SJ WorldNews - шаблон joomla Авто

ဆောင်းသဇင်လန်းရွှင်ရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်

Tuesday, 08 October 2019 08:27 font size decrease font size decrease font size increase font size increase font size

ပန်းတကာပန်းတို့တွင် သစ်ခွမျိုးဝင်ဖြစ်သော သဇင်ပန်းသည် အကိုင်းအခက်မှ ပွင့်သည်မဟုတ်ဘဲ ဥမှပွင့်တံထွက်ပြီး တစ်နှစ်မှာတစ်ခါ ဆောင်းရာသီ၌ ပွင့်သောပန်းဖြစ်ပြီး မြေမထိသောတော်ဝင်ပန်းသဇင်ကို တန်ဖိုးထားကြသည်။

ပန်းသဇင်တို့လန်းရွှင်ဖို့ အားသစ်ပျိုးသော အောက်တိုဘာတွင် ရခိုင်ပြည်နယ်အတွင်း မမေ့နိုင်သော ထူးခြားဖြစ်စဉ်များ ရှိခဲ့ဖူးသည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင် နေသော ကျီးကန်းပြင်၊ ငါးခူရနှင့် ကိုးတန်ကောက် ရဲကင်းစခန်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး၊ ဒဏ်ရာရပြီး လက်နက်၊ ခဲယမ်းများဆုံးရှုံး ခဲ့သည်။ ထိုဖြစ်စဉ်တွင် ဘင်္ဂါလီများက နေအိမ်များအားမီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများအား အစိုးရသတင်းပေးဟု စွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ကြသဖြင့် ကျေးရွာပေါင်း ၁၇ ရွာတွင် လူနေအိမ် ၃၈၉ လုံး၊ ဈေးဆိုင်ခန်း ၂၃၆ ခန်း၊ ဗလီနှစ်လုံး၊ ဆရာ၊ ဆရာမအိပ်ဆောင်သုံးလုံး၊ ရဲကင်းတဲသုံးလုံး၊ အာရဗီမူကြိုကျောင်းတစ်ကျောင်း မီးလောင်ပျက်စီးသွားသည်။ ထိုဖြစ်စဉ်မှစ၍ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၄ ရက်အထိ အပြစ်မဲ့ပြည်သူ ၇၉ ဦးအသတ်ခံရပြီး ၁၂ ဦး ဒဏ်ရာရရှိသည့်အပြင် ၃၇ ဦး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပါသည်။ ၄င်းအကြမ်းဖက်လုပ်ရပ်အား အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့ဖြစ်သော ARSA အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းတို့ ကိုယ်တိုင်ဝန်ခံပြောဆိုထားပါသည်။

အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဉ်စတင်ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၉ ရက်တွင် တပ်မတော်က မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ခွင့်ပြုပါရန် နိုင်ငံတော်သမ္မတရုံးသို့တင်ပြခွင့်ပြုချက်ရယူပြီး စစ်ဆင်ရေးအသွင်ဖြင့် တပ်များအမြန် ရွှေ့ပြောင်း၍ နယ်မြေရှင်းလင်းရေးများ စတင်လုပ်ဆောင်ခဲ့သည်။ ¤င်းမြို့နယ်များအတွင်း ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ဆုံးရှုံးသွားသော လက်နက်များ ပြန်လည်ရရှိရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး တို့အား စစ်ဆင်ရေးအသွင်ဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် နယ်မြေတည်ငြိမ်အေးချမ်းမှု အခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြင့်သာ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်စေရန်အတွက် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှစ၍ တပ်မတော်က စစ်ဆင်ရေးများရပ်ဆိုင်းလိုက်သည်။ ထို့နောက် တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသော စားသောက်ဖွယ်ရာများကို တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ပို့ပေးပြီး ဒုက္ခရောက်နေကြသော တိုင်းရင်းသားပြည်သူများအား ဆက်လက်ထောက်ပံ့ပေးခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် မောင်တောမြို့နယ်အတွင်းရှိ ဗန္ဓုလကျေးရွာနှင့် ပတ်ဝန်းကျင်တိုင်းရင်းသားကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဗန္ဓုလနယ်မြေသည် သမိုင်းမှာလွန်စွာအရေးပါသည့်နယ်မြေတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ၏ ပိုင်နက်နယ်မြေကို မထိပါးမပွန်းပဲ့အောင် နယ်မြေတွင် နေထိုင်သူများက စုစည်းညီညွတ်သည့် အင်အားဖြင့် ထိန်းသိမ်းခဲ့ကြကြောင်း၊ ထိုသို့ သမိုင်းတစ်လျှောက် ထိန်းသိမ်းခဲ့သော်လည်း ဗြိတိသျှကိုလိုနီ လက်အောက်ဖြစ်ခဲ့ချိန်က မိမိတို့ပိုင်ဆိုင်မှုအချို့ ပွန်းပဲ့ခဲ့သည်များ ရှိကြောင်း၊ ခေတ်အဆက်ဆက် ခါးသီးသည့် အတွေ့အကြုံများကို ကြံ့ကြံ့ခံရင်ဆိုင်၍ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့ကြသော ဗန္ဓုလနယ်မြေမှ ဒေသခံတိုင်းရင်းသား များကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ မိမိနိုင်ငံတွင် ဗန္ဓုလနယ်မြေကဲ့သို့ ရင်ဆိုင်နေရသည့် ဒေသများရှိပြီး တပ်မတော်ကထိန်းသိမ်း ကာကွယ်ပေးထားကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆိုပါ ခရီးစဉ်အတွင်း အမှတ်(၁)နယ်ခြား စောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသို့ ရောက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများအား တွေ့ဆုံရာတွင် လွတ်လပ်ရေးဆိုသည်မှာ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်း ဆုံးရှုံးနိုင်သော်လည်း လွတ်လပ်ရေးပြန်လည် ရရှိရန်အတွက် ပေးဆပ်မှုများဖြင့် အချိန်များစွာပေးပြီး လုပ်ဆောင်ရသည်ကို နိုင်ငံ့အကြီးအကဲများ ပြောကြားခဲ့ကြောင်း၊ သို့ဖြစ်၍ ဤဒေသတွင် တာဝန်ထမ်းဆောင်နေသူများ အနေဖြင့် လုံးဝမပေါ့ဆရန် မှာကြားလိုကြောင်း ပြောကြားသည်။ ဘူးသီးတောင် တပ်နယ်နှင့် ဝါးခုတ်ချောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်စောင့်ရှောက်ခြင်းမှာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ခြင်း၊ တရားသောစစ်ကို ဆင်နွှဲခြင်းဖြစ်၍ အပြည့်အဝ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ဆောင်းသဇင်တွေ လန်းရွှင်ရေး အားလုံးပါဝင် စောင့်ရှောက်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ 

Read 58 times Last modified on Tuesday, 08 October 2019 08:29