SJ WorldNews - шаблон joomla Авто

သေမင်းတမန် ဘိန်းဖြူရန် တွန်းလှန်ဖယ်ရှား စုပေါင်းအား

Sunday, 21 January 2018 09:37 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပ ပျောက်ရေး စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့ရာမှ နောက်ထပ်ငါးနှစ်ထပ်မံတိုးချဲ့၍ ၂ဝ၁၉ ခုနှစ်အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ နှစ်စဉ်ပွင့်လင်းရာသီ ရောက်သည်နှင့် ဘိန်းစိုက်ပျိုးရာဒေသများမှ ဖြူနီဝါပြာခရမ်းရောင်စုံပွင့်လန်းကြသော ဘိန်းခင်းများကို တာဝန်ရှိ အဖွဲ့အစည်းများ သွားရောက်ဖျက်ဆီးကြသည့် တိုင်အောင် ဘိန်းအခြေခံ ထုတ်လုပ်သော ဘိန်းဖြူ မူးယစ်ဆေးဝါး ဘိန်းဖြူ အန္တရာယ်က ရှိနေသေးသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာအတွင်း၌ မူးယစ်ဆေးဝါးများသိုလှောင်ထားကြောင်း သတင်းအရ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ ကျေးရွာအတွင်း လူမနေသည့် တစ်ထပ်တိုက်နေအိမ် နောက်ခန်းအတွင်းမှ WY  ဆာလာ အိတ် ၇ဝ အိတ်(ခန့်မှန်း ၁၇၅ဝ ကီလိုဂရမ်ခန့်)၊ ဘိန်းဖြူဆပ်ပြာခွက် ၂၂ဝ ခွက်ပါ ဆာလာအိတ်၁၅ အိတ် (ခန့်မှန်း ၃၉ ဒသမ ၆ ကီလိုဂရမ်ခန့်)၊ ဆာလာအိတ် ၂ဝ အိတ်ဖြင့် ထည့်ထားသော ဘိန်းဖြူ ဘလောက်တုံး ၁၃၆ဝ(ခန့်မှန်း ၄၆၂ ဒသမ သုည ကီလိုဂရမ်ခန့်)၊ ကဖင်း (တစ်အိတ်လျှင် ၂ဝ ကီလိုဂရမ်ခန့်ပါ) ဆာလာအိတ် ၁ဝ အိတ်နှင့်ျွှ့ စာတန်းပါ စိတ်ကြွဆေးပြား ၁ဝဝ အိတ်(သိန်း ၃ဝဝ ပြားခန့်) စုစုပေါင်းမူးယစ်ဆေးဝါး ကာလတန်ဖိုး ခန့်မှန်းငွေ ကျပ်သိန်းပေါင်း ၇၂ဝဝဝဝ ကျော်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါသိမ်းဆည်းမူးယစ်ဆေးဝါးများအား ကွတ်ခိုင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး လုပ်ထုံးလုပ်နည်း အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုသိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ၏ အရေအတွက် နှင့်တန်ဖိုးသည် ၂ဝ၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိမ်းဆည်းရမိမှုတွင် အများဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှ အမည်မဖော်လိုသောအဆင့်မြင့် ရဲအရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ AFP သတင်း ဌာနက ဖော်ပြထားပြီး ယခု ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၄ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုလျော့နည်းလာသော်လည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုသည် အာဖဂန်နစ္စတန် နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်နေခြင်းမှာ နယ်စပ်ဒေသများ၌ ာနအ့ောစ့နအောငညန ကုိ အကြီးအကျယ် ထုတ်လုပ် နေခြင်းကြောင့်ဖြစ်ကြောင်းနှင့် ၎င်းလုပ်ငန်းများမှ ဒေါ်လာသန်းပေါင်းများစွာရရှိကြောင်း AFP သတင်း၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ထုတ်လုပ်သော မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ဒေသသို့ ပို့ဆောင်ကြရာ ၂ဝ၁၇ ခုနှစ် အောက်တိုဘာအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မီသာဖက်တမင်း ဆေးပြားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည့်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ငါးသန်းရှိကြောင်းနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသမှ ထုတ်လုပ်သော ယာဘနှင့် အိုက်စ်မူးယစ် ဆေးဝါးများသည် အရှေ့တောင် အာရှဈေးကွက်သို့ ပုံစံအမျိုးမျိုးဖြင့် ပျံ့နှံ့သွားကြောင်း AFP သတင်းက ဆက်လက်ဖော်ပြထား သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း နယ်ချဲ့တို့၏ထားရစ်ခဲ့သော ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တားဆီးရန် ၁၉၆၂ ခုနှစ် သြဂုတ် ၁၅ ရက်တွင် တော်လှန်ရေး ကောင်စီအစိုးရက ဘိန်းစုံစမ်းရေးကော်မတီကို ဖွဲ့စည်း၍ မူးယစ် ဆေးစွဲနေသူတို့အား ဆေးဝါးကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် ခေတ်မမီတော့သည့် ဘိန်းဥပဒေ ပြန်လည်ပြင် ဆင်ရေး တို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မူးယစ်ထုံထိုင်းဘေးဖြစ်စေ တတ်သည့် ဆေးဝါးများဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ (၁၂)အထိ၊ ငရဲပန်းစစ်ဆင်ရေး အဆင့်(၁)မှ (၈)အထိ၊ တောင်ရန်ရှင်း စစ်ဆင်ရေး အဆင့်(၁)မှ (၄)အထိနှင့် တောင်ထိပ်ပန်း စစ်ဆင်ရေးတို့ဖြင့် တပ်မတော်က ဆောင်ရွက်ပေးခဲ့သည်။

၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြပြီး နိုင်ငံတော် အစိုးရနှင့်အတူ သက်ဆိုင်ရာဒေသအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာကျဆင်း သွားသည်။ နောက်ပိုင်းတွင် ဓာတုပစ္စည်း အခြေခံထုတ်လုပ် သော မူးယစ်ဆေးဝါး လုပ်ငန်းများကြောင့် မူးယစ်ဆေးဝါး ပြဿနာက ပြည်သူများအား ယနေ့အချိန်အထိ ခြိမ်းခြောက်လျက်ရှိသဖြင့် မူလရည်မှန်းဖော်ဆောင်ခဲ့သော မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်း နှောင့်နှေးလျက်ရှိရာ နောက်ထပ်ငါးနှစ်စီမံကိန်းချမှတ်၍ ၂ဝ၁၉ ခုနှစ်တွင် မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ကင်းစင်သော ဒေသဖြစ်စေရန် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ သေမင်းတမန် ဘိန်းဖြူအပါအဝင် ၂ဝ၁၉ ခုနှစ်တွင် မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ကင်းစင်သော ဒေသအဖြစ်ကြေညာ၍ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံပုံရိပ် မညှိုးငယ်စေရန် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား ပြည်သူများနှင့် တပ်မတော်တို့၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း မြဝတီက

ထပ်လောင်း နှိုးဆော် လိုက်ရပါသည်။     

Read 537 times Last modified on Sunday, 21 January 2018 09:40