SJ WorldNews - шаблон joomla Авто

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမား များ ထိတွေ့မှု ဖြစ်ပွား

Thursday, 04 June 2020 21:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန်လ - ၄

 ရခိုင်ပြည်နယ်အတွင်း တရား ဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး တို့အတွက် ရခိုင်ပြည်နယ် အတွင်းနှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် မျဉ်းတစ် လျှောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေး လုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။
 
ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ယနေ့ ညနေ ၄ နာရီ ခွဲခန့်တွင် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြားသို့ အရောက်၌ မီးဒိုက် ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက်သို့ ထွက်ခွာလာသည့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၂၅ ဦးခန့် နှင့် ညနေ ၅ နာရီအထိ  အပြန်အလှန် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် အရှေ့ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

 

ဖြစ်စဉ်တွင် ARSAအစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများထံမှ ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း ၂ လောင်းကို ၎င်းတို့ ကိုင်ဆောင်သည့် သေနတ် ၂ လက်၊  ခဲယမ်းဆက်စပ် ပစ္စည်းများ နှင့်အတူ သိမ်းဆည်း ရမိခဲ့ပြီး မိမိဘက်မှ ရဲတပ်ဖွဲ့ဝင် အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

Read 108 times Last modified on Thursday, 04 June 2020 21:15