Print this page

အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်

Wednesday, 13 May 2020 10:06 font size decrease font size decrease font size increase font size increase font size

အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ်မေ ၁၀ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်သို့ရောက်ရှိခဲ့ပြီး ပြည်သူလူထု ကျန်းမာရေး၊ ငြိမ်းချမ်းရေးများဆောင်ရွက်ပေးရင်း ကျိုင်းတုံမြို့၏အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်သို့ရောက်ရှိသည်။ ထို့နောက် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက(၀စီပိတ်)ဆရာတော် ဘဒ္ဒန္တကော ၀ိဒအမှူးပြု၍ တည်ထားကိုးကွယ်သည့် အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား

ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်ကြကာ လက်ယာရစ်လှည့်လည် ပူဇော်ကြ ကြောင်း သိရှိရသည်။အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး အား ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအေးချမ်းသာယာမှုရှိစေရန်၊ ထေရ၀ါဒဗုဒ္ဓဘာသာ တည်တံ့ ခိုင်မြဲစေရန်နှင့် ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှု ကိုအထောက်အကူဖြစ်စေရန်အတွက် တည်ထားကိုးကွယ်ခြင်းဖြစ်သည်။ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော် မြတ်ကြီး၏ပုံစံအတိုင်း တည်ထားကိုးကွယ်မည်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၀၈ ပေရှိမည်ဖြစ် ကြောင်း သိရှိရသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနတို့ကို ထပ်မံတည်ထား ကိုးကွယ် နိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်လျက်ရှိခြင်းဖြစ်သည်။ ဖူးမြင်ရသမျှ စိတ်နှလုံး ကြည်နူးစေပြီး လှူဒါန်းလိုစိတ်များတဖွားဖွား ပေါ်ပေါက်လာသည်။ နောင်အရှည် နှစ်ပေါင်းများ စွာအကြာတွင် ဤဒေသသည် လွန်စွာစည်ကားပြီး ခရီးသွား ဧည့်သည် များနှင့် ပျားပန်းခပ်မျှ ရှိပေလိမ့်မည်။

အမျိုးဘာသာသာသနာအတွက် တပ်မတော်၏ဆောင်ရွက်ချက်များစွာထဲမှ ကုသိုလ်တော် တစ်ခုဖြစ်သည်။ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်ဟူသော ခံယူချက်အတိုင်း ဘာသာနှင့်လူမျိုး မကွယ်ပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ် ရာဖြစ်သော  ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုထားသည့်အတွက် တပ်မတော်သည်လည်း ဘာသာသာသနာတည်တံ့ ရှည်ကြာခိုင်မြဲရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော်မှစ၍ ယနေ့တိုင် ကမ္ဘာပေါ်တွင် ဗုဒ္ဓသာသနာတော် ၏နောက်ဆုံးခံတပ်မြို့တော်ကြီးအဖြစ် အခိုင်အမာရပ်တည်လျက်ရှိသည်။ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးအတွက် စစ်မှန်မြင့်မြတ်သောယဉ်ကျေးမှုအမွေကို ထိန်းသိမ်း သိုမှီးရာဘဏ္ဍာတိုက်ကြီးသဖွယ်လည်းဖြစ်သည်။ မြန်မာနိုင်ငံသာ ယင်းကဲ့သို့မရပ်တည်ခဲ့လျှင် ယနေ့ ဗုဒ္ဓသာသနာတော်သည် အုတ်အရောရော၊ ကျောက်အရောရောဖြစ်နေပါလိမ့်မည်။ မှောင်နှင့်မည်းမည်း ခရီးခဲခရီးကြမ်းတွင် စမ်းတ၀ါးဝါးလျှောက်နေကြရသော ကမ္ဘာသူ၊ ကမ္ဘာသားတို့အတွက် မဇ္ဈိမပဋိပဒါလမ်းမကြီးသည်လည်း လမ်းစပျောက်ကာ ချောက်ကမ်းပါး မှတက်လာနိုင်တော့မည်မဟုတ်ချေ။ ယခုမူ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် တစ်ခု တည်းသောစစ်မှန်ငြိမ်းချမ်းမှုအလင်းရောင်ဖြင့် ထွန်းဆောင်ကယ်မပေးနိုင်ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရပြီးသည်မှ ယနေ့တိုင် ဗုဒ္ဓဘာသာသာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်မှာ ရှေးအစဉ်အလာ ဗုဒ္ဓဘာသာမင်းကောင်း မင်းမြတ်တို့၏အစဉ်အလာကို ဆက်လက်ထိန်းသိမ်းခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာကိုစောင့်ရှောက်ခဲ့သော ဒုဋ္ဌဂါမဏိမင်းကြီးသည် “ငါ့တွက်မြားမြောက်၊ ချမ်းသာ ရောက်ဖို့၊ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ၊ သာသနာ၏၊ ရှည်ကြာခံ့ခံ့၊ မြင်းမိုရ်တံ့သို့၊ ကြံ့ကြံ့ခိုင်ကျည်၊စက်ရောင်ခြည်ဖြင့်၊ ပြည်ပြည်ဖြန့်လွှမ်း၊ ကျွတ်ဆုကမ်းဖို့၊ ငြိမ်းချမ်းကြစေ၊ ငါ့သက်သေလည်း၊ မနေဆုတ်နစ်၊ရန်သူ့စစ်ကို၊ ခုတ်ထစ်ပိုင်းလွှား၊ ငါစွန့်စား သည်၊ တရားသောစစ်မြေ အောင်ပွဲတည်း” အဓိဋ္ဌာန်ပြုကြောင်း (မဟာဝံသ ၂၅-အခန်း) တွင် ပါဠိနှင့်တကွဖော်ပြထားသည်။

တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သော ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး သည် စစ်မြေပြင်သို့ထွက်ခါနီးတိုင်း ဗုဒ္ဓဘာသာသာသနာနှင့်ပတ်သက်၍ အဓိဋ္ဌာန်ပြုပြီးမှသာ စစ်မြေပြင်သို့ထွက်လေ့ရှိကြောင်း သိရသည်။ သာသနာတော်အကျိုးသယ်ပိုးသူ ဖြစ်သည့် အတိုင်း တိုက်ပွဲတိုင်းမှာအောင်ပွဲရရှိကြောင်းမြန်မာ့သမိုင်းတွင် မော်ကွန်းတင်ထားသည်။ ယနေ့အချိန်အခါတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်ကွဲရွာအနီးတွင် တည်ထားနေသော သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်ရေး၌ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ 

Read 78 times