SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကျယ်ပြန့် နက်နဲသောနိုင်ငံတော်လုံခြုံရေး တာဝန်

Friday, 05 July 2019 11:31 font size decrease font size decrease font size increase font size increase font size

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သံတောင်ကြီးတပ်နယ်ရှိ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောာင်း(ဘုရင့်နောင်)နှင့် အရာခံအကြပ်ကြီးသင်ကျောင်းရှိ နည်းပြ အရာရှိများ၊ သင်တန်းသားအရာရှိများ၊ စစ်သည်များအား ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းတွင် တွေ့ဆုံ အမှာစကားပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း၊ သံတောင်ကြီးတပ်နယ်ရှိ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိများနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ဖြစ်ကြောင်း၊နိုင်ငံတကာရှိ တပ်မတော်များသည်လည်း ၎င်းတို့၏ နိုင်ငံကိုကာကွယ်ရန်နှင့် အချို့အင်အားကြီးနိုင်ငံများမှ တပ်မတော်များသည် နိုင်ငံပြင်ပကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြကြောင်း၊ မိမိတို့နိုင်ငံ၏ ကာကွယ်ရေးမူဝါဒသည် နိုင်ငံကိုကာကွယ်ရန် ဖြစ်ပြီး အခြားနိုင်ငံအားကျူးကျော်ရန် မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုများမရရှိသေးကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းမှု မရှိကြောင်း၊ ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းချိန်တွင် လက်နက်ကိုင်ပြီး တောင်းဆို၍ မရကြောင်း ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် တပ်မတော်သို့ မိမိသဘောဆန္ဒအလျောက် ဝင်ရောက်လာကြသော တပ်မတော်သားတို့၏ ထူးခြားသော ခံယူချက်ယုံကြည်ချက် ဖြစ်သည်။ အချို့နိုင်ငံများ၌ အရွယ်ရောက်ပြီးသူများ စစ်မှုမထမ်းမနေရ ကာလတစ်ခု သတ်မှတ်ချက်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းထားခြင်းကြောင့် စစ်မှုထမ်းကြခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပြဋ္ဌာန်းချက်ပုဒ်မ ၃၈၆ ၌ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။ သို့သော် တပ်မတော်တွင် တာဝန်ထမ်းဆောင် နေကြသူများမှာ ဤဥပဒေအရ တာဝန်ထမ်းဆောင် နေကြသူများ မဟုတ်ဘဲ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်ကြသူများ ဖြစ်သည်။ တပ်မတော်သည် မိမိသဘောဆန္ဒအလျောက် ဝင်ရောက်ကြသော တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော တပ်မတော်ဖြစ်သည့် အားလျော်စွာ ကျယ်ပြန့်နက်နဲသော နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် စစ်ရေးသက်သက်သာ မဟုတ်ဘဲ စစ်ရေးမဟုတ်သော အခြားလုံခြုံရေး တာဝန်များကိုပါ တပ်မတော်သားများက ထမ်းဆောင်နေကြသည်။

နိုင်ငံတော်လုံခြုံရေး တာဝန်ဆိုသည်မှာ ပြည်ထောင်စုကြီးအတွင်း ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ အတူတကွ နေထိုင်လာခဲ့ကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စ အဝဝတို့ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးအတွက် ထမ်းဆောင်ရသော အမျိုးသားရေး တာဝန်ပင်ဖြစ်သည်။ တပ်မတော်သည် ခေတ်အဆက်ဆက်၌ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်မှာ တိုင်းရင်းသား ပြည်သူတို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် လုံခြုံမှုရှိစေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယနေ့ကာလတွင်လည်း ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူတို့နှင့်အတူ တပ်မတော်က ပါဝင်ကြိုးပမ်းလျက်ရှိရာ စစ်ဆင်ရေးနယ်မြေငါးခု၌ ငြိမ်းချမ်းရေးကိစ္စရပ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်အထိ စစ်ဆင်ရေးရပ်ဆိုင်းထားခြင်းကို ဇွန် ၃ဝ ရက်အထိ တိုးမြှင့် ရပ်ဆိုင်းပေးခဲ့ပြီး ယခုတစ်ဖန် သြဂုတ် ၃၁ ရက်အထိ ထပ်မံရပ်ဆိုင်းပေးထားပြီး ဖြစ်သည်။

ပြည်ထောင်စုကြီးအတွင်း စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ ဖွံ့ဖြိုးရေးနှင့်လုံခြုံရေးတို့အတွက် ကြိုးပမ်းရာတွင်လည်း တပ်မတော်က နိုင်ငံတော်အစိုးရဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ နေရာဒေသမရွေး တစ်တပ်တစ်အား ပါဝင်လျက်ရှိသည်။ ဤသို့ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်ပိုင်သယံဇာတများ တရားမဝင်ရယူ ရောင်းဝယ်မှုတားဆီးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်လျော့နည်းသက်သာစေရန်နှင့် သဘာဝဘေးဒဏ် ကြုံတွေ့ရပါက ရှာဖွေကူညီကယ်ဆယ်ရေး၊ ပြန်လည်ပေါင်းစည်းရေး၊ ကျန်းမာရေး စောင့်ရှောက်ကုသရေး တို့ကို တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်စီးပွားရေးကို အထောက်အကူပြုစေရန် တပ်မတော်ကုန်ထုတ်လုပ်ငန်းများမှ စက်ရုံများက အရည်အသွေးပြည့်မီသော သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ထုတ်လုပ်၍ ပြည်သူများအား သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ထို့ကြောင့် ကျယ်ပြန့်နက်နဲသော နိုင်ငံတော်လုံခြုံရေး တာဝန်ဆိုသည်မှာ တိုင်းရင်းသားပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝ တို့ကိုပင် ခေါ်ဆိုခြင်းဖြစ်ရာ ထိုတာဝန်များကို တပ်မတော်က ထမ်းဆောင်နေခြင်းသည် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့ လျှောက်လှမ်းနေသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ဖြောင့်တန်းချောမွေ့စေရေးအတွက် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း ရေးသားအပ်ပါသည်။ ။

 

Read 147 times Last modified on Friday, 05 July 2019 11:32