SJ WorldNews - шаблон joomla Авто

မပျက်အားမာန် လုံ့လသန်လျက်ခရီးဆက်

Wednesday, 20 May 2020 09:27 font size decrease font size decrease font size increase font size increase font size

 

 ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ( Super Cyclonic Storm )  အမ်ဖန် (AMPHAN)  သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိသည့် အတွက် အဝါရောင်အဆင့်သတ်မှတ်ထားသည်။ အဆိုပါအဖျက်စွမ်းအားကြီးမားသော စူပါ ဆိုင်ကလုန်း မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း နေရာကျဲကျဲမှနေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်သည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါစူပါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသဖြင့် ယာယီခိုလှုံရေးစခန်းများ သို့ရွှေ့ ပြောင်းရန် မလိုသော်လည်း မုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပေါ်လာတတ်သည့်ဘေးအန္တရာယ်များကိုမူ အထူး သတိပြုရမည်။

 

အဆိုပါဘေးအန္တရာယ်များမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ တောင်ကျချောင်းများတွင် ရေများ ရုတ်တရက်ကျဆင်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်သည်။ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်သည်  မြန်မာ နိုင်ငံသို့တိုက်ရိုက်မလာနိုင်သော်လည်း ကမ်းရိုးတန်းဒေသတစ်လျှောက်တွင်နေထိုင်သူများအနေဖြင့် အထူး သတိရှိရန်လိုအပ်သလို ကုန်းတွင်းပိုင်းဒေသနေပြည်သူများအနေဖြင့်လည်း မပေါ့ဆရန်လိုအပ်သည်။ ကမ်းရိုး တန်းဒေသအချို့တွင် မုန်တိုင်းအရှိန်ကြောင့် ဒီရေတက်ခြင်းကြုံတွေ့နိုင်သည်။

မေ ၁၉ ရက် နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်းတွင်ဖြစ် ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းသို့ရောက်ရှိခဲ့ကာ နောက် ၃၆ နာရီအတွင်း အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက် လေပြင်း များကျရောက်ပြီး  မိုးသက်လေပြင်းကျစဉ် ရေပြင်^မြေပြင်လေသည် နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်^မြေပြင်လေသည် နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။

ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်မှု၊ ပြင်ဆင်မှုလုပ်ဆောင်ရန် အချိန်များရရှိသည်။ နေရာရွှေ့ပြောင်း ရန်လိုအပ်က ရွှေ့ပြောင်းနေထိုင်ခြင်းမျိုးနှင့် လိုအပ်သောအသုံးအဆောင်ပစ္စည်းများစုဆောင်းခြင်း၊ မလိုအပ်သည် များစွန့်ပစ်ခြင်းများကို ကြိုတင်လုပ်ဆောင်နိုင်ကြသည်။ ယခုဖြစ်ပေါ်လာသော စူပါဆိုင်ကလုန်း မုန်တိုင်း အမ်ဖန်နှင့်ပတ်သက်၍ မြဝတီသတင်းစာတွင် မေ ၁၂ ရက်မှစတင်ဖော်ပြပေးခဲ့သည်။ မေ ၁၁ ရက်တွင် လေဖိအားနည်းရပ်ဝန်း၊ မေ ၁၅ ရက်တွင် မုန်တိုင်းငယ်အဆင့်၊ မေ ၁၆ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့် စသည်ဖြင့်အချိန်နှင့်တစ်ပြေးညီအသိပေးလျက်ရှိသည်။

မြစ်ချောင်းအနီး၊ တောင်ကျချောင်းများအနီးနှင့်မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများတွင် နေထိုင် သူများ အထူးသတိပြုပါ။ သို့မဟုတ်ခေတ္တရှောင်နေပါ။ မိုးသည်းထန်စွာရွာသွန်းရာမှ လျှပ်တစ်ပြက်ရေကြီးခြင်း များဖြစ် ပေါ်နိုင်ပြီး လျှပ်တစ်ပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန်အချိန်မရနိုင်သည့်အတွက် ညအချိန်များတွင် ပိုမို ဂရုပြုနေထိုင်ပါ။ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းများပြီးစီး၍ အပြင်ထွက်ပါက လျှပ်စစ် မီးကြိုး၊ လျှပ်စစ်ဓာတ်တိုင်များနှင့် တတ်နိုင်သမျှဝေးဝေးနေပါ။ အထူးသဖြင့် မြွေနှင့်အဆိပ်ရှိသောတိရစ္ဆာန်များ ၏ အန္တရာယ်ကိုသတိပြုပါ။ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်များကို သတိပြုနားထောင်ကြပါ။

နေပတ်လမ်းကြောင်း မြန်မာနိုင်ငံအပေါ်ကျရောက်မှုနှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်အကြောင်း ကိုလည်း မေ ၁၄ ရက်ထုတ် မြဝတီသတင်းစာတွင်ဆောင်းပါးဖြင့်အသိပေးထားသည်။ ယခုနှစ်သည် ယခင် နှစ်များထက် အပူချိန်လွန်ကဲနေပေရာ မုန်တိုင်းအရှိန်ကြောင့်မိုးရွာသွန်းခဲ့လျှင်လည်း မြန်မာပြည်သူတို့အတွက် တိမ်တမန် သီချင်းထဲကလို မြန်မာနိုင်ငံကိုလက်ဆောင်ပါးသည့်မိုးပုလဲပန်းဖြစ်ပေမည်။ ဆည်မြောင်းချောင်းကန် အစစ် အမှန်ဖြိုးရန် ပုလဲကုံးရွဲအလှရွာစေချင်သည်။ လယ်ယာဦးကြီးများစပါးဆန်ရေစိုက်လို့အဆင်ပြေမှ နိုင်ငံကြီးလည်း သာယာဝဖြိုးမည်ဖြစ်သည်။ မက်မပြေနိုင်သောလယ်တောယာမြေမှာထွန်ယက်ပြုစုနိုင်ဖို့ မိုးကို မျှော်လင့် လျက်ရှိပေသည်။

အဆိုးထဲကအကောင်းကိုပြောရလျှင် အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ကို အလွန့် အလွန်ကြီးတွေးပြီးမကြောက်ပါနှင့်။ စိတ်ကိုတည်ငြိမ်စွာထား၍ရင်ဆိုင်သင့်သည်။  မိမိကိုယ်ကို မိမိ ယုံကြည်ချက်ရှိထားစေချင်သည်။  ကဗျာဆရာမင်းကင်း၏ယုံကြည်ချက်နှင့်အတူ   ကဗျာလေးတွင်            အသင် မုန်တိုင်း၊ စိတ်ဆင်ရိုင်းနှင့်၊ လှိုင်းဝဲသြဃ၊ ဝုန်းဝုန်းထအောင်၊ မာန်<ကတွင်တွင်၊ တိုက်ပွဲဆင်လည်း ဆင်စမ်းပါ။ သင်၏ ရှေ့၌၊ မငိုက်ဦးခေါင်း၊ မစောင်းကိုယ်လက်၊ မပျက်အားမာန်၊ လုံ့လသန်လျက်၊ ခရီးဆက်မည်၊ တက်ကလည်းစုံ၊ ရွက်လည်းလုံမို့၊ မုန်တိုင်းသင့်ကိုတို့မကြောက် ဖော်ပြထားသည့်အတိုင်း  ကြောက်စိတ် ဖယ်ရှားလျက် ရဲရဲရင့်ရင့်ရင်ဆိုင်ကြပါစို့။  

Read 38 times