SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အလုပ်သမားများ လူမှုစီးပွားဘဝ မြင့်မားရေး

Tuesday, 01 May 2018 09:00 font size decrease font size decrease font size increase font size increase font size

ယနေ့ ၂ဝ၁၈ ခုနှစ် မေ ၁ ရက်သည် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့တွင် စက်မှုထွန်းကား လာသောအခါ အလုပ်သမားစိုက်ထုတ်လုပ်ကိုင်ရသော ကာယ၊ ဥာဏစွမ်းအားနှင့် ရရှိသော လုပ်အားခတို့ မမျှတသောအခါ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေး မပြေမလည် ဖြစ်လာရသည်။

ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်တို့၏ အမြတ်တင်စီး လောဘမီးသည် ကာယ၊ ဥာဏလုပ်သားတို့အပေါ် အပူရှိန် ဟပ်လာသောအခါ အလုပ်သမားတို့မှာ ဝမ်းမဝမျှမညီဖြစ်ရာမှ လူလည်းချုံး၊ စိတ်လည်းနုံးကာ မဆုံးနိုင်သော လူမွဲဘဝတွင်သံသရာလည်လျက် မိသားစုစားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့ နိမ့်ကျနေကြသည်။ ဤသို့သော အခြေအနေများမှ လွတ်မြောက်ရန် လုပ်အားနှင့် လုပ်ခမျှတရေးကို အလုပ်သမားတို့က တောင်း ဆိုကြသော်လည်း အလုပ်ရှင်တို့က လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် ၁၈၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ၌ကျင်းပသော ကမ္ဘာ့အလုပ်သမား ညီလာခံက အလုပ်သမား တစ်ဦးအတွက်အလုပ်ချိန်ကို တစ်နေ့ ၈ နာရီ သတ်မှတ်ပေးပြီး နှစ်စဉ်မေ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၂၉ နှစ်ပြည့်ပြီဖြစ်သည်။

ပဲရစ်မြို့၌ကျင်းပသော ကမ္ဘာ့အလုပ်သမား ညီလာခံက အလုပ်သမားတို့၏ အလုပ်ချိန်နှင့် လုပ်အားခ မျှတ ရေးကို သတ်မှတ်ပေးလိုက်သော်လည်း ထိုအချိန်က ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ မြန်မာနိုင်ငံမှ အလုပ် သမားတို့အတွက် အကျိုးခံစားခွင့် မရကြဘဲ နိုင်ငံခြားသား အရင်းရှင်တို့၏ သွေးစုပ်ခြယ်လှယ်မှု အောက်တွင် ဘဝမလှဘဲ ရုန်း ကန်နေကြရသည်။ ဗြိတိသျှ ကိုလိုနီလက်အောက်ခံ မြန်မာနိုင်ငံမှ ထွက်သော သယံဇာတများ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ဝန်ဆောင်မှု လုပ်ငန်းများ အားလုံးကို နိုင်ငံခြား သားပိုင်သော အရင်းရှင် ကုမ္ပဏီကြီးများကသာ လက်ဝါးကြီး အုပ်ထားကြသည်။ မြန်မာနိုင်ငံသားတို့၏ ဘိုးဘွားပိုင်လယ်ယာမြေတို့မှာ လည်းနိုင်ငံခြားသား ချစ်တီးများ လက်သို့ ရောက်ရှိကုန်ကြသည်။ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာ အများဆုံး ပေါ်ပေါက်မှုသည် ရေနံမြေရှိ ရေနံသူဌေးများနှင့် အလုပ်သမား မပြေလည်မှုများ ဖြစ်သည်။ တစ် ဆက်တည်းမှာပင် ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမား ပြဿနာနှင့် ဧရာဝတီ သင်္ဘောကုမ္ပဏီမှ အလုပ် ရှင်နှင့်အလုပ်သမား ပြဿနာတို့ ပေါ်ပေါက်ခဲ့သည်။

ချောက်ရေနံမြေမှ သခင်ဖိုးလှကြီး ဦးဆောင်သော အလုပ်သမားများသည် ၁၉၃၈ ခုနှစ်တွင် မိုင် ၄ဝဝ ကျော်ကွာဝေးသော ရန်ကုန်မြို့သို့ချီတက်၍ အလုပ်သမားများဘဝ မြှင့်တင်ရေး တောင်းဆိုမှုသည် မြန်မာ နိုင်ငံလုံးဝ လွတ်လပ်ရေးဆီသို့ အရောက်လှမ်းရန် ခြေလှမ်းစတင် လိုက်ခြင်းပင်ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံ အလုပ်သမားတို့၏ အခန်းကဏ္ဍသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့တွင် အရေးပါသော နေရာမှရပ်တည်၍ တိုင်းပြည်ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၌ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစားနေကြသည်။

နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသော အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများမှ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးသည် ကုန်ထုတ်လုပ်ငန်း မြင့်မားရေးအတွက် အရေးပါသော ကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ ယနေ့နိုင်ငံတော် အစိုးရသည် စက်ရုံ၊ အလုပ်ရုံများ၌ အလုပ် သမားခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ဖြင့် ဆောင်ရွက်ရေး၊ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အလုပ်ရှင် နှင့် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်း၍ အလုပ်သမားရေးရာ ပြဿနာများ လျော့ နည်း ကျဆင်းရေး တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ အလုပ်ရှင်နှင့် အလုပ်သမားတို့ အချင်းချင်း ဆက်ဆံရေး ကောင်းမွန်မှု၊ အပြန်အလှန် အသိအမှတ်ပြု ယုံကြည်မှုနှင့် ညီညွတ်မှုတို့သည် ကုန်ထုတ်လုပ်မှု မြင့်မားရေးအတွက် မရှိမ ဖြစ်လိုအပ်ချက်များဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဖော်ဆောင်လျက် ရှိသကဲ့သို့ အလုပ်သမားများ အကျိုးခံစားခွင့် ရရှိရေးကိုလည်း လူမှုဖူလုံရေးအပါအဝင် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးခြင်းနှင့် ကျွမ်းကျင် လုပ်သား အရေအတွက် တိုးပွားရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အလုပ်သမား ကုန်ထုတ်စွမ်းအား မြင့်မားရေး၊ အလုပ်ရှင်နှင့် အလုပ် သမားတို့ အချင်းချင်း ဆက်ဆံရေး ကောင်းမွန်ရေး၊ အလုပ်သမားများ ရသင့်သော အကျိုးခံစားခွင့်များ ရရှိရေးတို့အတွက် သက်ဆိုင်သူအားလုံး တို့က ပူးပေါင်းေ ဆာင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး အင်အားတောင့်တင်းရေး၊ အလုပ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး ရည်မှန်းချက်တို့ကို လက်တွေ့ဖော်ေ ဆာင်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

Read 296 times Last modified on Tuesday, 01 May 2018 09:09