SJ WorldNews - шаблон joomla Авто

အင်းစိန်မြို့နယ်ကို Stay  at  Home   အစီအစဉ်တွင် အကျုံးဝင်ခြင်းမှပယ်ဖျက်

Wednesday, 01 July 2020 12:24 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အမိန့်အမှတ်၊ ၇၂/၂ဝ၂ဝ

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၁ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၃ဝ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကိုထုတ်ပြန်လိုက်သည်။

၁။      ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus  Disease  2019-COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ (၁ဝ)မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ တစ်မြို့နယ်၊ စုစုပေါင်း ၁၁ မြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့်  မိမိနေအိမ်တွင် နေထိုင်ရေး Stay  at  Home  အစီအစဉ်တွင် အကျုံး ဝင်ကြောင်း ကြေညာ ခဲ့ပါသည်။

၂။      ယင်းသို့ Stay  at  Home  အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာ ခဲ့သည့် မြို့နယ်များမှ (၁ဝ) မြို့နယ် တွင် COVID-19 ရောဂါ ထိန်းချုပ်မှုအခြေအနေ တိုးတက် လာသည်ကို တွေ့ရှိရသဖြင့် ၁၄-၅-၂ဝ၂ဝ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏အမိန့်အမှတ် (၅ဝ/၂ဝ၂ဝ)၊ ၂၅-၅-၂ဝ၂ဝ ရက်နေ့တွင်  ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် (၅၇/၂ဝ၂ဝ)နှင့် ၁၄-၆-၂ဝ၂ဝ ရက်နေ့တွင်  ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန၏ အမိန့်အမှတ်(၆၆/၂ဝ၂ဝ)တို့ဖြင့် ယင်းမြို့နယ် များအား Stay  at  Home  အစီအစဉ် တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့ပါသည်။

၃။      ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါကူးစက် ပြန့်ပွားမှုနှင့် ကပ်ရောဂါ ဗေဒဆိုင်ရာ အချက် အလက်များအရ ရောဂါထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ တိုးတက်မှု ရှိသည်ကို တွေ့ရှိရသဖြင့် ၁-၇-၂ဝ၂ဝ ရက်နေ့၊ ဝ၄ :ဝဝ နာရီအချိန်မှ စတင်၍  အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် Stay  at  Home  အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်။

ဒေါက်တာ မြင့်ထွေး

ပြည်ထောင်စုဝန်ကြီး

Read 44 times Last modified on Wednesday, 01 July 2020 12:36