SJ WorldNews - шаблон joomla Авто

ပြည်ပနိုင်ငံများ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သားများအား ပြန်လည်ခေါ်ဆောင်

Wednesday, 01 July 2020 11:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇွန်   ၃ဝ

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းမှု ယာယီ ရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယား သမ္မတနိုင်ငံနှင့် အခြားနိုင်ငံ အချို့တို့တွင် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲ ဖြစ်နေပြီး မဖြစ်မနေ အပြီးပြန်လည်ထွက်ခွာ ရန်လိုအပ်နေသော  မြန်မာနိုင်ငံသား ၁၂၉ ဦးအား  အပြည်ပြည်ဆိုင်ရာမြန်မာလေ ကြောင်းလိုင်း (MAI)ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိကြသည်။

အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယား သမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား ၆၉ ဦး၊ အမေရိကန် ပြည်ထောင် စု၊ ဗြိတိန်  နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဘယ်လ် ဂျီယံနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တောင်ဆူ ဒါန် နိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား ၅ဝ ဦးနှင့် မြန်မာသင်္ဘောသား ၁ဝ ဦးတို့ လိုက်ပါ လာကြောင်း သိရသည်။

အလားတူ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား ၉ဝ ဦးအား ကယ်ဆယ် ရေးလေယာဉ် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) ဖြင့် ခေါ်ဆောင်ခဲ့ရာ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြကြောင်းနှင့် ယင်းကယ်ဆယ်ရေး လေယာဉ်တွင် အရေးပေါ် တာဝန်/ ကိစ္စဖြင့် နိုင်ငံခြားသား ခုနစ်ဦးလည်း လိုက်ပါလာကြကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ  အကန့်အသတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးကြသည်။

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် ပိတ်မိ၍ အခက် အခဲကြုံတွေ့ နေကြသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ဆောင်နိုင်ရေး အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြား ရေး ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာမြန်မာ သံရုံး/ကောင်စစ်ဝန်ချုပ်ရုံးများနှင့် မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီး ဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင် ပေးလျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ဝန်းရံခ

Read 40 times Last modified on Wednesday, 01 July 2020 11:49