SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Russia Today)(RT) သတင်း ဌာနနှင့် Red Star Newspaper  တို့အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား(အပိုင်း-၂)

Tuesday, 30 June 2020 09:06 font size decrease font size decrease font size increase font size increase font size

Red  Star  Newspaper နှင့်တွေ့ဆုံ

သတင်းဌာနမှမေး။ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံ တို့ရဲ့ချစ်ကြည်ရေးဟာ ဆိုရင် နှစ် ၇ဝ ကျော် ပြီလို့လည်း  လေ့လာ တွေ့ရှိ ထားရပါတယ်။

ဒီနှစ် ၇ဝ ကျော် ချစ်ကြည်ရေးကာလ အတွင်းမှာပဲ  ပူးပေါင်းဆောင်ရွက်မှုတွေ  များစွာ လုပ်ခဲ့တဲ့အထဲမှာ  စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်မှာဆိုရင်လည်း  အောင် မြင်မှုတွေအများကြီးရရှိထားပါတယ်။ ပြီးခဲ့ တဲ့နှစ်က ဗိုလ်ချုပ်မှူးကြီးရဲ့ ရုရှားနိုင်ငံခရီး စဉ်မှာ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံမှုရှိခဲ့တယ် လို့လည်း ကြားသိရပါတယ်။ ဒီတွေ့ဆုံမှုမှာလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး၊ စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အပြင် ဆက်လက်ဆောင် ရွက်မယ့် အစီအစဉ်တွေကိုပါ ဆွေးနွေးတိုင် ပင်ခဲ့ကြတယ်လို့သိရှိရ ပါတယ်။ ဒီအစီအစဉ် တွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိအကောင် အထည်ဖော်နေမှုနဲ့ အောင်မြင်မှုတွေကို လည်း ကြားသိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။  ရုရှားနဲ့ မြန်မာနဲ့စစ်ဘက် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအနေနဲ့က တော့  တော်တော်များများ ရှိတယ်။ ကြာလည်း ကြာပြီ၊ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ပြီး တော့ ရုရှားနိုင်ငံကနေပြီးတော့မှ တတ်နိုင် တဲ့ဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ  လုပ်ပေးနေတာရှိတယ်။  အောင်မြင်မှု တွေ အများကြီးရှိပါတယ်။ ကျေနပ်စရာလည်း ရှိပါတယ်။ ရှေ့ဆက်ပြီးတော့ လုပ်စရာတွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော်တို့မှာ ဒီစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တင်မဟုတ်ဘူး။ တိုင်းပြည်တည်ဆောက်ရေး နဲ့ပတ်သက်လို့ လူသားအရင်းအမြစ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုလည်း အများကြီး အရေးကြီးတယ်။ ဒီဖွံ့ဖြိုး တိုးတက်မှု တွေအတွက် ရုရှား နိုင်ငံကနေ  အများကြီး ရယူခဲ့တာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပညာ တော် သင်တဲ့သူ တွေ အများကြီးရှိပါတယ်။ ဒါတွေက ရုရှား- မြန်မာပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင် မှုရလဒ်ပဲဖြစ် ပါတယ်။  မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်မှုကို  တစ်သက်လုံးသုံးလို့မကုန် အောင်၊  ပိုက်ဆံတို့၊  ဘာတို့ဆိုတာသုံးလို့ ကုန်မှာပေါ့၊ ပညာဆိုတာမကုန်ဘူး၊ ပညာ က   ယူတတ်လို့ရှိရင်  တိုင်းပြည်အတွက် အများကြီးအကျိုးရှိတယ်။ လူတစ်ဦးချင်းစီ အတွက်လည်း အကျိုးရှိတယ်၊ တိုင်းပြည် အတွက်လည်း အကျိုးရှိတယ်။ ဒါကြောင့် ရုရှားနိုင်ငံက ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ ပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက မြန်မာ့တပ်မတော်အတွက်၊ မြန်မာ နိုင်ငံ အတွက် အင်မတန်ကိုအဖိုးမဖြတ်နိုင်တဲ့ အကျိုးရလဒ်ဖြစ်တယ်လို့ပြောချင်ပါတယ်။

သတင်းဌာနမှမေး။ မြန်မာနိုင်ငံရဲ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့ ဒီတပ်မတော်သား ပညာတော်သင် အဖွဲ့တွေရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ဒီရုရှား နိုင်ငံမှာ ပညာသင်ကြားသွားတဲ့ ပညာတော် သင်တွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ မှာ လက်တွေ့အသုံးဝင်မှုရှိ၊ မရှိနဲ့ ရုရှား နိုင်ငံရဲ့ ပညာရေးစနစ်ကို အနည်းငယ်ဝေဖန် ပေးစေလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ လက်တွေ့ အသုံးဝင်မှုဆို တာကတော့ ကျွန်တော်တို့တပ်မတော်အနေနဲ့ Standard Army တည်ဆောက် နေတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ သမားရိုးကျ  စစ်ကို ဆင်နွှဲနိုင်တဲ့  ခေတ်မီ တပ်မ တော်တစ်ရပ် တည်ဆောက်ရေးပေါ့၊ ဒီတည်ဆောက်ရေး မှာတော့ ရုရှားနိုင်ငံ ကနေပြီး ပညာသင်ပြီးပြန်လာခဲ့တဲ့ နည်းပညာပိုင်း ဆိုင်ရာ  အရာရှိတွေရဲ့ ဆောင်ရွက်မှုတွေ ဥပမာ တစ်ခုပြောပြမယ်။ ဥပမာအားဖြင့် ရေတပ်ပိုင်း ဆိုင်ရာ သဘောမှာ အင်ဂျင်နီယာ ပညာရှင်တွေရှိတယ်။ သူတို့ဒီမှာ လာပြီးတော့ အင်ဂျင်နီယာ အတတ်ပညာတွေ သင်ပြီး တော့မှ မြန်မာနိုင်ငံကို ပြန်လာပြီး ဒီအင်ဂျင် နီယာတွေရဲ့ Own Design နဲ့ ကိုယ်ပိုင်တည် ဆောက်မှုနဲ့ စစ်ရေယာဉ်တွေ တည်ဆောက်ရာမှာ ရုရှားနိုင်ငံမှာ ပညာတော်သင် ခဲ့တဲ့သူ တွေက လုပ်တာပေါ့။ ရုရှားနိုင်ငံ ပညာရေး စနစ်ကိုပြောရရင် ပညာရေးစနစ် အင်မတန် မြင့်ပါတယ်။ ရုရှားနိုင်ငံက လက်ရှိ နည်းပညာ ပိုင်းမှာ ထိပ်တန်း နိုင်ငံဖြစ်လာတာ ဒီနိုင်ငံက ပညာသည်တွေက လုပ်လာကြတာ တခြား နိုင်ငံကလူတွေလာ လုပ်ကြတာ မဟုတ်ဘူး။

ရုရှားနိုင်ငံက ပညာရှင်တွေကပဲ လုပ်သွား တာဖြစ်တယ်။ ဒီနိုင်ငံမှာ ဒီပညာရပ်တွေရှိ လို့သာ   ပညာရှင် တွေေပေါ် ထွက်ပြီးတော့  ဒီအခြေအနေကို  တည်ဆောက်နိုင်ခဲ့တာ ဖြစ်တယ်။ သူတို့ဆီမှာ ကျွန်တော်တို့ပညာ သင်ခဲ့ရတယ်။ ကျွန်တော်တို့တပ်မတော်မှာ Doctor of science ဘွဲ့ရတဲ့ အရာရှိတွေရှိ တယ်။  Ph.D ဘွဲ့ရတဲ့ အရာရှိတွေရှိတယ်။ 

မဟာဘွဲ့ရတဲ့အရာရှိတွေရှိတယ်။ အားလုံးပေါင်းလိုက်ရင် ၆ဝဝဝ ကျော်လောက်ရှိ တယ်။ ကျွန်တော်သိသလောက် တော့ ခုနက  Doctor of science ဘွဲ့ဆိုတာ ရုရှားနိုင်ငံမှာ အမြင့်ဆုံးဘွဲ့ တစ်ခုပဲ။  နောက်ထပ်  လက်ရှိတက် နေတာ တွေရှိတယ်။  Doctor of science ဘွဲ့ရပြီးတာ ၈ ယောက်ရှိတယ်။ လက်ရှိ တက်နေတာ က ၁၃ ယောက် ရှိတယ်။ ဥပမာ အားဖြင့် အာကာသစနစ်အားလုံးကို ရုရှား နိုင်ငံကဦးဆောင်နေတာပါ။  ရုရှားနိုင်ငံရဲ့ သိပ္ပံပညာရှင်၊ Physics, Chemistry, Math ပညာရှင်တွေကလုပ်သွားတာပါ။ ရုရှားနိုင်ငံ ရဲ့ Physics, Chemistry, Math တွေဟာ  ထိပ်တန်းမှာ ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ သတင်းဌာန မှမေး။ ဒီရုရှားနိုင်ငံမှာ ကျင်းပတဲ့ Army Games မှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ဖူးတာလည်း ကြားသိခဲ့ရပါတယ်။ ယခုနှစ် ကျင်းပမည့် Army Games မှာလည်း ဝင်ရောက်ယှဉ်ပြိုင်မှု ရှိ/ မရှိနဲ့  ရှိခဲ့ရင်လည်း ဘယ်ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင် မလဲ ဆိုတာ သိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။  ရှိတယ်။  ကျွန်တော်တို့ လည်း မြန်မာပြည်မှာလေ့ကျင့်နေကြတယ်။ ဒီနှစ်လည်းဝင်ပြိုင်မှာပါပဲ။     အခုတော့ Coronavirus ကြောင့်  ရက်ရွှေ့ထားတာ တော့ရှိတာပေါ့။  ပြိုင်ရင်တော့  Sniper ၊ ဆေးတပ်ဖွဲ့နဲ့ တင့် တပ်ဖွဲ့ ဒီ ၃ ခုမလွဲမသွေ ပြိုင်ဖို့တော့ စီစဉ် ထားပါတယ်။

သတင်းဌာနမှမေး။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့မေးခွန်းလေးတစ်ခု မေးလိုပါတယ်။  ရုရှားနိုင်ငံမှာလည်း ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံ  အခြေခံ ဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီးတော့  ဆောင်ရွက်နေတာတွေ ရှိပါတယ်။  မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေး မှာလည်း တပ်မတော်အနေနဲ့ များစွာကူညီ ဆောင်ရွက်ပေးခဲ့ တယ် လို့ သိရှိထားပါတယ်။

တစ်ခုကပြုပြင် ဆောင်ရွက်ပေးမှုနဲ့ ပတ်သက်ပြီးတော့  ဘယ်လို ဆောင်ရွက်ချက်တွေရှိတယ်၊ တပ်မတော်ရဲ့ အခန်း ကဏ္ဍ ဘယ်လို တွေရှိတယ်ဆိုတာ သိရှိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ၂ဝဝ၈ ခုနှစ်မှာ အတည်ပြုခဲ့တာပေါ့။ ၂ဝ၁၁  ခုနှစ်မှာစတင် ကျင့်သုံးခဲ့ တယ်။ လွှတ်တော် အသစ်ကနေစပြီး   စတင်ကျင့်သုံးခဲ့တယ်။ ၁ဝ စုနှစ် တစ်ခုရှိသွားပါပြီ။ အခြေခံ ဥပဒေကို  ၁၉၉၃ ခုနှစ်က စရေးခဲ့တယ်။ အဲ့ဒီရဲ့အခြေ အနေပေါ်မူတည်ပြီး အခြေခံဥပဒေဆိုတာ ဖြစ်ပေါ်လာတာ။  တချို့အရာတွေကတော့ လက်တွေ့ကျင့်သုံးတဲ့အခါမှာ  လိုအပ်ချက် တွေရှိတယ်ဆိုတာ   ကျွန်တော်တို့တွေ့ပါ တယ်။  ဒါ့ကြောင့်လည်း  ဒီအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုပ်ခဲ့တာရှိတယ်။ ကျွန်တော်တို့တပ်မတော် သည် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ငြင်းခဲ့တာမရှိဘူး။ ပြီးခဲ့တဲ့ ၂ဝ၁၁-၂ဝ၁၆ အထိ  ပထမအကြိမ်အစိုးရသက်တမ်းမှာ အခြေခံဥပဒေပါ ဥပဒေပုဒ်မ ၁၆ ခု ပြင်ဆင်ဖို့ လုပ်ခဲ့တယ်။ ယခု ၂ဝ၁၆- ၂ဝ၂ဝ သက်တမ်း မှာ ဥပဒေပုဒ်မ ၁၁ ခုပေါ့။ ပထမသက်တမ်းမှာ  ပုဒ်မ ၁၆ ခု၊ ဒုတိယသက်တမ်းမှာ ပုဒ်မ ၁၁ ခု ပြင်ဆင်ဖို့အတွက်  ကျွန်တော်တို့လုပ်ခဲ့တာ ရှိတယ်။ လက်ရှိမအောင်မြင်တာတွေလည်း ရှိတာပေါ့။ သို့သော်လည်းပဲ ကျွန်တော်တို့ သွားနေတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကို သွားတာ ဖြစ်တယ်။ အဲ့မှာ ကျွန်တော်တို့က အခြေခံမူ တွေရှိတယ်။ နိုင်ငံသားတွေရဲ့အခွင့်အရေးနဲ့ တာဝန်များ ဆိုတာ ရှိတယ်။ ဒီဟာက ကျွန်တော် တို့တိုင်းပြည်ကို  အာမခံချက်ပေးထားတာ။  ဒီတိုင်းသွားမယ်ဆိုတဲ့    အာမခံ ချက်ပေး ထားတာ ဒီအာမခံချက်ပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်ဖို့ဆိုတာ အရေးကြီးတယ်။ အဲ့တော့ ဒီပေါ်မှာ မူတည် ပြီးတော့    စောစောကပြောတဲ့   လိုအပ်တဲ့ဥပဒေတွေကို  ပြင်ဆင်ဖို့အတွက်  လိုအပ်ရင်လုပ်ရမှာဖြစ်တယ်။  ဒါကိုပြင်ဖို့ ကျွန်တော်တို့မငြင်းဘူး။     ကျွန်တော်တို့    ရှေ့လည်းဆက်ပြီးတော့    ပြင်ဆင်သင့်တဲ့ အချက်တွေ ပြင်ဆင်ဖို့လုပ်ပါမယ်။

သတင်းဌာနမှမေး။ ကျေးဇူးတင်ပါတယ်။ 

 

Read 63 times Last modified on Tuesday, 30 June 2020 09:11