SJ WorldNews - шаблон joomla Авто

ဂူတာပြင်ဖြစ်စဉ် အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ် ချမှတ်ချက်များ အတည်ပြု

Tuesday, 30 June 2020 07:51 font size decrease font size decrease font size increase font size increase font size

ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့်စပ်လျဉ်းသည့် စစ်တရားရုံး (Court-Martial) သည် သက်သေစုံလင်စွာဖြင့် စစ်ဆေး မှုများ ပြုလုပ်ခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ ၃ဝ ရက်နေ့တွင် စစ်ဆေးမှုများ ပြီးစီးခဲ့ကြောင်း၊ စစ်တရားရုံး (Court-Martial) ၏ စစ်ဆေး စီရင်မှုများအား သက်ဆိုင်ရာအတည်ပြု အာဏာပိုင်၏ ပြစ်ဒဏ် အတည်ပြု ချက် ရရှိပါက ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင် ကျေးရွာ ဖြစ်စဉ်များကို စုံစမ်း စစ်ဆေးရေး ခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေး ဆောင်ရွက်မှုများ ဆက်လက် ပြုလုပ် သွားမည်ဖြစ်ကြောင်း ၂ဝ၂ဝ ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

ယခုအခါ ဂူတာပြင် ကျေးရွာဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး (Court-Martial) က အရာရှိကြီးတစ်ဦး၊ အရာရှိ တစ်ဦးနှင့် အခြားအဆင့် စစ်သည်တစ်ဦး တို့အပေါ် သက်ဆိုင်ရာ စွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ် ချက်နှင့်  ပြစ်ဒဏ် ချမှတ်ချက် တို့ကို သက်ဆိုင်ရာ အတည်ပြု အာဏာပိုင်က အတည်ပြုပြီးဖြစ်ကြောင်း၊ မောင်နု ကျေးရွာနှင့် ချွတ်ပြင် ကျေးရွာဖြစ်စဉ်များကို စုံစမ်း စစ်ဆေးရေးခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေး ဆောင်ရွက် မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

 

Read 41 times Last modified on Tuesday, 30 June 2020 07:57