SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများနှင့် နယ်မြေခံ သင်တန်းကျောင်းတို့၌ ဆက်လက်လက်ခံ

Saturday, 06 June 2020 22:34 font size decrease font size decrease font size increase font size increase font size
နေပြည်တော်၊ ဇွန် - ၆

Coronavirus Disease 2019 (COVID-19)   ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခို ရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများသို့ ထပ်မံရောက်ရှိလာသူ မရှိကြောင်း သိရှိရသည်။

စောင့်ကြပ်ကြည့်ရှုထားသူများ အနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၄ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှ ၆၈ ဦးတို့ကို ယနေ့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှု ရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19  ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်က စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ စောင့်ကြပ်ကြည့်ရှုရမည့် အမျိုးသား ၁ ဦးအား အစာအိမ်ရောဂါဖြင့် သက်ဆိုင်ရာဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၇၅၆ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၁၈၁ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။

ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်း၌ COVID-19  ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူ ၈၉ ဦး၊ သံဖြူဇရပ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ၄၉၅ ဦး လက်ခံထားရှိပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ ၎င်းတို့နေထိုင် စားသောက်မှု ဆိုင်ရာများအား တိုင်းစစ်ဌာနချုပ်မှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

 ၎င်းပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ ၉၂ ဦးလက်ခံထားရှိပြီး ၎င်းတို့အား စောင့်ကြပ်ကြည့်ရှုခြင်း၊ တို့ဖတ် နမူနာများ ရယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး  COVID-19  ရောဂါပိုးမတွေ့ရှိ(မတွေ့ရှိ) ရကြောင်း သိရှိရသဖြင့် ယနေ့တွင် တာဝန်ရှိသူများက သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

 

Read 74 times Last modified on Saturday, 06 June 2020 22:36