SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမျိုးအတွက်ပေးဆက် တို့ရဲ့အသက်များသည်

Sunday, 08 April 2018 08:16 font size decrease font size decrease font size increase font size increase font size

မိဿရာသီ တန်ခူးလသာယာပုံကို ''ပျော်မြူးရာသီ၊ ဖူးစီသရစ်၊ ရွက်သစ်ဖြန်းစ၊ လန်းလှလေ''ဟူ၍ ဆယ့်နှစ်လရာသီလူးတား၌ ဦးယာက ဖော်ကျူးထားသည်။ တန်ခူးလ ရွာသွန်းသော ဖက်ဆွတ်မိုးက ပက်ဖျန်းလိုက်သဖြင့် နေပူလေပူကြားမှ

သစ်ပင်ပန်းမာလာတို့ ရွက်သစ်စိမ်းစိမ်း စိုစို လန်းလန်းဆန်းဆန်းနှင့် အားမာန် ဝင့်ချီနေကြချိန်တွင် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ကြမည့် စစ်ခေါင်းဆောင်များကို လေ့ကျင့် မွေးထုတ်ပေးသော တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၂၁) သီဟတပ်ခွဲ သင်တန်းဆင်း အခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဧပြီ ၆ ရက်တွင် အဆိုပါ ကျောင်း၌ကျင်းပသည်။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၁) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင် ကိုယ်စား ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်း တက်ရောက် မိန့်ခွန်းပြောကြားသည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်းက မိန့်ခွန်း ပြောကြားရာ၌ ''မိမိတို့နိုင်ငံ၏ ပထဝီအနေအထားနှင့် နိုင်ငံ့စွမ်းအားအပေါ် မူတည်ပြီး ပြည်သူ့ စစ်မဟာဗျူဟာကို နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့စစ်မဟာဗျူဟာ၏ အနှစ်သာရသည် နိုင်ငံတော် ကာကွယ်ရေးအတွက် တပ်မတော်ကို မဏ္ဍိုင်ပြုပြီး ပြည်သူတစ်ရပ်လုံးက ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်းပဲဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် တပ်မတော်အကြား ခိုင်မာသည့် ဆက်ဆံမှုရရှိရန် ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ပြည်သူနှင့် တပ်မတော် တစ်သားတည်း ရှိမှသာ ပြည်သူ့စစ် မဟာဗျူဟာကို ထိရောက်စွာ ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်နှင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိကြောင်း၊ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြုံလာလျှင် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်သည့် ပြည်သူ့စစ် မဟာဗျူဟာကို ကျင့်သုံးနိုင်ရေးကိုလည်း မျှော်တွေးပြီး လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများကို လိုအပ်သလို စီမံဆောင်ရွက်နေကြရန် လိုကြောင်း'' ဖြင့် အလေးအနက် မှာကြားသည်။

မြန်မာနိုင်ငံသည် သူရဲကောင်းတို့ ထွန်းကားရာ တိုင်းပြည်ဖြစ်ကြောင်း အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့ တည်ထောင်ခဲ့ကြသည့် ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ကြီးတို့၏ သမိုင်းမော်ကွန်းများတွင် အသီးသီး တွေ့နိုင်သည်။ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကြီးတို့ တည်ထောင်ကြရာတွင် ပြည်သူများ ပါဝင်ခဲ့ကြသည်ကို ပြဆိုထားသော ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်၌ ဆယ်ပြုမြို့၊ ရာပြုမြို့၊ ထောင်ပြုမြို့ဟူ၍ နိုင်ငံတော်အတွက် စစ်မက်ရေးရာ ကြုံကြိုက်လာသော် ဒေသအလိုက် တပ်မတော်ကြီးတွင် ပါဝင် တာဝန်ထမ်းဆောင်ရမည့် လူဦးရေသတ်မှတ်ချက်များကို လည်းကောင်း၊ နှမလေးမယ်တို့မောင်မှာ၊ စစ်သံကြားလျှင် ရွှေဓားပိုက်ကာ၊ အိုးစားဖက်ကို လိုက်၍ ရှာသည်ဟူသော စာဆိုရှင်ငြိမ်းမယ်၏ ဇာတိမာန် ကဗျာကို လည်းကောင်း အသီးသီးတွေ့ရသည်။ မြန်မာတို့ လွတ်လပ်ရေး ဆုံးရှုံးသွားသည်ကို ပြန်လည်ရယူကြရာ၌ တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူအားလုံး ပါဝင်သော လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာလည်း အလားတူ ပြည်သူတို့ ပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာ၏ အောင်မြင်မှုကို တွေ့ရသည်။ လွတ်လပ်ရေး ရပြီးချိန်၌ ကြုံတွေ့ရသော ပြည်တွင်း သောင်းကျန်းမှုကို နှိမ်နင်းရာ၌ လည်းကောင်း၊ ပြည်ပ ကျူးကျော်မှုကို တွန်းလှန်ရာ၌ လည်းကောင်း တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူများ၏ တစ်ခဲနက် ပူးပေါင်း ပါဝင်မှုကြောင့် အောင်ပွဲ အလီလီ ရရှိခဲ့ကြပြီးဖြစ်သည်။

ယနေ့ပြည်သူတို့ ဆန္ဒဖြစ်သည့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် နိုင်ငံတော် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံး ညီညွတ်ရေး တို့ကို ပြည်သူ အားလုံး စုစည်းညီညွတ်စွာဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အတွက် တပ်မတော် အနေဖြင့် နေရာဒေသနှင့် အချိန်ကာလမရွေး ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။ တစ်ပြိုင်တည်းမှာပင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံရေးနည်းအရ မှန်ကန်စွာ ဖြေရှင်း ဆောင်ရွက်မှုများတွင် တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက် ရှိသည်။ သမိုင်း အတွေ့အကြုံအရ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နေသော တပ်မတော်နှင့် ပြည်သူတို့ အမြဲ ကြည်ဖြူနေကြသော် ဘယ်သူမှ ရန်မူဝံ့မည် မဟုတ်ကြောင်းကို အလေးအနက် ယုံကြည်လျက် တပ်မတော်သားတို့ အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ အတွက် အသက်နှင့် ခန္ဓာ ပေးဆက်ဝံ့သူများ ဖြစ်သည့် အားလျော်စွာ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၂၁) သင်တန်းဆင်း ခေါင်းဆောင်ငယ်များ အနေဖြင့် ဆတက် ထမ်းပိုးတိုး၍ တာဝန် ကျေပွန် ကြမည်ဟု မြဝတီက ယုံကြည်ကြောင်း ဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။

Read 375 times Last modified on Sunday, 08 April 2018 08:16