SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရေအတွက် သဘာဝ ပတ်ဝန်းကျင် အသိနှင့်ယှဉ်

Sunday, 25 February 2018 08:41 font size decrease font size decrease font size increase font size increase font size

ရေသည်သက်ရှိနှင့် သက်မဲ့အားလုံးတို့ ကျန်းမာသန်စွမ်းရေးအတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ သက်ရှိများအတွက် အစားအစာများအား စုပ်ယူရန်နှင့် အစာချေဖျက်နိုင်ရန်၊ ကြွက်သားများ လှုပ်ရှားမှု အတွက်အထောက်အပံ့ပြုရန်၊ အောက်ဆီဂျင်နှင့် အာဟာရ ဓာတ်များအား ဆဲလ်များဆီသို့ ပို့ဆောင်ပေးရန် နှင့် ခန္ဓာကိုယ်မှ အညစ်အကြေးများအား စွန့်ထုတ်နိုင်ရန် ကူညီပေးခြင်း စသည်များကြောင့် ရေသည် အရေးပါ သောအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များတွင် ၂ဝ၃ဝ ပြည့်နှစ်၌ လူသားတိုင်းအတွက် ရေနှင့်မိလ္လာစနစ် ရ ရှိနိုင်ရေးနှင့် ရေရှည်စီမံခန့်ခွဲနိုင်ရေးဟူသော ရည်မှန်းချက်တစ်ခုကို ထည့်သွင်းဖော်ပြထားကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ၌ အလယ်ပိုင်းခြောက်သွေ့သော ဒေသများမှလွဲ၍ ကျန်ရှိသော ဒေသများတွင် မိုးကောင်းမွန်စွာ ရွာသွန်းပြီး မြစ်ချောင်းများ၊ သဘာဝရေကန်များနှင့် အင်းအိုင်များရှိခြင်းကြောင့် လုံလောက်သည့် ရေ အရင်း အမြစ်များရှိပြီးဖြစ်သည်။ နိုင်ငံအတွင်းရှိပြီးသော ရေအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေသိုလှောင်ရေးတို့ကို ရေနှင့်ဆက်နွှယ်သည့် ဌာနများ အချင်းချင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ရေကြီးရေလျှံခြင်း၊ ရေရှားပါးခြင်းနှင့် ရေထုညစ်ညမ်းမှုတို့ လျော့နည်း သက်သာစေမည်ဖြစ်သည်။

ရေထုညစ်ညမ်းမှုကို အများဆုံးဖြစ်ပေါ်စေသော အကြောင်းတရားများမှာ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ ရေထုအတွင်း ရောက်ရှိလာခြင်း၊ စက်မှုလုပ်ငန်းများမှ စွန့်ပစ်သော ကွန်ပေါင်းဓာတ် ပါဝင်သည့်ရေများနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများမှ စွန့်ပစ်သောရေများက မြစ်ချောင်းများအတွင်း စီးဝင်လာခြင်းတို့ကြောင့်ဖြစ်သည်။ ဓာတုပစ္စည်းများကြောင့် ရေထုညစ်ညမ်းခြင်း၊ လူနှင့် တိရစ္ဆာန် တို့ကြောင့် ရေထုညစ်ညမ်းခြင်း၊ အပူဓာတ်ကြောင့် ရေထုညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်ရကြောင်း ပညာရှင်များ လေ့လာတွေ့ရှိထားကြသည်။ ရေထုညစ်ညမ်းမှုကြောင့် ရေထုအတွင်း အောက်ဆီဂျင်ဓာတ် လျော့နည်းသွားသဖြင့် ရေနေသတ္တဝါများသေဆုံးကြသည်။

ရေနေသတ္တဝါများ သေဆုံးမှုများပြားလာသောအခါ နိုက်ထရိုဂျင်နှင့် ဖော့စ်ရိုက်များ ရေထုအတွင်းစုပုံလာပြီး ရေထုပိုမိုညစ်ညမ်းလာသဖြင့် ရေထဲတွင်ပေါက်ရောက်သော အပင်များ သေဆုံးကြရသည်။ အပင်များေ သဆုံးရာမှ အော်ဂဲနစ်ပစ္စည်းများ ဖြစ်ပေါ်လာပြီး အောက်ဆီဂျင် ဓာတ်လျော့နည်းသွားစေခြင်းကြောင့် ရေထုညစ်ညမ်းမှု အခြေအနေ ပိုမိုဖြစ်ပေါ်စေသည်။ ကမ္ဘာမြေတွင် ရေထုဖုံးလွှမ်းသောဧရိယာ ၇ဝ ရာ ခိုင်နှုန်းကျော်ရှိသော်လည်း ဆိုခဲ့သောရေထု ညစ်ညမ်းမှု သံသရာကြောင့် ရေထု၏၁ ရာခိုင်နှုန်းကိုသာ သန့်ရှင်းသော သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ ယနေ့ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇ဝဝဝ ရှိကြရာမှ ၂ ဒသမ ၁ သန်းခန့်သည် သန့်ရှင်းသောသောက်သုံးရေ မရရှိနိုင်သည့်အတွက် ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် ထိခိုက်မှုများရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဖွဲ့စည်းထားပြီး ကော်မတီအနေဖြင့် ရေနှင့် ဆက်နွှယ်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ ရေနေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဖေဖော်ဝါရီ ၂၂ ရက်တွင်ကျင်းပသည်။ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ရေနေ့၏ အထူးပြုအကြောင်းအရာမှာ "Nature for Water" (ရေ အတွက် သဘာဝပတ်ဝန်းကျင်)ဖြစ်ပြီး သဘာဝ အခြေအနေများမှ ရှာဖွေတွေ့ ရှိထားသည့် ရလဒ်များကို အသုံးပြု၍ ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ရေထုညစ်ညမ်းမှု လျှော့ချခြင်းတို့အတွက် အဖြေရှာဆောင် ရွက်နိုင်ရန် အခမ်းအနား ကျင်းပခြင်းဖြစ်သည်။

အခမ်းအနားတွင် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ၊ စဉ်ဆက်မပြတ် ဆည်မြောင်းဖွံ့ဖြိုးမှုအတွက် စိန် ခေါ်မှုများနှင့်အဖြေများ၊ ရေကြီးရေလျှံမှုအတွက် ကြိုတင်သတိပေးစနစ်၊ အမျိုးသား ရေဖြန့်ဝေမှုမြောင်း များ နှင့် သန့်ရှင်းရေးအတွက် တည်ဆောက်မှုများ၊ မြန်မာရေချိုကဏ္ဍ၊ စိုက်ပျိုးရေး အခြေပြု လုပ်ငန်းများအတွက် ရွေ့လျားရေစွမ်းအားဆိုင်ရာ အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းရှိ အဓိက ရေဝေရေလဲ ဒေသကြီး များတွင် ရေအရင်းအမြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကနဦးဆောင်ရွက်မှုများ၊ ကျေးလက်ဒေသ ရေပေးဝေရေး ဆောင်ရွက်နေမှုများ၊ ဧရာဝတီ ရေအရင်းအမြစ်များ အသုံးချမှု၊ တောင်သမန်အင်း ရေညစ်ညမ်းမှု သင်ခန်း စာများ၊ ချင်းတွင်းမြစ်ဝှမ်းဒေသ အဖွဲ့အစည်းမှတစ်ဆင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ် ထိန်းသိမ်းမှု၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး အပါအဝင် တစ် ကိုယ်ရေသန့်ရှင်း ရေး၊ မြန်မာနိုင်ငံရှိ သဘာဝ ကန်ကြီးများတွင် ရေနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားမှု အခြေအနေ ထိန်းချုပ်ခြင်းဆိုင်ရာ စသည့်အကြောင်းအရာများကို ဆွေးနွေးကြကြောင်း သိရသည်။

သို့ဖြစ်၍ သက်ရှိနှင့်သက်မဲ့ အားလုံးတို့အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် ပတ်ဝန်းကျင်နှင့် ဆက်စပ်လျက်ရှိရာ ရေထုညစ်ညမ်းမှုမရှိရေး တစ်ဦးချင်းစီက အသိနှင့် အလုပ် ယှဉ်ကြရမည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 570 times Last modified on Sunday, 25 February 2018 09:18