SJ WorldNews - шаблон joomla Авто

နေပြည်တော် ကောင်စီက COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာ ဆောင်ရွက်ရန် အမိန့်ကြေညာချက် ထုတ်ပြန်

Wednesday, 01 July 2020 08:17 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်ကောင်စီ

အမိန့်အမှတ်(၆၇/၂ဝ၂ဝ)

၁၃၈၂ ခု၊ ပထမဝါဆိုလဆန်း ၁၁ ရက်

၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၃ဝ ရက်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင် ကာကွယ်နိုင်ရေး အတွက် အများပြည်သူသိရှိ လိုက်နာ ဆောင်ရွက်ရန် အမိန့် ကြေညာစာ

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပြန့်ပွားမှု မရှိစေ ရေးအတွက်  ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများ ပြည်သူများ အနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရမည့် အခမ်းအနားများ၊  ပွဲလမ်း သဘင်များ မပြုလုပ်ရန်၊  ရုပ်ရှင်ရုံများ၊ ဘော်ဒါဆောင်များ၊ မူကြိုကျောင်းများ ဖွင့်လှစ်ခြင်း မပြုလုပ်ရန် အတွက် နေပြည်တော် ကောင်စီ၏ (၁၄-၆-၂ဝ၂ဝ)ရက်စွဲပါ  အမိန့်အမှတ် (၆၁/၂ဝ၂ဝ)ဖြင့် ထုတ်ပြန်ထားသော အမိန့် ကြေညာ စာသည် ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ(၃ဝ)ရက်နေ့အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ် ပါသည်။

၂။ သို့ဖြစ်ရာ ဤအမိန့် ကြေညာချက်အား ထုတ်ပြန်သည့်နေ့မှ ၂ဝ၂ဝပြည့်နှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့အထိ ရက် တိုးမြှင့် သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

ဒေါက်တာမျိုးအောင်

ဥက္ကဋ္ဌ

နေပြည်တော်ကောင်စီ

 

Read 42 times Last modified on Wednesday, 01 July 2020 08:18