SJ WorldNews - шаблон joomla Авто

COVID-19 အချက်အလက်များ သိရှိနိုင်မည့် MICare Application ကို အသုံးပြုနိုင်

Monday, 29 June 2020 10:40 font size decrease font size decrease font size increase font size increase font size

Coronavirus Disease (COVID-19) ရောဂါအား ကာကွယ်တားဆီးနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံတိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိကြပါသည်။ တပ်မတော် အနေဖြင့်လည်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများအား ထိန်းချုပ်နိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ COVID-19 ရောဂါအား ထိန်းချုပ်နေသည့် ကာလအတွင်း ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်မည့် MICare Application ကို အသုံးပြုနိုင်ရန် ဖြန့်ဝေသွားမည်ဖြစ်ပါသည်။ MICare App ကို အသုံးပြုသူခြင်းဖြင့် COVID-19  ရောဂါနှင့် ပတ်သက်၍ အောက်ပါ အချက်အလက် များအား နေ့စဉ် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်သည်။

-   မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှုစာရင်း။

-  ကမ္ဘာလုံးဆိုင်ရာ  ရောဂါဖြစ်ပွားမှုစာရင်း။

-  ဆောင်ရန်/ရှောင်ရန်  နှင့် ကာကွယ်နိုင်ရန် နည်းလမ်းများ။

-   ကျန်းမာရေးအသိပညာပေး အကြောင်းအရာများ။

-  တပ်မတော်မှ ကူညီဆောင်ရွက်နေသည့် အခြေအနေများ။

Download ရယူရန်:

 ARM64:

 https://drive.google.com/file/d/1h7bx-26WLnaT2m3wr105leN6wx-M1D2q/view?usp=sharing

 x86:

 https://drive.google.com/file/d/1w9QQcFTSIx9_eLNdHWwbUr2AFIMSSZRJ/view?usp=sharing

 

Read 48 times Last modified on Monday, 29 June 2020 10:41