SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Wednesday, 03 June 2020 23:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၃

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေး ဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေ ချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက် ရှိသည်။

ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ဘောဂထအထက်ကျေးရွာ၊ ထိန်ပြောင်ကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာ၊ ဟေမန်ကျေးရွာနှင့် ဇီးကုန်းကျေးရွာများရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲများ၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ သဟဲနှင့် မိုးလိုကျေးလက် ကျန်းမာရေး ဌာနနှင့် ဆဒုံးတိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်နှင့် နောင်ချိုပြည်သူ့ ဆေးရုံများ၊ မုံးပေါ်နှင့် မန်ပန်တိုက်နယ် ဆေးရုံများ၊ ဇယန်းကြီးနှင့် ကွမ်ဟယ်ကျေးလက် ကျန်းမာရေး ဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၊ ကျောက်တန်းနှင့် မိုင်းပျဉ်းတိုက်နယ်ဆေးရုံ၊ ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ပြည်သူ့ဆေးရုံ၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်နယ်ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ မယ်စဲ့မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် လိုဘာခိုတိုက်နယ် ဆေးရုံတို့၌ လည်းကောင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အထွေထွေရောဂါကုဆေးရုံ၊ ပင်လုံမြို့၊ မိုင်းပန်မြို့၊ ကျိုင်းတောင်းမြို့၊ လဲချားမြို့၊ မိုင်းကိုင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပန်ပိကျေးရွာ၊ လင်းခေးမြို့၊ဒါးစိတ်ကျေးရွာနှင့် ပုန်းထွန်ကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနများ၌လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းပြည်သူ့ဆေးရုံ၊ မိုင်းယုမြို့နယ်ခွဲ တိုက်နယ်ဆေးရုံ၊တာချီလိတ်မြို့၊ ကျိုင်းလပ်တိုက်နယ်ဆေးရုံ၊ မိုင်းပါလျှိုးနယ်စပ် ဆေးပေးခန်း၊ မိုင်းခတ်မြို့နယ်၊ မိုင်းဟန်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် မိုင်းညှင်းတိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံနှင့် မော်လမြိုင်မြို့နယ်၊ ဖားအောက်တိုက်နယ်ဆေးရုံ၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်တိုက်နယ်ဆေးရုံ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်တံခွန်တိုင် တိုက်နယ်ဆေးရုံနှင့် လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်တိုက်နယ်ဆေးရုံ တို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ ပြည်သူ့ဆေးရုံနှင့် ကျိုက်ပိတိုက်နယ်ဆေးရုံ တို့၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြောင်မြို့နယ်တို့ရှိပြည်သူ့ဆေးရုံများ၊ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး၊ မုံရွာတက္ကသိုလ်၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှစံပြကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၊ မင်းကွန်း တိုက်နယ်ပြည်သူ့ဆေးရုံ၊ ပဒူတိုက်နယ်ဆေးရုံနှင့် အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာ တိုက်နယ်ပြည်သူ့ ဆေးရုံတို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး၊ ဝက်ဝံ၊ ပြင်စာ၊ ဆင်ဖြူအင်း၊ ဟိုလိပ်၊ ညောင်ကုန်း၊ ရွှေသင်း၊ အောင်ချမ်းသာတို့ရှိ တိုက်နယ်ဆေးရုံများနှင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်နှင့် ကံမပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ ကျေးလက် ကျန်းမာရေးဌာန၊ ပြည်မြို့နယ်၊ ဝက်ထီးကန် တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနတို့၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊ N95 Mask များ၊ Personal Protective Equipment (PPE)  ဝတ်စုံများ၊  ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)များ၊ Ehamintion Glove များ၊ မျက်မှန်(Goggles) များ၊ Plus Oxymeter(Finger Tip) များ၊  Non Touch Thermometer  များ၊ Non - Contact Infrared Thermometer များ၊ Suction  Machine  ၊ OT Cap  များ၊OT Gown များ၊Digital B.P Cuff  များ၊ Face Shield များ၊ Hand Wash  များ၊  Hand Sanitizer များ၊ ပိုးသတ်ဆေးပုံးများ၊ Sodium Hypochloride များ၊Bleaching Powder များ၊ နားကြပ်နှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

 

 

 

 

 

 

 

Read 89 times Last modified on Wednesday, 03 June 2020 23:31