SJ WorldNews - шаблон joomla Авто

ကိုယ်စီအသိရင်ဝယ်ရှိ သတိပြုကာ ကာကွယ်ပါ ကမ္ဘာ့ကပ်ရောဂါ

Sunday, 17 May 2020 08:14 font size decrease font size decrease font size increase font size increase font size

ကိုယ်စီအသိရင်ဝယ်ရှိ သတိပြုကာ ကာကွယ်ပါ ကမ္ဘာ့ကပ်ရောဂါ

မိမိအား အန္တရာယ်ပြုသူကို  ရန်သူဟုသတ်မှတ်ကြောင်း   မြန်မာအဘိဓာန်တွင်ဖွင့်ဆိုထားသည်။ လူတစ်ဦး၏ ဘဝတိုးတက်ကြီးပွားရေး၊  အသက်ရှင်ရပ်တည်ရေးကို အနှောင့်အယှက်ပြုနေသူသည် ထိုသူအတွက်   ရန်သူဖြစ် ပေသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးကိုအန္တရာယ်ပြုကာ လူသားတို့၏ အသက်အန္တရာယ် ကိုခြိမ်းခြောက် နေသော COVID-19 သည် လူသားတို့၏ရန်သူအစစ်ဖြစ်လာသည်။ ထိုရန်သူသည် မြန်မာနိုင်ငံသို့ မတ် ၂၃ ရက်နေ့ တွင်စတင်ရောက်ရှိလာသည်။ ကမ္ဘာတွင်စတင်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လကုန်ခါနီးတွင်ဖြစ်သည်။

တပ်မတော်သည်  ရန်သူကိုအထင်လည်းမကြီး၊   အထင်လည်းမသေးမိစေရန်သတိပြုပါ  ဆိုသည့် ကျင့်ဝတ်ကို လက်ကိုင်ထားသည့်အတိုင်း ရန်သူ့သတင်းရသည်နှင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ ရန်သူရှိနေကြောင်း ကိုလည်း ပြည်သူတစ်ရပ်လုံးသိရှိစေရေး အချက်ပြပေးခဲ့သည်။ တပ်မတော်အနေဖြင့် လုပ်ဆောင်နိုင်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။ မမြင်ရသောရန်သူကို ကြိုတင်ကာကွယ်တားဆီးမှုဖြင့် ထိန်းချုပ် အနိုင်ယူရပေမည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မေ ၁၄ ရက်ကတွေ့ဆုံစဉ်  COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ကမ္ဘာ့ကပ် ရောဂါ COVID-19 သည် မြန်မာနိုင်ငံ၌ မတ်လ ၂၃ ရက်နေ့တွင်စတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောဂါကူးစက်ခြင်းခံရသူ သန်း သိန်းကျော်၊ သေဆုံးသူ သိန်း သောင်းကျော်၊ ပြန်လည် သက်သာလာသူ သန်း သိန်းကျော်ရှိပြီဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း၊ သို့ဖြစ်၍ ဒေသ အလိုက် အသိစိတ်ဓာတ်ရှိရှိဖြင့်   ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစိုးရနှင့်အုပ်ချုပ်ရေး အဖွဲ့အစည်း များက   တိုက်တွန်း၍မဟုတ်ဘဲ   တစ်ဦးချင်း မိမိအသိစိတ်ဖြင့်ဆောင်ရွက်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း၊ ထုတ်ပြန်ချက်များအတိုင်းလိုက်နာရန်လိုအပ်ပြီး မလိုက်နာခြင်းအားဖြင့် မလိုလားအပ်သော ကိစ္စရပ် များဖြစ် ပေါ်စေနိုင်ကာ အုပ်ချုပ်မှုလုပ်ငန်းများကိုထိခိုက်စေနိုင်သောကြောင့် တားမြစ်ထားသည့်အတိုင်းသာ  လိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ တင်းကျပ်သည်ဟုမခံယူကြစေလိုဘဲ ဖြစ်လာ ပါက မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါထိခိုက်စေနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

လူတိုင်းအတွက် ကျန်းမာရေးသည်မရှိမဖြစ်လိုအပ်သည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ ကျန်းမာမှ ပညာသင် ကြားရေး၊ မိမိဝါသနာပါရာ လုပ်ငန်းတစ်ခုခုလုပ်ကိုင်နိုင်ရေးတို့ဆောင်ရွက်နိုင်မည်။ ယခုဖြစ်ပွားနေ သော COVID-19 ကပ်ရောဂါသည် သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများ၊ ကျန်းမာရေးမကောင်း သူများတွင် ကူးစက်မှု ပိုမိုများပြားအဖြစ်များလျက်ရှိသည်။ ရောဂါကူးစက်မခံရရေးအတွက် နိုင်ငံတော်မှထုတ် ပြန်ထားသည့် စည်းကမ်း များကို တိတိကျကျလိုက်နာရပေမည်။ လက်ကို ဆပ်ပြာ သို့မဟုတ်  Alcohol ၆၀ ရာခိုင်နှုန်းပါဝင်သော လက်သန့် ဆေးရည်ဖြင့် မကြာခဏစနစ်တကျဆေးကြောခြင်း၊ သွားလာရာတိုင်းတွင် Mask တပ်ခြင်းများသည် ရောဂါ ကူးစက်မှုကိုကာကွယ်နိုင်မည်ဖြစ်ပေသည်။

ယခုအခါ မြန်မာနိုင်ငံတွင် မေ ၁၆ ရက်နေ့စာရင်းအရ ရောဂါပိုးတွေ့လူနာ ၁၈၂ ဦး၊ ဆေးရုံဆင်း ၈၃ ဦး၊ သေဆုံးခြောက်ဦးရှိကြောင်းသိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အခြေအနေဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမိုက်ရန်က မေ ၁၃ ရက်က  ဂျီနီဗာ၌ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ပြည်သူများ အနေဖြင့် COVID-19  ပျောက်ကွယ်သွားမည့်အချိန်ကို ခန့်မှန်းတွက်ချက်ရန်မကြိုးစားသင့်ကြောင်း၊ အကယ်၍  ဗိုင်းရပ် ကာကွယ်ဆေးကို ရှာတွေ့ခဲ့သည့်တိုင် ဗိုင်းရပ်ထိန်းချုပ်ရေးကို အကြီးအကျယ် အင်တိုက်အားတိုက် လုပ်ဆောင်ကြရဦးမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏လူမှုအဖွဲ့အစည်းအတွင်း၌ နောက်ထပ်အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားမည့်  ဗိုင်းရပ်ဖြစ်လာနိုင်သည်ဆိုသောအချက်နှင့်  ယင်းဗိုင်းရပ်သည် ဘယ်သောအခါမှ ထွက်ခွာ သွားမည် မဟုတ်ဆိုသည့်အချက်နှစ်ချက်ကို ထည့်သွင်းစဉ်းစားရန်အရေးကြီးကြောင်း  ထည့်သွင်းပြောကြား ခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ COVID-19  ရောဂါကူးစက်ခံရမှု၊ သေဆုံးမှုမြင့်တက်လျက်ရှိသည်။ ထို့ပြင် COVID-19  ကြောင့် အထူးသဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများလိုအပ်နေသည့် နိုင်ငံအများ အပြားတွင် စိတ်ဓာတ်ကျဆင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာစေခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေးခဲ့သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထား သောညွှန်ကြားချက်များအား မေ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019(COVID-19)   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။ ပြည်သူလူထုအနေဖြင့် ကိုယ်စီအသိရင်ဝယ်ထားရှိကာ အရာရာတွင် သတိလက်မလွတ်ဘဲ မိမိတို့၏ရန်သူကိုချေမှုန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။  

Read 39 times Last modified on Sunday, 17 May 2020 08:19