SJ WorldNews - шаблон joomla Авто

ယနေ့ဓာတ်ခွဲ အဖြေများတွင်  COVID-19 ရောဂါပိုး တွေ့ရှိသူ သုံးဦးထပ်တိုး

Friday, 05 June 2020 08:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန် 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီ တို့တွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှု မှုနှင့် ပတ်သက်၍ သတင်းထုတ် ပြန်ချက်များအရ   ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုးတွေ့လူနာသစ် သုံးဦးရှိကြောင်း သိရသည်။

အဆိုပါ  ထုတ်ပြန်ချက်များအရ (၃-၆-၂ဝ၂ဝ)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင်    အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်)  (NHL) မှ  ဒုတိယအသုတ်  ဓာတ်ခွဲ နမူနာ ၆၈၄ ခုအား (၄-၆-၂ဝ၂ဝ)ရက်  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် တစ်ဦးတွေ့ရှိ ခဲ့သည်။

(၃-၆-၂ဝ၂ဝ)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၂၃ ခု၊ အမျိုး သား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ  ဌာန(ရန်ကုန်) (NHL) မှ  ဓာတ်ခွဲနမူနာ ၁၃၃၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာ ဌာန(မန္တလေး) (PHL-Mdy) မှ ဓာတ်ခွဲနမူနာ  ၂၇၈ ခုနှင့်  ရန်ကုန်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ခုတင်- ၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၆၅ ခု၊ စုစုပေါင်း  ၁၉ဝ၅ ခုအား စစ်ဆေးခဲ့ပြီး (၄-၆-၂ဝ၂ဝ) ရက် နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေး မှုများပြီး စီးခဲ့သည်။

(၄-၆-၂ဝ၂ဝ)ရက်အတွက် COVID-19 ဓာတ်ခွဲ စစ်ဆေးရာတွင် ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁ဝ၇ ခု၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်(NHL) မှ ပထမအသုတ် ဓာတ်ခွဲ နမူနာ ၇၄၂ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) (PHL-Mdy) မှ ဓာတ်ခွဲနမူနာ ၂၄၄ ခုနှင့် ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်)၊ (PHL-Mlm) မှဓာတ်ခွဲန မူနာ ၉၃ ခု၊ စုစု ပေါင်း ၁၁၈၆ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် နှစ်ဦးတွေ့ရှိ ရသည်။

(၄-၆-၂ဝ၂ဝ) ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၃၆ ဦးရှိသည်။ ဓာတ်ခွဲ အတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ ရှိသူ သုံးဦး (Case-194 ၊ 195 နှင့် 196 ) ရှိသဖြင့် (၄-၆-၂ဝ၂ဝ)ရက်အထိ ရောဂါ ပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၈ ဦးရှိ သည်။ ၎င်းတို့အနက် ၁၃၄ ဦးအား ဆေးရုံ မှဆင်းခွင့်ပြု ခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှု လျက်ရှိသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။

(၃-၆-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီ မှ (၄-၆-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီ အတွင်း တွေ့ရှိရသောစောင့်ကြည့်လူနာ အသစ် ၅၁ ဦးရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Read 75 times Last modified on Friday, 05 June 2020 08:53