SJ WorldNews - шаблон joomla Авто

ပြည်သူလူထု စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိရေး တပ်မတော်ကဆောင်ရွက်ပေး

Friday, 22 May 2020 08:50 font size decrease font size decrease font size increase font size increase font size

 တပ်မတော်သားတိုင်းတစ်ဦးချင်းအနေနှင့် ပြုကျင့်ရမည့်ကျင့်ဝတ်များတွင် ဘေးအန္တရာယ်ကိုစွန့်လွှတ် စွန့်စား သည့်စိတ်ဓာတ်ဖြင့် ရဲရဲရင့်ရင့်ရင်ဆိုင်ပါဟူသော ကျင့်ဝတ်ပါရှိသည်။ ဘေးအန္တရာယ်ဆိုသည်မှာ  နိုင်ငံတော် နှင့်ပြည်သူအပေါ်ကျရောက်လာမည့် ဘေးအပေါင်း၊ ရန်အပေါင်းကို ဆိုလိုခြင်းဖြစ်ပေသည်။

စစ်မြေပြင်တွင် ရန်သူကိုတိုက်ထုတ်ရမည်။ ရန်သူဟူသမျှသည် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ဖျက်ဆီးနေသူများသာဖြစ်သည်။ ပြည်သူ့ဘ၀ အေးချမ်းသာယာစွာနေနိုင်ဖို့ တိုက်ထုတ်နေရခြင်းသည် တပ်မတော် သားတို့၏တာဝန်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ရောက်ရှိနေသော COVID-19 ကမ္ဘာ့ကပ်ရောဂါသည်လည်း ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်ဥစ္စာကို ပျက်စီးစေမည့်ရန်သူဖြစ်သည်။ မျက်စိဖြင့်မမြင်နိုင်သောရန်သူဖြစ်သည့်

အပြင် ကူးစက်မြန်သည်။ လူစုလူဝေးဖြင့် လှုပ်ရှားသွားလာ၍မရ။ ရောဂါပိုးက ဝင်ရောက်နှောင့်ယှက်ရန် ချောင်းမြောင်းနေသည်။ ဆင်ဆင်ခြင်ခြင်နေထိုင်နိုင်မှဖြစ်ပေမည်။ ထို့ကြောင့် တပ်မတော်သည် COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်နှင့်ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ လက်ခံစောင့်ရှောက်ပေးထားသည်။ မေ ၂၀ ရက် နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ၄၃၂ ဦး၊ ရန်ကုန်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ၃၁၃ ဦးတို့ကို လက်ခံထားရှိသည်။ အဆိုပါစောင့်ကြည့်လူနာအားလုံးမှာ ကျန်းမာရေးကောင်းမွန်ကြောင်းသိရှိရသည်။

သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များ၊ တာဝန်ရှိသူများက နေထိုင် စားသောက် ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသူများကို အဆိုပါစစ်ကြောရေးနှင့်တည်းခိုရေးစခန်းများတွင် Quarantine  စောင့်ကြည့်၂၁ ရက် ထားရှိသည်။၂၁ ရက်ပြည့်မြောက်သူများကို၂၁ ရက်ပြည့်ပြီးကြောင်းလက်မှတ်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန် စာရွက်စာတမ်းများနှင့်အတူ  သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများသို့  တပ်မတော်ကစီစဉ်ပေးသည့်မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။

တပ်မတော်အနေဖြင့်  ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019(COVID-19) နှင့် ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်အရှိန်အဟုန်ဖြင့် ပါဝင်ကူညီ ဆောင် ရွက်လျက်ရှိသည်။ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ တပ်မတော်ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့ ဆေးရုံများသို့ ဆေးရုံသုံးပစ္စည်းများ ပေးပို့လှူဒါန်းခြင်းများဆောင်ရွက်လျက်ရှိသည်။

မေ ၁၉ ရက်နေ့လယ်ပိုင်းတွင် ()ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း COVID-19  ရောဂါကာကွယ်  ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင်  အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့်   ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၄၀၀၀၀ ခု၊ N 95 Mask ၂၀၀၀ ခု၊ Face Shield  ၅၀၀ ခု၊ Bleaching Powder  ၁၀ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ စုံ၊ Surgical Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏မေတ္တာလက်ဆောင် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ရာ UWSA ဝ)အဖွဲ့မှတာဝန်ရှိသူက လက်ခံရယူပြီး တပ်မတော်မှယခုကဲ့သို့  COVID-19  ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ ပေးပို့ကူညီသည့်အတွက် () တိုင်းရင်းသားများကိုယ်စား နှစ်နှစ်ကာကာ ကျေးဇူး တင် ရှိပါကြောင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်  အားလပ်သင့်တော်သည့်အချိန်တွင် ()ဒေသသို့ လာရောက်လမ်းညွှန်မှုပြုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်း  UWSA ()အဖွဲ့မှဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ပြောကြား ခဲ့သည်။

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားတွင် COVID-19 ကပ်ရောဂါကြိုတင် ကာကွယ် ထိန်း ချုပ်ရေးအတွက်   ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ဝမ်ဟုန်၊ ဆီဟုတ်၊ မိုင်းယွန်း၊ ဟိုပန်၊ ဟိုရွက်၊ ဟွေအောနှင့် မုန်းကျွတ်ဒေသတို့ရှိ UWSA ()တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများကို မေ ၁၂ ရက်မှစ၍ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များဖြင့် COVID-19  ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

တပ်မတော်သည် ပြည်သူလူထုအတွင်းမှပေါက်ဖွားလာပြီး ပြည်သူလူထု၏သားသမီးများဖြင့်ဖွဲ့စည်း ထားသော အဖွဲ့အစည်းဖြစ်ပေရာ ပြည်သူလူထု၏အရေးအရာမှန်သမျှကို  ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ လူထုစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိစေရေး တပ်မတော်က စဉ်ဆက်မပြတ်ဆောင်ရွက်ပေး လျက်ရှိသည် များမှာ ပြည်သူလူထုအတွက်ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း မြဝတီကဖော်ညွှန်းလိုက်ရပေသည်။      

 

 

 

 

 

 

 

Read 35 times Last modified on Friday, 22 May 2020 10:48