SJ WorldNews - шаблон joomla Авто

တောင်ခိုးဝေ လေဟုန်ပြင်း စံကားဝါ သင်းချိန်ဝယ်

Saturday, 25 May 2019 07:43 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ အမြင့် ၄၉၈၁ ပေရှိသော ပုပ္ပားတောင်မကြီးဝန်းကျင် သဘာဝသစ်ပင်များအနက် အနံ့မွှေးသောပန်းများတွင် ကဆုန်လ၌ပွင့်သည့် စံကားပင်များ ပါဝင်သည်။ အမြဲစိမ်းပင်စောက် တစ်မျိုးဖြစ်သော စံကားပင်တို့၏ အပွင့်သည် အဖြူ၊ အနီ၊ အဝါဟူ၍ရှိကြရာ ပုပ္ပားတောင်မကြီးဝန်းကျင်မှ စံကားပင်များမှာ အဝါရောင် အပွင့်များပွင့်ကြသည်။

မြန်မာစာပေသည် ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်မှ စတင်ထွန်းကားခဲ့သည့် သမိုင်းမှတ်တိုင် နှင့်အတူ မြန်မာကဗျာသည်လည်း ပုဂံခေတ်မှာပင် စတင်ထွန်းကားကြောင်း သိုးကလေအစချီ သော ပုပ္ပားနတ်တောင်ဘွဲ့လင်္ကာကို အထောက်အထားအဖြစ် ပညာရှင်များက အမှတ်အသား ပြုထားကြသည်။ ပုပ္ပားနတ်တောင်ဘွဲ့ လင်္ကာပထမစာပိုဒ်တွင် သိုးကလေ၊ ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့် ယိုးမှားပန်းစံကားဟူ၍ လည်းကောင်း၊ ဒုတိယစာပိုဒ်တွင် သိုးကလေ၊ စံကားပွင့်နှင့်၊ နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး၊ မောင်ကြီးနှမ၊ ညက်လှပြာစင်၊ မယ့်သည်ပင်သည် ခရီးသားဟူ၍ လည်းကောင်း အသီးသီး ရေးဖွဲ့၍ ပုပ္ပားတောင် မကြီးဝန်းကျင်၌ နှစ်စဉ်ကဆုန်လရောက်လျှင် ရွှေရောင်လွင်သော စံကားပန်းတို့ ပွင့်လန်းသင်းပျံ့ကြသည်ကို ရေးသူအမည် မသိရသော ပုဂံခေတ်ကဗျာ ဆရာတစ်ဦးက ဖော်ကျူးထားသည်။

ပုပ္ပားတောင်မကြီးဝန်းကျင်၌ ရွှေရောင်လွင်သော စံကားပန်းတို့ ပွင့်လန်းမွှေးပျံ့သော ယခုနှစ် ကဆုန်လပြည့်ကျော်တွင် အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ဘက်ပိုင်း ဒေသများသို့ စတင်ဝင်ရောက်လာသည်။ အနောက်တောင် မုတ်သုံလေသည် မြစ်ဝကျွန်းပေါ် ဒေသနှင့် အနောက်ရိုးမတို့ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ တိုက်ခတ် လာခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ ငဖဲမြို့နယ်တို့အတွင်း မေ ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် လေပြင်းတိုက်ခတ်သွားသည်။ အဆိုပါ ဒေသများအတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာများမှ ဘုန်းကြီးကျောင်းခုနစ်ကျောင်း၊ စာသင်ကျောင်း ခုနစ်ကျောင်းနှင့် လူနေအိမ်အချို့ အမိုးလန်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သော ကျေးရွာများသို့ မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကျောက်ပန်းတောင်း တပ်နယ်၊ ရမည်းသင်းတပ်နယ်၊ မကွေး တပ်နယ်၊ သရက်တပ်နယ်နှင့် ပဒါန်းတပ်နယ်တို့မှ တပ်မတော်သားများ သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ေ ရး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့အတွင်း မေ ၂၁ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့် မြို့တွင်းရှိ သစ်ပင်များပြိုလဲခြင်း၊ ဆိုင်ခန်းများပျက်စီးခြင်း၊ လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည့် မြို့လှမြို့သို့ မေ၂၂ ရက်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ရေတာရှည်တပ်နယ်မှ တပ်မတော်သားများ သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ ဇီးကုန်းမြို့နယ်အတွင်း မေ ၂ဝ ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာများ၌ ဘုန်းကြီးေ ကျာင်းခုနစ်ကျောင်း၊ စာသင်ကျောင်း သုံး ကျောင်း၊ လူနေအိမ် ၂၂ လုံးနှင့် ကြက်ခြံတစ်ခြံတို့ အမိုးလန်ပျက်စီးသွားသည်။ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ကျေးရွာများသို့ မေ ၂၁ ရက်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အင်းမတပ်နယ်မှ တပ်မတော်သားများ သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ သဲကုန်းမြို့နယ်၌ မေ ၁၅ ရက် ညနေပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာမှ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များအမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော နေရာများသို့ မေ ၁၆ ရက်တွင် အင်းမတပ်နယ်မှ တပ်မတော်သားများ သွားရောက်၍ အဆောက်အအုံများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမိုးလန်သွပ်များ ဆယ်တင်ပေးခြင်း၊ အမိုးများ ပြန်လည်ပြုပြင်ေ ပးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း စသည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

မြန်မာနိုင်ငံ တောင်ဘက်ပိုင်းသို့ စတင်ဝင်ရောက်နေပြီ ဖြစ်သော အနောက်တောင်မုတ်သုံလေ သည် ခုန်ပျံကျော်လွှား၍ ပဲခူးရိုးမဝန်းကျင်နှင့် စံကားဝါပန်းတို့ ပွင့်လန်းသင်းပျံ့ရာ ပုပ္ပားတောင် ဒေသတို့အတွင်း အရှိန်ပြင်းပြင်း ချဉ်းကပ်လာခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင် ကျောင်း၊ လူနေအဆောက်အအုံ၊ သစ်ပင်တို့ပြိုလဲ ပျက်စီးသွားသဖြင့် ပြည်သူ့အကျိုး အစဉ်သယ်ပိုးသော တပ်မတော်က ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြပေသည်။

Read 98 times Last modified on Saturday, 25 May 2019 07:50