၏နေအိမ်တွင်  ခေတ္တ ခေါ်ထားသူများ ဖြစ် ကြောင်း၊ ရွှေသိန်း ၏နေအိမ်တွင် နေထိုင်စဉ် ရွှေသိန်းစေခိုင်းသည့်  မူးယစ်ဆေးဝါး သယ်ဆောင်မှု ကိစ္စများကို ဆောင်ရွက် ပေးရကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

 ယခု မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် ကန်သာယာကျေးရွာသည် ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး အနီး ဝန်းကျင်ရှိ ကျေးရွာများမှာလည်း ရခိုင် တိုင်းရင်းသား အများစုနှင့် မြိုတိုင်းရင်းသား များနေထိုင်ရာ ကျေးရွာများဖြစ်ကြောင်း၊   အငူမော်-မောင်တော ကားလမ်းတစ်လျှောက် သည် အငူမော်မှမောင်တောအထိ ရခိုင် တိုင်းရင်းသား ကျေးရွာများပင်ဖြစ်ကြောင်း၊ AA အကြမ်းဖက် အဖွဲ့သည် ဘူးသီးတောင် မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြား မေယုမြစ်အရှေ့ဘက်ကမ်းရှိ ရသေ့တောင်- ဘူးသီးတောင် ကားလမ်းနှင့်  မေယု မြစ်ကြောင်းကို ထိန်းချုပ်ထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေမှတစ်ဆင့်  မူးယစ် ဆေးဝါးများကို လူဖြင့် လည်းကောင်း၊  စက်လှေ၊ မော်တော်ယာဉ်တို့ဖြင့်လည်းကောင်း အဆင့်ဆင့် သယ်ဆောင်ကာ  မောင်တော မြို့ ပေါ်နှင့် မောင်တော တောင်ဘက်ခြမ်းသို့ ပို့ဆောင်ကြောင်း။

 မောင်တောမြို့တောင်ဘက်ခြမ်းနယ်မြေ၌ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိအမှုပေါင်း ၁၃ မှုနှင့် ဖမ်းဆီး ရမိပမာ ဏမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉၅၀၃၇၉ ပြားရှိကြောင်း၊ ဖမ်းဆီးရမိ ပါဝင်ပတ်သက်သူ တရားခံများမှာ ဖမ်းမိ တရားခံ ၁၇ ဦး၊ ပြန်လည်ခုခံတိုက်ခိုက် သဖြင့် ပစ်ခတ်အသေ ဖမ်းဆီးရမိသူ ၁ဦးနှင့် တရားခံပြေး ၆ ဦးတို့ဖြစ်ကြောင်း၊ မောင်တောမြို့မှ တစ်ဆင့် မောင်တော မြောက်ဘက်ခြမ်းနယ်မြေအား ဖြတ်သန်းပြီး တစ်ဖက်နိုင်ငံ နယ်စပ်သို့ မူးယစ်ဆေးဝါး ဆက်လက်ပို့ဆောင် သူများမှာ ARSA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများဖြစ်ကြောင်း။

 ၂၀၁၉ ခုနှစ်ကုန်ပိုင်း မောင်တောမြို့ ပေါ်တွင် ဖမ်းဆီးရမိသူ မြင့်စိုးက မော်တော် ယာဉ်ဖြင့်သယ်ဆောင်လာပြီး မောင်တောမြို့ မြို့မ ကညင်တန်း(အလယ်)ကျေးရွာနေ ဇော်ဝင်း(ခ)နော်ဘီမုလ်ဂျူဟာရ် ထံသို့ လာရောက်ပို့ဆောင်သည့် WY/R စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈၇၇၅၀၀၀ ကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိမှုမှ လက်ခံမည့်သူ ဇော်ဝင်း(ခ) နော်ဘီ မုလ်ဂျူဟာရ်မှာ တရားခံပြေးဖြစ် နေပြီး မေ ၃၀ ရက်တွင် ၎င်း၏နေအိမ် အား အတည်ပြုစိစစ်ရှာဖွေရာ နေအိမ် မြေအောက်ခန်း အတွင်းမှ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၇၀၉၀၇၀၀ နှင့်အတူ ဖခင်ဖြစ်သူ ဂျူဟာရ် ဟူဆိန်းနှင့် ဇနီးဖြစ်သူ မရေခါ ယာဒ်ဖာတေမာ တို့ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့် မူးယစ်ဆေးဝါးအရေအတွက် များပြားသော ဖော်ထုတ်ရရှိမှု အပါအဝင် မောင်တောမြို့မြောက်ဘက်ခြမ်း နယ်မြေ အတွင်း မူးယစ်ဆေးဝါးဖ မ်းဆီးရမိအမှုပေါင်း ၃၉ မှုနှင့် ဖမ်းဆီးရမိပမာဏမှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၂၆၆၅၇ ပြား ရှိကြောင်း။

 ဖမ်းဆီးရမိ ပါဝင်ပတ်သက်သူ တရားခံ များမှာ ဖမ်းမိတရားခံ ၄၅ ဦး၊ ပြန်လည် ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်အသေဖမ်းဆီး ရမိသူ ၄ ဦးနှင့် တရားခံပြေး ၆ ဦးတို့ဖြစ်ကြောင်း၊ တွေ့ရှိဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့် စိစစ်ဖော်ထုတ်ချက်များအရ AA အကြမ်း ဖက်အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့ တို့သည် ချိတ်ဆက်ပူးပေါင်း၍ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုမှ ရရှိသော အကျိုးအမြတ်များဖြင့် ၎င်းတို့ အဖွဲ့ရပ်တည်ရေးနှင့် တရားမဝင် လက်နက် ခဲယမ်းများ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပြီး  ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားရေးအတွက် လက်နက်စွဲကိုင် အကြမ်းဖက်ဆောင်ရွက်မှုများ  တွေ့ရှိရ ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Read 85 times Last modified on Wednesday, 03 June 2020 22:37