SJ WorldNews - шаблон joomla Авто

COVID-19ရောဂါဖြစ်ပွားမှုကြောင့် နေရပ်သို့ပြန်လည် ထွက်ခွာရန် အခက်အခဲရှိနေသည့် နီပေါနိုင်ငံသားများကို တပ်မတော်လေယာဉ်ဖြင့် နီပေါနိုင်ငံသို့ ပို့ဆောင်၊ အထောက်အကူပြု ဆေးပစ္စည်းများ ပေးအပ်လှူဒါန်း

Friday, 05 June 2020 11:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၅

မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာရန် အခက်အခဲရှိနေသည့် နီပေါနိုင်ငံသား သံဃာတော် ၂ ပါးနှင့် သီလရှင် ၁ ပါးတို့ အပါအဝင် ၂၆ ဦးကို တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။ အဆိုပါလေယာဉ်နှင့်အတူ နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ ဝန်ထမ်းများနှင့် နီပေါပြည်သူများအတွက် တပ်မတော်က လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများ ပါရှိသွားကြောင်း သိရှိရပြီး ဆေးပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေး အပ်လှူဒါန်း သွားမည်ဖြစ်ကြောင်းနှင့် နီပေါနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲဖြစ်နေသူများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

 

 

 

Read 75 times Last modified on Friday, 05 June 2020 22:08