SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Russia Today)(RT) သတင်း ဌာနနှင့် Red Star Newspaper  တို့အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား(အပိုင်း-၁)

Tuesday, 30 June 2020 08:52 font size decrease font size decrease font size increase font size increase font size

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army   General   Sergei   Kuzhugetovich  Shoigu ၏ဖိတ်ကြားချက်အရ  ရုရှား နိုင်ငံတွင် ကျင်းပပြု လုပ်သည့် Victory Day of  Great  Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း (Russia Today) (RT) သတင်းဌာနနှင့် Red Star Newspaper တို့နှင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့သည်။ အဆိုပါ သတင်းဌာနများ၏ မေးမြန်း ချက်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြန်လည် ရှင်းလင်း ဖြေကြား ချက်များကို ဖော်ပြလိုက်ရပါသည်-

(Russia Today)(RT) သတင်းဌာနနှင့် တွေ့ဆုံ

သတင်းဌာနမှမေး။  တွေ့ရတာ ဝမ်းသာပါ တယ်ရှင့်၊ ကျွန်မကတော့  RT သတင်းဌာနရဲ့  သတင်းထောက်ဖြစ် ပါတယ်။   လက်ရှိ မော်စကိုမှာတော့ ရာသီဥတု အရမ်းကောင်း ပါတယ်။  အခုလက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ COVID-19 ကပ်ရောဂါနှင့် ပတ်သက်ပြီးတော့   မြန်မာနိုင်ငံမှာလည်း တပ်မတော်က ပြည်သူနဲ့ အစိုးရကို များစွာ အကူအညီ၊ အထောက်အပံ့ တွေပေးနေ တယ်ဆိုတာသိရပါတယ်။ ဒီထောက်ပံ့မှု တွေထဲမှာမှ တပ်မတော်သား တွေရဲ့ လုပ်အား၊ လစာ၊ ငွေရေး/ကြေးရေး ထောက်ပံ့ မှုတွေပြုလုပ်တယ်ဆိုတာ အကြမ်းဖျင်း ကြားသိထား ရပါတယ်။ ဒီလိုမျိုး ဆောင်ရွက် မှုတွေနဲ့ ပတ်သက်ပြီးတော့   အသေးစိတ် အချက်အလက်လေးတွေကို   သိလိုပါ တယ်။

ဗိုလ်ချုပ်မှူးကြီး။ ဒီရောဂါကာကွယ်ရေးနဲ့ ကုသရေးအပိုင်းမှာတော့ နိုင်ငံတော်အတွက် လိုအပ်ချက်တွေ      အများကြီးရှိ ပါတယ်။ လိုအပ်ချက်တွေ အများကြီးရှိတော့ ဒါကို တပ်မတော်ကနေ ကူညီပေးတာပါ။ တကယ် တော့ဒီ COVID မတိုင်မီ မြန်မာနိုင်ငံသူ/ နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက် ပြီး တပ်မတော်က စောင့် ရှောက် ပေးခဲ့ တာ နှစ်ပေါင်းများစွာရှိခဲ့ပါပြီ၊ COVID-19 နဲ့ ကတော့ စိန်ခေါ်မှု အင်မတန်ကြီးမားပါတယ်။ အခုဆို ၉ သန်းတောင် ကျော်သွားပြီ၊ ၉၃၃ဝဝဝဝ ကျော်သွားပြီ၊ သေတာလည်း အများကြီး သေတယ်။ မြန်မာနိုင်ငံ မှာတော့ ကံကောင်းစွာနဲ့ပဲ ပြောရမလား   လူပေါင်း ၂၉ဝ ကျော်လောက်ပဲ   ကူးစက်ခံခဲ့ရပြီး သို့သော်လည်း ကမ္ဘာမှာ ဖြစ် နေတဲ့ ဒီ COVID ရောဂါဟာ မြန်မာနိုင်ငံမှာ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော် တို့  မပြော နိုင်ပါဘူး။ ဒါကြောင့် တပ်မတော်ကလည်း ကာကွယ်၊ ကုသမှု အကူအညီတွေ ဆောင်ရွက်ပေးတာပါ၊ တပ်မတော်ရဲ့ ခံယူ ချက်ကဘာလဲ၊ တပ်မတော်ကတော့ ပြည်သူရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ၊ တပ်မတော်သား တွေကလည်း ပြည်သူရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ၊ ထို့အတူ တပ်မတော်ကလည်း  တိုင်းပြည်ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ၊ အဲ့ဒီ တော့ တိုင်းပြည်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်သလို ပြည်သူရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တော့ ပြည်သူရဲ့ အသက်အိုးအိမ်၊ စည်းစိမ် ကာကွယ်ဖို့အတွက် တပ်မတော်က ဒီလိုပဲ လုပ်ရတာပါ။ အဲ့ဒီအချိန်မှာ ဒီရောဂါ ကြောင့် ပြည်သူ တွေရဲ့ ကျန်းမာရေး ထိခိုက်နိုင်မယ် ဆိုရင် ရှေ့ဆက်မယ့် လုပ်ငန်းတာဝန်တွေ အများကြီး ထိခိုက် သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကူညီပေးတာပါ၊ ကူညီပေးတဲ့ နေရာမှာလည်း နှစ်လရှိပြီ ပေါ့၊ ဧပြီလ ကနေ မေလအထိ  ကူညီခဲ့တာပေါ့၊  မြန်မာငွေ အနေနဲ့ ဆိုရင်တော့  ၂.၄၅  ဘီလီယံရှိပြီ ပေါ့၊ အမေရိကန်ဒေါ်လာ  ၂သန်းနီးပါး လောက်ရှိပြီ  ကျွန်တော်တို့ ကူညီပေးခဲ့တာ ပေါ့၊ ကာကွယ်ရေး ပစ္စည်းတွေ ဝယ် ပေး တာ ရှိတယ်။ ဆေးဝါးပစ္စည်းတွေ ဝယ်ပေးတာ ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူ့ ဆေးရုံတွေအထိ ရောက်အောင် လုပ်ပေးပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံတော် တော်များများ  ၉၅ရာခိုင် နှုန်းကျော်ကို တပ်မတော် အနေနဲ့  ကူညီထောက်ပံ့ ပေးခဲ့ ပါတယ်။ ဒီလိုပဲ နောက်ကိုလည်း ဆက်လက် ကူညီပေးသွား မှာဖြစ်ပါတယ်။ တပ်မတော်က ပြည်သူရဲ့ အစိတ်အပိုင်းဖြစ်တယ်။ တပ်မ တော်ကလည်း ပြည်သူရဲ့ အသက် အိုးအိမ်၊ စည်းစိမ်ကို  ကာကွယ် စောင့်ရှောက်ပေးရ မယ့်တာဝန်ရှိတဲ့အတွက် ဒါကို ကျွန်တော်တို့ အသိစိတ် ရှိရှိ၊ တာဝန် သိသိနဲ့ ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်လို့ ပြော လိုပါတယ်။

သတင်းဌာနမှမေး။ ဒီလိုမျိုးဆောင်ရွက်မှု တွေကို  ကမ္ဘာပေါ်မှာ  တခြားဘယ်နိုင်ငံ မှာမှ မတွေ့ခဲ့ဖူးပါဘူး။ အရမ်း ကို ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဒီလိုမျိုးဆောင်ရွက်မှုတွေ ကြောင့် နောက်ထပ်ဖျားနာသူတွေ ရောဂါ ကူးစက်မှု     အများကြီး ဖြစ်မလာဖို့လည်း ဆုတောင်းပေးပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ ဒီလိုဆောင် ရွက်ပေးမှုကြောင့် အများကြီး အထောက် အကူရပါတယ်။ အထူး သဖြင့် ကျွန်တော် တို့ကတော့ ကာကွယ်မှုအပိုင်းတွေဆောင်ရွက်ပေးတယ်။ ပိုးသတ်ဆေးများ ဖျန်းပေးတယ်။ နောက်ထပ် လိုတဲ့ ဆေးဝါးပစ္စည်း တွေလုပ်ပေးတယ်။ ပညာပေး ဟောပြောမှု တွေလုပ်ပေးတယ်။ ဒါတွေကတော့ ကြိုတင် ကာကွယ်မှု လုပ်ပေးတာဖြစ်တယ်။ ကုသရေး အပိုင်းကတော့  ကျန်းမာရေး ဝန်ထမ်းတွေ လုပ်လိမ့်မယ်။  ကျန်းမာရေး ဝန်ထမ်းတွေ မနိုင်တဲ့အခါမှ ဆေးဝန်ထမ်း တပ်ဖွဲ့တွေက ကူညီပေးမယ်။ အဓိကကတော့ ပြည်သူတွေ ကြိုတင် ကာကွယ်မှု လုပ်ဖို့ရာ ဆောင်ရွက် ပေးခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဆောင် ရွက်မှုကြောင့် နိုင်ငံခြားမှ ပြန်လာတဲ့လူတွေ၊ ပြည်ပမှပြန်လာတဲ့ လူတွေကို ကျွန်တော်တို့ Quarantine ဝင်ခိုင်း ရတာရှိတယ်။ သံသယ ဖြစ်တဲ့သူတွေထားတဲ့နေရာ ရှိပါတယ်။ အဲဒီ မှာ ကျွန်တော်တို့ တပ်မတော်ရဲ့ စခန်းတွေမှာ တည်းခိုခွင့် ပေးထားတယ်။ ထမင်းကျွေး ပေးထားတယ်။ အကုန်လုံး ကောင်းကောင်း မွန်မွန်စားရသောက် ရအောင် လုပ်ပေး တယ်။  လိုအပ်လို့ရှိရင် ဆေးဝါး ကုသမှုပါလုပ်ပေး ပါတယ်။ နောက်ရှိသေးတယ်ဗျ။ နောက် တစ်ခုက အသွား အလာတွေ မရှိတဲ့အခါကျတော့ ကမ္ဘာအနှံ့ အသွားအလာမရှိတော့ တခြားနိုင်ငံတွေမှာ  အကြောင်း အမျိုးမျိုး  ကြောင့်  မြန်မာနိုင်ငံကို  ပြန်မလာနိုင်တဲ့ မြန်မာနိုင်ငံသားတွေရှိတယ်။  ဒီလူတွေကို ကျွန်တော်တို့   တပ်မတော် လေယာဉ်တွေ လွှတ်ပြီး ပြန်ခေါ်ပေးခဲ့တာရှိတယ်။ ဥပမာ အနေနဲ့ နီပေါမှာရှိတဲ့ မြန်မာနိုင်ငံ သားတွေ ကို ကျွန်တော်တို့ ပြန်ခေါ် ပေးခဲ့တာရှိတယ်။ နောက်အိန္ဒိယမှာရှိတဲ့ မြန်မာနိုင်ငံက ရောက်နေ သူတွေကို  သီတဂူ ဆရာတော် ဘုရားကြီးရဲ့  ဦးဆောင်မှုနဲ့  ဒီလူတွေကို ပြန်လာနိုင်အောင် ကျွန်တော်တို့ ကူညီဆောင် ရွက်ပေး ခဲ့တယ်။ ကျွန်တော်တို့ မနေ့ကလာ တဲ့အချိန်မှာ မြန်မာနိုင်ငံမှာရောက်နေတဲ့ ရုရှား နိုင်ငံသား ၁၉ယောက် ခေါ်လာခဲ့တယ်။ ကျွန်တော် ပြန်သွားရင်လည်း မြန်မာ နိုင်ငံကိုပြန်ဖို့အတွက် ဒီမှာ ရှိနေတဲ့ မြန်မာ နိုင်ငံသား ၂၁ ယောက်ကို ကျွန်တော်ပြန် ခေါ်သွားပါမယ်။  ဒါလည်း လူသားချင်း စာနာ ထောက်ထားမှုပေါ့။

သတင်းဌာနမှမေး။  ကျွန်တော်တို့ ဒီပထဝီ နိုင်ငံရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ တည်နေရာ အနေအထားဟာ အနောက် နိုင်ငံတွေရဲ့ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ပါဝင်စားမှု ခံနေရတဲ့အထဲမှာ ပါနေ ပါတယ်။ အဓိက ကတော့ တရုတ်နိုင်ငံရဲ့ ပင်လယ်ပြင်ထွက်ပေါက် လမ်းကြောင်းကို ပေးနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့ အတွက်  အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး အပေါ် ဝင်ရောက်စွက်ဖက်လာမှု အပေါ်မှာ  ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဘယ်လို မျိုး သဘောထားပါသလဲ။     စိုးရိမ်ပူပန်စိတ်များ ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး။ မြန်မာနိုင်ငံက မဟာဗျူ ဟာအရ  အရေးပါတဲ့နေရာမှာ တည်ရှိ တယ်။ ဒါကလည်း  ကျွန်တော် တို့ရဲ့ ကုသိုလ် ကံလို့ပဲပြောရမယ်။  ဒါက  ကျွန်တော်တို့ သုံးတတ်လို့ရှိရင် အခွင့်အရေး တစ်ခုတော့ ရနိုင်တယ်။  ဒါပေမဲ့လည်း  သတိထားရမယ့်/ သတိပြုရမယ့် အကြောင်းတွေလည်း အများကြီးရှိတယ်။ ချဉ်းကပ်မှုတွေဖြစ်လာ နိုင်တာလည်း  အများကြီးရှိတယ်။  ဒါက ကျွန်တော်တို့ ရုရှားအပါအဝင် မိတ်ဆွေ နိုင်ငံတွေရဲ့ ပူးပေါင်း ဆောင်ရွက် မှုနဲ့ သတိ ပြုရမယ့်အချက်တွေကို ကျော်လွှားပြီးတော့မှ  အခွင့်အရေးကိုရအောင်၊  ဒီ Opportunity ကို ကျွန်တော်တို့ရအောင် အသုံးချ နိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အများကြီး အကျိုးရှိတယ်။ ကောင်းတဲ့ ဘက်ကို ဘယ်လို ချဉ်းကပ်မလဲ ဆိုတာကို ရအောင် အရင်ယူရမယ်။   အဲဒီတော့  ကျွန်တော်ကတော့ စိတ်ပူတယ် ဆိုတာ ခြိမ်းခြောက်မှုတွေကို ကျော်လွှားနိုင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ရဖို့ကိုပဲ စိတ်ပါတယ်။ အခွင့်အလမ်းတွေ ရမယ်ဆိုရင် ကျွန်တော်တို့ ဒါကို ကျော်လွှားပြီးတော့မှ စောစောကပြောတဲ့   အခွင့် အရေးတွေကို အသုံးချလို့ရမှာဖြစ်တယ်။  ကျွန်တော်က အဲဒီဘက်ကို ပိုပြီးတော့မျှော်လင့်ပါတယ်။

သတင်းဌာနမှမေး။ ဒီလိုမျိုး ရုရှားနိုင်ငံမှလည်း အကူအညီတွေနဲ့ မိတ်ဆွေနိုင်ငံတစ်ခုလို  ဆောင်ရွက်ပေးဖို့လည်း ရုရှား နိုင်ငံသူ တစ်ယောက်အနေနဲ့လည်း   အများကြီးမျှော်လင့်ပါတယ်။  ဒါနဲ့ပတ်သက်ပြီးတော့  မြန်မာနိုင်ငံ အနေနဲ့ ရှေ့လျှောက်ပြီးတော့ ရုရှားနဲ့ ပူးပေါင်း ပါဝင်မယ့် အခြေအနေတွေ မှာ ရုရှား- မြန်မာပူးပေါင်း ဆောင် ရွက်ရေး တင် မဟုတ်ဘဲနဲ့   အကယ်၍  ဒီပူးပေါင်း ဆောင်ရွက်ရေးမှာ တရုတ်နိုင်ငံပါ ပါဝင် လာမယ်ဆိုရင် ရုရှား- မြန်မာ- တရုတ် ၃ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုပြီးတော့ ဆွေးနွေးမယ် ဆိုလို့ရှိရင်ရော  ဘယ်လိုအခြေအနေ တွေရှိနိုင် ပါမလဲ။

ဗိုလ်ချုပ်မှူးကြီး။ အင်မတန်ကောင်းတဲ့ ရလဒ်တစ်ခုရှိလိမ့်မယ်လို့ ဖြစ်နိုင်မယ်လို့မျှော်လင့် ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံက ကမ္ဘာ့နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံ လျက်ရှိပါတယ်။ ကျွန်တော်တို့မှာ မိတ်ဆွေ နိုင်ငံ ပဲရှိတယ်။  ရန်သူနိုင်ငံ ဆိုတာ မရှိဘူး။ ကျွန်တော်တို့ အပေါ်မှာ နားလည်ပြီးတော့ စာနာမှုရှိတယ်။ ကျွန်တော်တို့နဲ့ အကျိုးတူ၊ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်ဖို့ရှိတဲ့ မိတ်ဆွေနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်။ အထူး သဖြင့် ကျွန်တော်တို့ အပေါ်မှာ စိတ်ရင်း စေတနာအမှန်နဲ့ နားလည်မှုရှိတဲ့ နိုင်ငံမျိုးကို  ကျွန်တော်တို့ အနေနဲ့ ပိုပြီးတော့ လိုလားတာပေါ့။ သို့သော်လည်းပဲ  ကမ္ဘာ့နိုင်ငံ ဘယ်နိုင်ငံ နဲ့မဆို ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်။

သတင်းဌာနမှမေး။ အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Read 46 times Last modified on Tuesday, 30 June 2020 09:09