SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တပေါင်းသာခေါင် လများနောင် လူ့ဘောင်ကောင်းကျိုး အစဉ်သယ်ပိုး

Thursday, 01 March 2018 06:51 font size decrease font size decrease font size increase font size increase font size

မြန်မာ့အစဉ်အလာ တစ်ဆယ့်နှစ်လရာသီဝယ် ရေမြေတောတောင် သဘာဝတို့ အလှပဆုံး တပေါင်းလကို တပေါင်းသာခေါင်လများနောင်ဟု တင်စားကြသည်။ ဆောင်းအကုန် နွေအကူး လေရူးသုန်သုန် တိုက် ခတ်လျက် ဆောင်းနှင်းကြွင်းကလေးများ ဖျန်းထားသော မြိုင်ခြေတောအုပ်ဆီမှ ကျေးငှက်တွန်ကျူးသံကို လွမ်းမောဖွယ်ကြားရသည်။

အင်းဝခေတ်တွင် ပေါ်ပေါက်ခဲ့သော စာဆိုများမှ ရှင်ဥတ္တမကျော်သည် နွေဦးအခါသမယ တပေါင်းလတွင် သြကာသလောက၏ သာယာပုံကိုဖွဲ့ဆိုသော တောလား၌ ''လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ေ ရ်ာရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား''ဟူ၍ စာပန်းချီ ခြယ်မှုန်းထားသည်နှင့်အညီ သစ်ပင်တို့မှာ အရွက်ကြွေသည့် အပင်ကကြွေ၊ ဝေသည့်အပင်ကဝေ၊ အပင် ထက်တွင် ဝါတစ်ဝက်စိမ်း တစ်ဝက်အရွက်တို့ကိုလည်း မြင်တွေ့ရသည်။ ဗုဒ္ဓဘာသာ မြန်မာတို့အတွက် ထူး ခြားမှုအနေဖြင့် ကာဠုဒါယီမထေရ်က ဂေါတမမြတ်စွာဘုရားအား မွေးဖွားရာဇာတိ ကပိလဝတ် နေပြည်တော် သို့ ကြွရောက်တော်မူပါရန် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့ တွင်လျှောက်ထားခြင်းပင် ဖြစ်သည်။ ကာဠုဒါယီမထေရ် လျှောက်ထားချက်အရ ဂေါတမ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ တပေါင်း လပြည့်ကျော် ၁ ရက်နေ့တွင် ရဟန္တာ အရှင်သူမြတ် နှစ်သောင်းခြံရံလျက် ကြွရောက်တော်မူသည်။ တစ်နေ့လျှင် တစ်ယူဇနာခရီးဖြင့် ကြွချီတော်မူကြရာ ယူဇနာခြောက်ဆယ်ဝေးသော ကပိလဝတ်ပြည်သို့ ကဆုန် လပြည့်နေ့တွင် ရောက်ရှိကြသည်။

ဂေါတမမြတ်စွာဘုရား ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူခြင်းကြောင့် ဗုဒ္ဓသာသနာတော် သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များ ဖြစ်ပေါ်လာကြောင်း ပညာရှင်များက လေ့လာဖော်ထုတ် ထားကြသည်။ ထိုအကျိုးဆက်များမှာ သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရဝ သမိုး (မိုးရေစိုစွတ်လိုသူကိုသာ စိုသောမိုး)ရွာသွန်းစေခြင်း၊ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်ေ သာ ဝေ ဿန္တရာ ဇာတ်တော်ကြီးကို ဟောကြားခြင်း၊ မဟာဓမ္မပါလ ဇာတ်တော်ကြီးကို ဟောကြားရသဖြင့် ခမည်း တော် သုဒ္ဓေါဒနမင်းကြီး အနာဂါမ်တည်ပြီး နောင်အခါ အရဟတ္တဖိုလ် တည်ခြင်း၊ မိထွေးတော်ေ ဂါတမီ သောတာပန်တည်ခြင်း၊ နောင်အခါ ဘိက္ခုသာသနာ ထူထောင်ခွင့်ကြုံခြင်း၊ ယသော်ဓယာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကြီး ဟောကြားခြင်း၊ ဇနပဒကလျာဏီ၏ ကြင်ဖက်တော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း၊ သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘဝသို့ရောက်ခြင်း၊ ဆွေမျိုးတို့က မြတ်စွာဘုရားအား ကြည်ညိုစေရန်စွမ်းဆောင်ရာ၌ အမြင့်မြတ်ဆုံးဘွဲ့ ကုလပ္ပံသာဒဧတဒဂ်ကို ကာဠုဒါယီမေ ထရ်အား ချီးမြှင့်တော်မူ ခြင်း၊ အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓဝင် ဒေသနာတော်ကို ဂေါတမမြတ်စွာဘုရား ဟောကြား တော်မူခြင်း၊ နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း၊ သာကီဝင်မင်းမျိုးမှ မင်းသားတစ်ထောင် ရဟန်းဘောင်သို့ ရောက်လာကြခြင်းတို့ ဖြစ်သည်။

ဗုဒ္ဓဘာသာမြန်မာတို့အတွက် တပေါင်းလ၏ ထူးခြားမှုတစ်ခုမှာ ငွေရောင်တောက်ပသော ဖြူလွလွသဲသောင် ပြင်ဝယ် သဲပုံစေတီများ တည်ထားကိုးကွယ်ကြသည့် အစဉ်အလာအရ ယနေ့တိုင် သဲပုံစေတီပွဲများ ကျင်းပ ကုသိုလ် ယူကြသည့်ဓလေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် သဲပုံစေတီ တည်ထားကိုးကွယ်သော ဓလေ့အစဉ် အလာ ပုဂံခေတ် အနော်ရထာ မင်းကြီးလက်ထက်က စတင်ခဲ့သည်။ အနော်ရထာမင်းကြီးသည် ပုဂံမြို့အနီး ဧရာဝတီမြစ် သဲသောင်ခုံတွင် စွယ်တော်မြတ်ကို ဌာပနာ၍ စေတီကြီးတစ်ဆူ တည်ထားကိုးကွယ်တော်မူပြီး ရွှေစည်းခုံဟု ဘွဲ့တော်သတ်မှတ်ခဲ့ရာ ယနေ့တိုင် ကြည်ညိုသဒ္ဓါပွားဖွယ်ရာ အထင်အရှား ဖူးတွေ့နေကြရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ထုမှာဓမ္မရံ၊ အလှမှာ အာနန္ဒာ၊ အမြင့်မှာ ရွှေစည်းခုံဟူ၍ ပြောစကားတွင်သည်။ ရွှေစည်းခုံစေတီပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ကျင်းပ လျက်ရှိရာ ပြည် တွင်းမှဘုရားဖူးလာရောက်ကြသူများ၊ ပြည်ပမှ ခရီးသွား ဧည့်သည်များဖြင့် စည်ကားသည်။ ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးနှင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး တို့၏ ဘုရားပွဲတော်များကိုလည်း တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိရာ ဘုရားဖူးလာသူများနှင့် ကြက်ပျံမကျ စည်ကားသည်။

ဂေါတမမြတ်စွာဘုရားသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် မိထွေးတော် ဂေါတမီတို့အား အမြတ်ဆုံး တရားဓမ္မဖြင့် ကျေးဇူးဆပ်ရန် ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွတော်မူခြင်းကြောင့် တပေါင်းလ သည် ဗုဒ္ဓသာသနာတော်၏ သမိုင်းဝင်လဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာတို့သည် တပေါင်းလ အခါသမယတွင် ရဟန်းရှင်ပြု ကောင်းမှုကုသိုလ်တရားကို နှစ်စဉ်ပြုလုပ်ကြသည်။ သို့ဖြစ်၍ တပေါင်းသာခေါင် လများနောင်တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ကုသိုလ်ကောင်းမှု အစုစုတို့ကို မုဒိတာပွားလျက် မြဝတီက ဝမ်း မြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုရင်း လူ့ဘောင်ကောင်းကျိုး အစဉ်သယ်ပိုးကြ ပါရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

Read 566 times Last modified on Thursday, 01 March 2018 06:54