SJ WorldNews - шаблон joomla Авто

ပြည်ပ နိုင်ငံများ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်

Tuesday, 30 June 2020 09:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇွန်  ၂၉

ပြည်ပမှ COVID-19 ရောဂါကူးစက် ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့် ရှောက်နိုင်ရေးအတွက် အစီအမံ များ ဆက်လက်ချမှတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့  ပျံသန်း ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ယာယီ ရပ်ဆိုင်းမှုကြောင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုဒေသတို့တွင်ရောက်ရှိနေပြီး မြန်မာ နိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား ၁၂၁ ဦးအား မြန်မာ အမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့်    မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင် ပေးခဲ့ရာ ယနေ့ညနေ ၃ နာရီ မိနစ် ၂ဝ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ပြန်လည်ရောက်ရှိကြသည်။

ထို့ပြင် ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာ နိုင်ငံသား ၁၇၁ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံမှရှစ်ဦး၊ အမေရိကန် ပြည်ထောင်စုမှ တစ်ဦး၊ မြန်မာနိုင်ငံသားစုစုပေါင်း ၁၈ဝ ဦးတို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ကိုရီးယား လေကြောင်းလိုင်း (Korean Airlines) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ ရာ ယနေ့ည ၈  နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံ သားများအား ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီး ဌာန အနေဖြင့် သက်ဆိုင်ရာမြန်မာသံရုံး/ ကောင်စစ် ဝန်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီး ဌာနတို့နှင့် ပူးပေါင်း ညှိနှိုင်း၍ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသား ဦးရေစုစုပေါင်း ၆၁၂၈ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Read 43 times Last modified on Tuesday, 30 June 2020 09:21