SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ရေး အားလုံး ၀ိုင်းဝန်း ဆောင်ရွက်ပေး

Thursday, 26 March 2020 10:17 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂၀၂၀ ပြည့်နှစ်၊ မတ် ၂၆ ရက်)

COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် တရုတ်နိုင်ငံအလယ်ပိုင်း ၀ူဟန်မြို့တွင်ရှိ သည့် ပင်လယ်စာဈေးမှ စတင် ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ စတင် ကူးစက်ချိန်တွင် ကူးစက်သူ အယောက် ၄၀ ကျော်ခန့် သာရှိပြီး နှစ်ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁၃၉ ဦးရှိလာကြောင်း တရုတ်  နိုင်ငံမှ တာဝန်ရှိသူ များ၏ ဇန်န၀ါရီ ၂၀ ရက်ထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။ လက်ရှိအချိန်တွင် ကမ္ဘာ ပေါ်၌ ရောဂါဖြစ်ပွားသည့် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိပြီး မတ် ၂၄ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၃၇၅၄၉၈ ဦး၊ သေဆုံးသူ ၁၆၃၆၂ ဦးရှိပြီး သေဆုံးမှုရာခိုင်နှုန်း ၄ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

မတ် ၂၃ ရက်မတိုင်မီအချိန်အထိ မိမိတို့မြန်မာနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံရသည့်  လူနာတွေ့ရှိမှု မရှိခဲ့ဘဲ ၂၃-၃-၂၀၂၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်  ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ အမေရိကန် နိုင်ငံမှ ၁၃-၃-၂၀၂၀ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်  ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမွှမနနည ဃမေိ ရရှိထားသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားတွင် လည်းကောင်း၊ အင်္ဂလန်နိုင်ငံ မှ ၂၂-၃-၂၀၂၀ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ၀င်ရောက်ခဲ့သည့် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းသိရှိခဲ့ရပြီး  ၂၁-၃-၂၀၂၀ ရက်တွင်  မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ သုဝဏဘူမိ လေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ၀င်ရောက်လာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ်  အမျိုးသား တွင်လည်း COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိကြောင်းသတင်းထုတ်ပြန်ချက်အရ သိရှိခဲ့ရသဖြင့်  မိမိတို့မြန်မာနိုင်ငံ၌ လတ်တလော အချိန်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ သုံးဦးအထိရှိသွားပြီဖြစ်သည်။  COVID-19 ဗိုင်းရပ်ရောဂါ ကူးစက်မှုဖြစ်ပွားသည့် နိုင်ငံများထဲတွင် ပါဝင်သွားပြီဖြစ်သည်။

မိမိတို့မြန်မာနိုင်ငံအနေဖြင့် မတ်၂၅ ရက်အထိ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ သံသယနှင့်စောင့်ကြည့်လူနာစုစုပေါင်း၂၇၅ ဦးရှိပြီး  COVID-19 ရောဂါပိုးမတွေ့ရှိရသူ ၂၁၂ ဦး၊ ဓာတ်ခွဲနမူ နာပေးပို့ဆဲနှင့် စစ်ဆေးဆဲ ၆၁ ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။      

အဆိုပါ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ရောဂါရှိသူနှင့်ထိတွေ့ ခြင်းမှတစ်ဆင့် ကူးစက်ခံရနိုင်သည်။ ရောဂါကူးစက်ခံနေရသူ နှာချေ၊ ချောင်းဆိုးရာမှထွက်ရှိလာသည့် ရောဂါပိုးအစက်အမှုန်များ အသက်ရှူလမ်းကြောင်းသို့ ၀င်ရောက်ရာမှ တစ်ဆင့် ရောဂါကူးစက်ခံရနိုင်သည်။ အဆိုပါ ရောဂါပိုး ကျရောက်နေသည့် မျက်နှာပြင်၊ အရာဝတ်္ထုများကိုကိုင်တွယ်မိခြင်းမှတစ်ဆင့် မိမိမျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိရာမှ လည်းကူးစက်နိုင်သည်။

အဆိုပါ COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မိမိခန်္ဓာကိုယ်တွင်းဝင်ရောက် မှုမရှိစေရန် အတွက် အဓိကအားဖြင့် ကိုယ်ခံအားကောင်းရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကိုယ်ခံအားကောင်းစေ ရန်အတွက် တစ်ရက်လျှင် ခြောက်နာရီမှ ရှစ်နာရီကြား အိပ်စက်ပြီး အိပ်ရေးဝအောင် အိပ်ရန်လိုအပ်ကြောင်း၊ ထိုသို့ညအိပ်ရာ ၀င်ရာ တွင်လည်း ည ၁၂ နာရီမကျော်မီအိပ်စက်မှသာ အိပ်ရေးဝမည်ဖြစ်ကြောင်း၊ လတ်ဆတ်ပြီး သန့်ရှင်းမှုရှိသည့် ဟင်းသီးဟင်းရွက်များ စားရန်လိုအပ်ပြီး လိ္မော်သီး၊ ခရမ်းချဉ်သီး၊ စပျစ်သီး၊ နာနတ်သီး၊  ပန်းဂေါ်ဖီထုပ် စသည့်ဗီတာ မင်စီ ကြွယ်ဝသည့် အသီးအနှံများကို များများစားသုံးရန်လိုအပ်ကြောင်း၊ ဗီတာမင် နှင့်သ္တုဓာတ်များသည်လည်း ခနာကိုယ် ၏ခုခံအားစနစ်ကို အားကောင်းစေပြီး ရောဂါပိုးများကိုတိုက်ဖျက် နိုင်ကြောင်း၊ ဇင့်ပါသည့် အားဆေးများ သည်လည်း ခနာကိုယ် ၏ခုခံအားစနစ်ကို ကောင်းမွန်စေကြောင်း၊

ခနာကိုယ် ၏ သုံးပုံနှစ်ပုံသည် ရေဓာတ်များဖြင့်ဖွဲ့စည်းထားသဖြင့် တစ်ရက်လျှင် ရေသုံးလီတာနှင့် လေးလီတာကြား

သောက်သုံးရန် လိုအပ်ကြောင်း၊ အရက်၊ ဘီယာ၊ အအေးများသောက်သုံးခြင်းကြောင့် ရေဓာတ်များခန်းခြောက် ခြင်း ဖြစ်ပေါ်နိုင်သည့် အတွက် ယခုကဲ့သို့ကူးစက်ရောဂါများဖြစ်ပွားသည့်အချိန်တွင် တတ်နိုင်သမျှရှောင်ကြဉ်ရန် လိုအပ် ကြောင်း၊ ထို့ပြင် ကိုယ်ခံအားကောင်းစေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပုံမှန်ဆောင် ရွက်ရန် လိုအပ်ပြီး ထိုသို့ဆောင်ရွက်ချိန်တွင်လည်း အနည်းဆုံးနာရီဝက်ခန့် ချွေးထွက်သည်အထိလှုပ်ရှား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့နေ့စဉ် လုပ်ငန်း ဆောင်တာများဆောင်ရွက်ရာတွင် စိတ်ဖိစီးမှုအနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ပြီး ပျော်ရွှင်စွာနေထိုင်ဆောင်ရွက်ခြင်းသည်လည်း ကိုယ်ခံ အားကျမှုကိုကာကွယ်ပေးနိုင်ကြောင်း ဆေးပညာ ရှင်များက ပြောကြားထားသည်။

ထို့ကြောင့် မိမိထံ ရောဂါကူးစက်မှုမဖြစ်စေရန် အတွက် လူအများ သွားလာသည့်နေရာများကို တတ်နိုင်သမျှ ရှောင်ရှားခြင်း၊ လူအများသုံးစွဲသည့် မည်သည့်ပစ်္စည်းကိုမဆို ကိုင်တွယ်ပြီးပါက လက်အား  စနစ်တကျ ဆေးကြော ခြင်း၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ဆေးခြင်း၊ ကိုယ်လက် သန့်စင်ခြင်းများကို သတိထား ဆောင်ရွက်ခြင်း၊ အစာအာဟာရ ပြည့်ဝအောင်စားသုံးခြင်း၊ ကိုယ်ခံအား ကောင်းမွန်အောင်နေထိုင်ခြင်းများ ဆောင်ရွက် သင့်သည်။  မိမိ ကိုယ်တိုင်၊ မိမိချစ်ရသည့် သူများနှင့် မိမိပတ်ဝန်းကျင်တွင် ရောဂါကူးစက်မည်ကို လူတိုင်း စိုးရိမ်ကြမည်ဖြစ်သည်။ ထို့ကြောင့် ခနာကိုယ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်မှုမှ ကာကွယ်ရန်အတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ရောဂါဗေဒကျွမ်းကျင်သူများ၏ တိုက်တွန်းချက်များအတိုင်း လိုက်နာဆောင် ရွက်ပြီး မိမိကိုယ်တိုင်နှင့် မိမိတို့ ပတ်ဝန်းကျင်တွင် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ကြ ပါစေကြောင်း မြ၀တီမှတိုက်တွန်းရေးသားလိုက်ရပါသည်။ 

Read 20 times Last modified on Thursday, 26 March 2020 10:19