SJ WorldNews - шаблон joomla Авто

အယ်ဒီတာ့အာဘော်

Sunday, 25 August 2019 20:50 font size decrease font size decrease font size increase font size increase font size

(၂ဝ၁၉ ခုနှစ်၊ သြဂုတ် ၂၅ ရက်)

အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို သြဂုတ်၂၂ ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အစည်း အဝေးတွင် ရေကြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် မကူးစက်နိုင်သော ရောဂါ များ ကာကွယ်တားဆီး သွားရန်အတွက် ဝန်ကြီးဌာန ပေါင်းစုံ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အပါ အဝင် လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးတို့က ဆွေးနွေး ကြသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးရာတွင် မကူးစက်နိုင်သော ရောဂါများ (Non Communicable Diseases-NCDs) ဆိုသည်မှာ ရောဂါပိုးမှတစ်ဆင့် ကူးစက်ခြင်း မဟုတ်ဘဲ မျိုးရိုးဗီဇ၊ ပတ်ဝန်း ကျင်၊ ဇီဝကမ္မဖြစ်စဉ်၊ ကျန်းမာရေးနှင့် မညီညွတ်သော လူမှုဘဝနေထိုင်မှု ပုံစံများကြောင့် ဖြစ်ပေါ်လာသော နာတာရှည် ရောဂါများဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန်ထားသည့် NCDs Country Profile တွင် မြန်မာနိုင်ငံသည် မကူးစက်နိုင်သည့် ရောဂါများ ဝန်ထုပ်ဝန်ပိုး အများဆုံး ခံစားနေရသည့် ကမ္ဘာ့ ၂၃ နိုင်ငံ ထဲတွင် ပါဝင်နေပြီး အဆင့်(၈)နေရာ၌ ရပ်တည် နေကြောင်း၊ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ် အထိ နှစ် ၂ဝ အ တွင်း မကူးစက်နိုင်သော ရောဂါများကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် အမေရိကန် ဒေါ်လာ၃ဝ ထရီလီယံခန့် ဆုံး ရှုံးမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခန့်မှန်းထားကြောင်း၊ ယနေ့ မြန်မာနိုင်ငံ လူဦးရေ၏ ၉၄ ရာခိုင်နှုန်း သည် NCDs risk factors များဖြင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ဦးစွာပထမ ဆွေးနွေးသည်။

ပြည်သူတို့အတွက် မကူးစက်နိုင်သော ရောဂါဖြစ်စေနိုင်သော အကြောင်းတရားများနှင့် ကာကွယ်ကုသရေး တို့ကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆက်လက် ဆွေးနွေးရာတွင် NCDs ကိုဖြစ်စေ နိုင်သော major risk factor များဖြစ်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၊ အရက်အလွန်အကျွံ သောက် သုံးမှု၊ အဆီ၊ အငန်နှင့် အချိုလွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ်ရှိသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများ ပါဝင် သော စားသောက်ကုန်များ စားသုံးမှု၊ လေထုညစ်ညမ်းမှု၊ ကိုယ်လက်လှုပ်ရှား နည်းပါးသော ဘဝနေထိုင်မှု ပုံစံ စသည် တို့ကို ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရေးအတွက် အစိုးရနှင့် Multi-sectoral ကဏ္ဍအသီးသီးက ဦး ဆောင်၍ ပူးပေါင်းဆောင်ရွက်ကာ ပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုဖြင့် Universal Health Coverage (UHC) ဖော်ဆောင်ပြီး ကျန်းမာရေးကဏ္ဍ မြှင့်တင်ရန် လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် မတူညီသော ဝန်ကြီး ဌာနများ၊ ဦးစီးဌာနများ အကြားတွင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ဖော်ဆောင်ခြင်း၊ နိုင်ငံ၏ လက်ရှိ အခြေအနေအရ ခွင့်ပြုရရှိသော ဘဏ္ဍာငွေ၊ လူအင်အားတို့နှင့် ချိန်ညှိပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်၍     NCDs ကာကွယ်ရေးနှင့်  ထိန်းချုပ်ရေးအတွက် လိုအပ်သော Road Map နှင့် မူဝါဒများ ချမှတ်ပေးရမည် ဖြစ်ကြောင်း၊ ကျန်းမာရေး ဆိုင်ရာ Policy နှင့် Budget များကိုလည်း ပြန်လည် စိစစ်ပြီး ကာကွယ်ကုသမှု အပိုင်းကို ထိရောက်မှု ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထောက်ခံ ဆွေးနွေး သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာ န ဒုတိယဝန်ကြီးက သက်ဆိုင်ရာ ဝန်ကြီးဌာန ၂၁ ခု၏ပေါင်းစပ် ဖြေကြားချက်များအား ရှင်းလင်း တင်ပြ ကြောင်း သိရသည်။   တိုင်းရင်းသား ပြည်သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်ကုသမှုတွင် တပ်မတော်က ပါဝင် ဆောင်ရွက်လျက် ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ များဖြင့်   ကျေးရွာအရောက် ဆောင်ရွက်ပေးခြင်းများ၊ ဒေသအလိုက် လိုအပ်ချက်အရ တပ်မတော်နယ်လှည့် အထူး ဆေး ကုသရေး အဖွဲ့ဖြင့် ဆောင်ရွက်ပေးခြင်းများကို တွေ့ရသည်။ အထူးအားဖြင့် စစ်ကိုင်းတိုင်း ဒေသ ကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ထန်ပါခွေမြို့နယ် (ခွဲ)သို့ ယခုလအတွင်း အနောက်မြောက်တိုင်း စစ် ဌာနချုပ်မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ သွားရောက်၍ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ကုသမှုများ ဆောင်ရွက် ပေးခဲ့ကြသည်။

ထို့ကြောင့် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့၏ အကျိုး စီးပွားကို လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ၌ ထမ်းဆောင်နေသည်မှာ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် နေခြင်း ဖြစ်ကြောင်း တွေ့ရမည် ဖြစ်ပါသည်။     

 

Read 102 times Last modified on Sunday, 25 August 2019 21:29