SJ WorldNews - шаблон joomla Авто

ယဉ်ကျေးမှုသည် နိုင်ငံ၏ နှလုံးသည်းပွတ်

Monday, 09 September 2019 11:52 font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်နိုင်ငံတည်ဆောက်ကာကွယ်ရေးအတွက် နိုင်ငံသားများ၏ဇာတိမာန်ထက်သန်ရေးကို လှုံ့ဆော် ပေးနိုင်သည့် အရည်အသွေး စစ်မှန်မြင့်မားသော ယဉ်ကျေးမှု အနုသုခုမပညာတို့က စွမ်းဆောင်နိုင်ကြသည့် အားလျော်စွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများကို နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပလျက်ရှိသည်။

(၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပသည့် စက်တင်ဘာ ၂ ရက်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားရာ၌ နိုင်ငံတစ်နိုင်ငံ၏ယဉ်ကျေးမှုသည် ၄င်းနိုင်ငံ၏ နှလုံးသည်းပွတ်၊ တစ်နည်းအားဖြင့် အဆင့်အတန်းဂုဏ်ဒြပ်ပင်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်မည်ဟူသော ဆိုရိုးစကားနှင့်အညီ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်စေရန်၊ ကိုယ်ပိုင်အနုပညာနှင့် ခေတ်အဆက်ဆက်သမိုင်းအစဉ်အလာများ မတိမ်ကော မပပျောက်စေရန် အတွက်ပညာရှင်များက နည်းမျိုးစုံဖြင့်မှတ်တမ်းတင်ပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းလာခဲ့ကြခြင်း ဖြစ်ကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲများအား ကွပ်ကဲမှုအောက်တပ်များမှ စစ်သည်၊ စစ်သမီးများဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသည်။ ယခုကျင်းပသည့် (၁၈)ကြိမ်မြောက်ပြိုင်ပွဲများတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(စိတ်ကြိုက်) ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများတွင် နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်နှင့်စစ်သမီးများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲစတင်ဖွင့်လှစ်သည့် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ကြိုးတပ်တူရိယာ ခေတ်ပေါ်တီးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်းတို့ဖြင့် မျိုးဇာတိဂုဏ်တို့လွှမ်းခြုံသီချင်း၊ ညီညွတ်ရပ်တည် မြန်မာပြည်ယိမ်းအက၊ စည်တော်သံအက မင်းသားယိမ်းအလှ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင်ဖျော်ဖြေခဲ့သော စံတော်ချိန်တီးလုံး၊ ပန်းခြင်းယိမ်းအကနှင့် တပ်မတော် အင်အားရှိမှ  တိုင်းပြည်အင်အားရှိမည်  တေးသီချင်းတို့ သီဆိုတီးမှုတ်ကပြဖျော်ဖြေခြင်းနှင့် မျက်လှည့်လက်လှည့်ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အဖွင့်အမှာစကားပြောကြားစဉ် ယနေ့ခေတ်တွင် အတိတ်ကလို လက်နက်စွဲကိုင်နယ်ချဲ့ကျူးကျော်မှုမျိုးများ မတွေ့ရတော့ဘဲ နိုင်ငံတစ်နိုင်ငံကို အသုံးချလိုမည်ဆိုလျှင် ဘက်ပေါင်းစုံကနေ Multi Dimensional Warfare အဖြစ် Proxy State ၊ Proxy Government ၊ Proxy Leader များအဖြစ် ဖန်တီးလျက်ရှိကြကြောင်း၊  ၄င်းအထဲတွင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး၊ ဖျော်ဖြေရေးလုပ်ငန်းများ မျိုးစုံပါဝင်နေကြကြောင်း၊ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးလုပ်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေသည့် အဖျက်သမားအုပ်စုများ၊  အကြမ်းဖက်အုပ်စုများစွာ ရှိနေကြကြောင်း၊  မိမိတို့တိုင်းရင်းသားညီအစ်ကိုများ အားလုံး ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးကိုချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်စေရန် ကိုယ်စီကိုယ်င ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝနေ ရန်အရေးကြီးကြောင်း၊  မြန်မာပီပီ ကိုယ့်မြေကိုချစ်၊  ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးတတ်ခြင်းသည် စစ်မှန်သည့် အမျိုးသားရေး စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည့်အပြင် နိုင်ငံသားတစ်ဦး အနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်နေခြင်းလည်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြောကြားရာတွင် ဘာသာတရားကို မျက်ကွယ်ပြုသည့်ခေတ်၊ အနုသုခုမယဉ်ကျေးမှုကို မျက်ကွယ်ပြုသည့် ခေတ်များတွင် နိုင်ငံသူနိုင်ငံသားများသည် ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်များ ယုတ်လျော့ခြင်း၊  အမျိုးသားရေးနှင့်ကျေးဇူးသစ္စာတရားများ ပျက်ယွင်းခြင်းများရှိခဲ့ခြင်းကြောင့် တိုင်းပြည်နှင့်လူမျိုးများ အနေဖြင့် ကြီးမားသည့်အန္တရာယ်များ ဖြစ်ပေါ်ခဲ့ရသည်ကိုလည်း သာဓကအသီးသီးတွင် တွေ့မြင်နိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့ကြောင့် တိုင်းရင်းသား ပြည်သူအပေါင်း တို့အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ နှလုံးသည်းပွတ်ဖြစ်သော ယဉ်ကျေးမှု အမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းကြပါရန် မြဝတီကတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။    

Read 16 times Last modified on Monday, 09 September 2019 11:52