SJ WorldNews - шаблон joomla Авто

မြန်မာအင်တာနေရှင်နယ် ပရိဘောဂပြပွဲ ကျင်းပ

Friday, 25 October 2019 08:36 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံ ပရိဘောဂအသင်းတို့ ပူးပေါင်းကျင်းပသည့်   မြန်မာအင်တာနေရှင်နယ် ပရိဘောဂပြပွဲကို  အောက်တိုဘာ ၂၄ ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်    ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုး၊ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေး အေးဝင်းနှင့်  Myanmar  Furniture Industrial Association  ဥက္ကဋ္ဌ ဦးကျော် ကျော်ဝင်းတို့   တက်ရောက်ကြကြောင်း သိရသည်။

ပြပွဲ၌ ကုမ္ပဏီပေါင်း ၅ဝ မှ ဆိုင်ခန်း ပေါင်း  ၁၇၉  ဆိုင်  ဖွင့်လှစ်ပြသထားပြီး ပြည်တွင်းထုတ်လုပ်သူများ ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည့်  ခုတင်၊  ဗီရို၊ စားပွဲနှင့်  ကုလားထိုင်များကို  ပြသထားသည့်အပြင်    ဝယ်ယူသူများစိတ်ကြိုက် ဒီဇိုင်းများကိုလည်း    မှာယူနိုင်ရန် စီစဉ်ထားသည်။ ထို့ပြင် ဝါးချစ်သူများအဖွဲ့ကလည်း  ဝါးဖြင့် ပြုလုပ်ထားသည့်   အသုံးအဆောင်ပစ္စည်းများ၊   ပြည်ပမှတင်သွင်းသည့်   အသုံးအဆောင်ပစ္စည်းများအပြင်  အိမ်တွင်းအလှဆင်ပစ္စည်းများကိုလည်း ပြသထားသည်။

အဆိုပါ ပြပွဲကို  အောက်တိုဘာ  ၂၄  ရက်မှ  ၂၇  ရက်အထိ  ကျင်းပလျက်ရှိကြောင်း သိရသည်။                     

လင်းခန့်

Read 54 times Last modified on Friday, 25 October 2019 08:39