Print this page

တစ်ဦးချင်းကောင်းအောင်ကြိုးစား၍ လောကကိုအလှဆင်ပါ

Saturday, 23 May 2020 11:42 font size decrease font size decrease font size increase font size increase font size

 

ယနေ့ခေတ်ကာလ၏အခြေအနေအရ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး COVID-19  ကို ကြုံတွေ့နေရသည်။ မိမိတို့ နေထိုင်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်အရောင်ထွန်းပြောင် နေသည့်အတွက် ကပ်ရောဂါဘေးဆိုးကြီးအလွန်ဆိုးဆိုးရွားရွားမဖြစ်သေးခြင်းဖြစ်သည်ဟု ထင်မြင်ယူဆပါသည်။

သို့သော်လည်း ထိုကပ်ရောဂါဆိုးကိုလျှော့မတွက်ထားသင့်ပါ။ မိမိတို့တစ်ဦးချင်းကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာ ဝင်တို့၏အခြေခံသီလဖြစ်သည့်သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ ကာမဂုဏ်တွင်မှားယွင်းစွာကျင့်ခြင်း၊ လိမ်ညာ ပြောဆိုခြင်း၊ အရက်သေစာသောက်စားခြင်းတို့ကို မပြုမိရန်ဆင်ခြင်ကြရမည်ဖြစ်သည်။ စိတ်ကောင်း ထား သီလမြဲမှလည်း ဘေးရန်အပေါင်းမှကင်းဝေးပေလိမ့်မည်။

လူသားတိုင်း၏အမြင့်ဆုံးရည်မှန်းချက်မှာ ကျန်းကျန်းမာမာချမ်းချမ်းသာသာနှင့်ဘဝခရီးကိုဖြတ်သန်း နေထိုင် လိုခြင်းဖြစ်သည်။ အသက်ရှည်ရှည်နေချင်သည်။ ကျန်းကျန်းမာမာရှိချင်သည်။ စားဝတ်နေရေးအဆင်ပြေ ချင်သည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် ဟန်မလုပ်ဘဲ ပွင့်လင်းရိုးသားသောအပြန်အလှန်ဆက်ဆံရေးကိုအလို ရှိကြသည်။ သူများအကျိုးစီးပွားကိုဆောင်ကြဉ်းလိုပြီး မိမိ၏အကျိုးစီးပွားလည်း ပြည့်ဝစေချင်သည်။ အတ္တနှင့် ပရမျှမျှတတဖြင့် လူ့ဘဝကိုပျော်ရွှင်စွာနေထိုင်လိုကြသည်မှာ လူတိုင်း၏ဆန္ဒဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျရောက်နေသောကပ်ရောဂါကြောင့်  လူတိုင်းစိတ်ဆင်းရဲမှုနှင့်ကြုံနေကြရသည်။ သွားချင်တိုင်းမသွားရ။ စားချင်တာမစားရ။ အကန့်အသတ်နှင့်နေကြထိုင်ကြရသည်။ တစ်ဦးချင်းကျန်းမာရေး မှသည်တစ်နိုင်ငံလုံးကျန်းမာရေးကို ရှေးရှုလုပ်ကိုင်ဆောင်ရွက်နေကြရသည်။ တစ်ဦးချင်းဆင်ခြင်မှအများ အတွက်ထိခိုက်မှုကင်းဝေးမည်ဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေ ၂၀ ရက်ထုတ်ပြန်ချက် အရ ယူအေအီးပြန်အမျိုးသားခြောက်ဦးတွင် COVID-19  ရောဂါပိုးထပ်မံတွေ့ရှိခဲ့သဖြင့် ပိုးတွေ့လူနာ ၁၉၉ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

လူတိုင်းတွင် ဘက်ပေါင်းစုံကာကွယ်ရန်လိုအပ်လာနေပြီဖြစ်ကြောင်း ပိုးတွေ့လူနာအရေအတွက်တိုးပွား လာခြင်းက သတိပေးလျက်ရှိသည်။ COVID-19 ရောဂါကူးစက်မှုကိုကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် နံနက်စာစားပြီးနောက်ပိုင်းနှင့် နေ့လယ်စာမတိုင်မီကြားကာလတွင် မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာ ခန့်သောက်ပေးပါက အဆုတ်သွေးကြောထဲရှိသွေးများကို အယ်ကာလီဓာတ်ပြုစေပြီး အဆုတ်သန့်ရှင်းစေသည်။

COVID-19 ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းမှာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက် ကူးစက်ပျံ့နှံ့စေခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသောရောဂါပိုးများအား လက်နှင့်ကိုင်တွယ်ထိတွေ့ရာမှ တစ်ဆင့် ကူးစက်ခြင်းတို့ဖြစ်သည်။

ရောဂါကာကွယ်နိုင်မည့်နည်းလမ်းများမှာ နေ့စဉ်လိုလိုကြားသိမြင်နေရသော်လည်း လိုက်နာမှုအားနည်း လျက်ရှိသည်။ လက်ကိုဆပ်ပြာနှင့်အနည်းဆုံးစက္ကန့် ၂၀ ကြာအောင်မကြာခဏဆေးပါ။ ဗိုင်းရပ်ပျံ့နှံ့မှုကို ကာကွယ်ရန် လူတစ်ယောက်နှင့်တစ်ယောက် မီတာ(၃ပေ)နှင့် ပေခန့်အကွာမှာနေပါ။ အများပြည်သူသုံး နေရာများရှိ ဓာတ်လှေကားခလုတ်များ၊ စက်လှေကားလက်ရန်းများနှင့်တံခါးလက်ကိုင်များကို မလိုအပ်ဘဲ ကိုင်တွယ်ခြင်းမပြုပါနှင့်။ ကိုင်တွယ်ပြီးပါကလက်ကိုစနစ်တကျပြန်ဆေးပါ။

ထို့ပြင် မကြာခဏထိတွေ့အသုံးပြုနေသောစားပွဲ၊ တံခါးလက်ကိုင်၊ ဖုန်း၊ အိမ်သာ အစရှိသည်တို့ကို ဗူခသ့သူ ၇၀ ရာခိုင်နှုန်းပါဝင်သောပိုးသန့်စင်ဆေးရည်ဖြင့် မကြာခဏပွတ်တိုက်သန့်စင်ပါ။ လူထူထပ် များပြားသော နေရာများကို တတ်နိုင်သမျှမသွားပါနှင့်။ ဖျားနာနေသော အိမ်မွေးတိရစ္ဆာန်နှင့်လမ်းဘေး တိရစ္ဆာန်များကို မကိုင်ပါနှင့်။ နှာချေ၊ ချောင်းဆိုးသည့်အခါတွင်လည်း နှာခေါင်းနှင့်ပါးစပ်ကို တစ်ရှူးနှင့် လုံအောင်ဖုံးပါ။ တစ်ရှူးမရှိ လျှင် လက်မောင်း၊ တံတောင်ကွေးတို့နှင့်ဖုံးအုပ်ပါ။   ကိုယ်ခံအားကောင်းနေလျှင် ရောဂါပိုးများကိုပိုမိုခုခံနိုင်မည်ဖြစ်၍ အာဟာရပြည့်ဝစေရန် အစာအုပ်စုစုံအောင်စားပါ။ ကောင်းစွာအိပ်စက် အနားယူပါ။

လူတိုင်းကျန်းမာရေးအတွက် နေ့စဉ်သတင်းမီဒီယာများတွင်ဖော်ပြပေးနေသကဲ့သို့ ဆရာတော်သံဃာ တော်များကလည်း ရတနသုတ်၊ မေတ္တသုတ်နှင့်ဥပ္ပါတသန္တိသုတ်တော်တို့ကို ရွတ်ဆိုပူဇော်ပေးလျက်ရှိပါသည်။ လက်ရှိတွင်ကပ်ရောဂါဘေးဆိုးပပျောက်သွားရန် အရေးကြီးလှပါသည်။ ကပ်ရောဂါဘေးဆိုးသည် လူတို့ အတွက်အနုတ်လက္ခဏာသာဖြစ်နေသည်။ သူ့ကြောင့် ကောင်းကျိုးတစ်စုံတစ်ရာမရရှိဘဲ ဆိုးကျိုးများသာ ဖြစ်ပွားနေသည်။ ထို့ကြောင့်ပြည်သူများအနေဖြင့် COVID-19  ရောဂါကင်းစင်လွင့်ပျောက်ရေးအတွက် အားလုံးတက်ညီလက်ညီ ဆက်လက်ပူးပေါင်းလုပ်ဆောင်ကြပါရန် မြဝတီကအသိပေးအပ်ပါသည်။   

Read 53 times Last modified on Saturday, 23 May 2020 11:57