SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဟိမဝန္တာတောင်တန်းဒေသ စိမ်းလန်းစိုပြည်ရေး

Saturday, 24 February 2018 13:25 font size decrease font size decrease font size increase font size increase font size

ဟိမဝန္တာတောင်တန်းဒေသအတွင်း သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းမှုမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းဆိုင်ရာ (REDD+) အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ် သစ်တောသုတေသနဌာန စုဝေး ခန်းမ၌ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲတွင်ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲ၌ ဟိမဝန္တာ တောင်တန်းဒေသအတွင်း မိတ်ဖက်နိုင်ငံ များအကြား အမျိုးသား အဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအား အထောက်အပံ့ဖြစ်စေမည့် REDD + အခန်း ကဏ္ဍများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ အတွေ့အကြုံများကို အသီးသီး ဆွေးနွေး ကြသည်။

ဟိမဝန္တာဟူသော ပါဠိဝေါဟာရသည် ဟိမ-ဆီးနှင်း၊ ရေခဲဖြစ်ပြီး ဝန္တ-ကျဆင်းသည်ဟု မြန်မာအဓိပ္ပာယ်ရှိခြင်းကြောင့် ဟိမဝန္တာတောင်တန်းသည် ဆီးနှင်းကျသောဒေသ၊ ရေခဲသော ဒေသဟူသော အဓိပ္ပာယ်ရသည်။ ဟိမဝန္တာတောင်တန်းဒေသတွင် နီပေါ နိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံ တို့ပါဝင် လျက်ရှိရာ ဟိမဝန္တာတောင်တန်းမှ ဆင်းသက်လာသော တောင်တန်းများသည် မြန်မာနိုင်ငံ အတွင်း၌ မြောက်ဘက်မှ တောင်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွား သည်။ ဟိမဝန္တာတောင်တန်း များမှမြစ်ဖျားခံ၍ မြောက်ဘက်မှ စီးဆင်းလာသော မြစ်များသည်လည်း တောင်ဘက် ကပ္ပလီ ပင်လယ်အတွင်းသို့ စီးဝင်သွားကြသည်။ တောင်တန်းများတွင် ပေါက်ရောက်သော တောင်ပေါ် သစ်တောများနှင့် မြစ်ဝှမ်း လွင်ပြင်များတွင် ပေါက်ရောက်သည့် မိုးသစ်တောများ၊ အပူပိုင်းသစ်တောများသည် လူတို့၏ ပယောဂကြောင့် နှစ်စဉ်ပြုန်းတီးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ယနေ့သစ်တော ဖုံးလွှမ်းမှုဧရိယာမှာ ၄ဝ ရာခိုင်နှုန်း ကျော်သာရှိရာမှ ၄၇ ရာခိုင်နှုန်း အထိရှိရန် စနစ်တကျ ဆောင်ရွက်သွား မည်ဖြစ်သည်။ ဟိမဝန္တာတောင်တန်း များနှင့်ပို၍ နီးကပ်ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယ သမ္မတနိုင်ငံတို့၌ သစ်တောဖုံးလွှမ်းမှု ဧရိယာ ၂ဝ ရာခိုင်နှုန်း ကျော်သာရှိသဖြင့် သစ်တောဖုံးလွှမ်းမှု ဧရိယာချဲ့ထွင်ရေး အလေးထား ဆောင်ရွက် နေကြကြောင်း သိရသည်။

မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တော ဦးစီးဌာနသည် မြန်မာနိုင်ငံတွင် REDD + နှင့်ပတ်သက်၍ လိုအပ်ချက်များ ဆန်းစစ် ခြင်းနှင့် REDD + လုပ်ငန်း အဆင်သင့်ဖြစ်စေရန်အတွက် လိုအပ်သော စွမ်းဆောင်ရည် တည်ဆောက်ခြင်း သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ပင်းတယမြို့နယ် အတွင်းရှိ ပွေးလှ၊ ရှားပြားနှင့် နန်းကုန်း ကျေးရွာတို့ တွင် အစုအဖွဲ့ပိုင်သစ်တောများကို ဒေသခံများ ကိုယ်တိုင် စီမံအုပ်ချုပ်တတ်စေရန် သစ်တော စီမံအုပ်ချုပ်ခြင်းဆိုင်ရာ သင်တန်းများပေးခြင်း၊ ဟောပြောပို့ချခြင်း၊ သရုပ်ပြ စိုက်ပျိုးခြင်း၊ ပျိုးဥယျာဉ် တည်ထောင်ခြင်းနှင့် လူမှုစီးပွားရေး အထောက်အကူပြု သင်တန်းဖွင့်လှစ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။

သစ်တောများ ပြုန်းတီးရသည့် အကြောင်းရင်းများမှာ တောမီးလောင်ခြင်း၊ လယ်ယာ လုပ်ငန်းတိုးချဲ့ခြင်း၊ စားကျက်မြေများ တိုးချဲ့ခြင်း၊ စားအုန်းဆီ စိုက်ခင်းများ တိုးချဲ့ခြင်း၊ ပုစွန်မွေးမြူရေး ကန်များတိုးချဲ့ခြင်း၊ သစ်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လမ်း ဖောက်လုပ်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးထုတ်လုပ်ခြင်း တို့ကြောင့်ဖြစ်သည်။ သစ်တော များပြုန်းတီးခြင်းကြောင့် ဆိုးကျိုး သက်ရောက်မှုများမှာ သီးနှံအထွက်နှုန်း ကျဆင်းခြင်း၊ သားငါးရှားပါးခြင်း၊ အပူချိန်မြင့်မားခြင်း၊ မိုးရွာသွန်းမှု လျော့နည်းခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ဖြစ်ပြီး ဆိုခဲ့သော ဆိုးကျိုးများကို ခံစားရသည့် ပြည်သူများအတွက် စားဝတ်နေရေး ခက်ခဲကျပ်တည်းလာရတော့သည်။

အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံများမှ သစ်တောဧရိယာ အကြီးမားဆုံးတည်ရှိသော နိုင်ငံများမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့်မြန်မာ နိုင်ငံတို့ဖြစ်သည်။ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများမှ ၁၉၉ဝ ပြည့်နှစ်က သစ်တောပြုန်းတီးမှု ပမာဏသည် သုည ဒသမ ၇ သန်းသာရှိခဲ့ရာမှ ၂ဝဝဝ -၂ဝ၁ဝ ပြည့်နှစ် ကာလတွင် ဟက်တာ ၁ ဒသမ ၄ သန်းအထိ ပြုန်းတီးမှုရှိကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံများ၌ သဘာဝသစ်တောများမှ သစ်ထုတ်လုပ်မှုကို လျှော့ချခြင်း၊ ရပ်ဆိုင်း ခြင်း အစီအစဉ်များချမှတ်၍ သစ်တောစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးနေကြသကဲ့သို့ မြန်မာ နိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနကလည်း ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် ဟိမဝန္တာတောင်တန်း ဒေသအတွင်း စိမ်းလန်းစိုပြည်ရေး မိတ်ဖက်နိုင်ငံများ အကြား ဆောင်ရွက်လျက်ရှိသည့် သစ်တောပြုန်းတီးမှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်းများတွင် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း မြဝတီက နှိုးဆော်လိုက်ရပါသည်။     

Read 442 times Last modified on Saturday, 24 February 2018 13:26