SJ WorldNews - шаблон joomla Авто

အသိပညာနှင့်အတတ်ပညာတွင် ထူးချွန်ထက်မြက်သူများဖြစ်ကြပါစေ  

Friday, 29 May 2020 07:32 font size decrease font size decrease font size increase font size increase font size

 

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတမည်မျှပင်ပေါ ကြွယ်ဝ စေကာမူ လူသားအရင်းအမြစ်ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံရှိ လူသားအရင်းအမြစ်ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို ဘက်ပေါင်းစုံတွင်  ထူးချွန် ထက်မြက်အောင်ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင်လည်း လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးလျက် ရှိပါ သည်။ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့်မျိုးဆက်သစ်များဖြစ်ကြသည်။ မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင် တော်နေတတ်နေဖို့လိုသည်။ သူတို့ကိုယ်တိုင်ကြိုးစားရမည်ဖြစ်သလို

လူကြီးများကလည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ  ဘောင်အကန့်အသတ်မရှိ နက်ရှိုင်း ကျယ်ပြန့်လှသည်။ မိမိ၏ကာယ၊ ဉာဏစွမ်းအားအပေါ်မူတည်ပြီး ထူးချွန်ထက်မြက်မည်သာဖြစ်သည်။

ပညာတတ်ချင်းတူလျှင်သော်မှ စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေသူက အမြဲသာလွန်နေပေလိမ့်မည်။ နိုင်ငံတော် ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင်သကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက်၍မရနိုင်ပေ။ အသိပညာ နှင့်အတတ်ပညာ နှစ်မျိုးပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ်ကျွမ်းကျင်တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့ အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာကိုအခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ် ပညာရှင်အဖြစ် အများအကျိုးကိုဖော်ဆောင်ပေးနိုင်အောင် ယနေ့လူငယ်တိုင်း ကြိုးစားသင့်လှပေသည်။

အသိပညာအတတ်ပညာများအတွက် အကောင်းဆုံးမိတ်ဆွေမှာ စာကောင်းပေမွန်များဖတ်ရှုခြင်းဖြစ်သည်။ အလိမ္မာစာမှာရှိသည်ဆိုသည့်အတိုင်း အကျိုးရှိသည့်စာများကို များများဖတ်ကြရမည်သာဖြစ်သည်။ ယနေ့လူငယ် အချို့သည် အတုမြင်လျှင်အတတ်သင်တတ်ကြသည်။ အရာရာကိုစူးစမ်းလိုကြသည်။ ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်းလျှင်ကား မကောင်းသော ကိစ္စဖြစ် လာမည်။ မကောင်းသည့်အရာ အရက်ကလေးတစ်ခွက်လောက်၊ မူးယစ်ဆေးဝါး လေးတစ်ပြားလောက် စူးစမ်း မိလျှင်ကား မိမိဘဝ၏တိုးတက်မှုကိုဖျက်ဆီးနင်းခြေပစ်လိုက်သည်နှင့်တူပေသည်။

အတုယူလွဲမှားခြင်းမရှိအောင် ပြုမူနေထိုင်သင့်လှပေသည်။ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ နည်းပညာအမျိုးမျိုး၏ထိုးဖောက်ဝင်ရောက်မှုကြောင့်ပညာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူ လွဲမှား စေသောအရာများတွေ့မြင်နေကြရသည်။ ယနေ့လူငယ်များဆောင်ရွက်သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကြီးပွားရေးအတွက်သာဖြစ်သင့်သည်။ လူငယ်တိုင်း စိတ်ဓာတ်ခိုင်မာရမည်။ မိမိနိုင်ငံ၏ ကြီးမား သည့်ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းကြောင်းများကိုလည်း ထဲထဲဝင်ဝင်လေ့လာသိရှိ ထားသင့်သည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၇ ရက်က နေပြည်တော်ဇေယျာသီရိဗိမာန်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော်သားမိသားစုဝင်သားသမီးများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏သားသမီးများနှင့် ဘက်စုံပညာထူးချွန်လူငယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်း အနား တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မောင်မယ်တို့အနေဖြင့်လည်း မိမိတို့၏ မိဘ၊ ဆရာများအပေါ်တွင်ထားရှိရမည့်သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်နှင့်အညီ ကျင့်ကြံပြီး ပညာကိုဆက်လက်ကြိုးပမ်းသင်ယူသွားကြရန်လိုကြောင်း၊ အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူကြရာတွင် မြင်းကောင်းခွာလိပ်မဖြစ်စေရန်မိမိကိုယ်ကိုထိန်းကျောင်းကြရန်လည်း မှာကြားလိုကြောင်း၊ နိုင်ငံတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုအသီးသီးရှိကြကြောင်း၊ မတူညီသည့်ရိုးရာယဉ်ကျေးမှုများကို ပုံတူကူးချလိုက်ပါက ကာရန် မညီသည့်ကဗျာတစ်ပုဒ်ကဲ့သို့ဖြစ်သွားပြီး လူမျိုးပါပျောက်ကွယ်သွားနိုင်ကြောင်း၊ ထို့ကြောင့် တိုးတက်နေသူ များ၏ပညာအရာကိုသာ အတုယူကြိုးစားကြရန်လိုကြောင်း အမှာစကားပြောကြားခဲ့သည်ကို ပြန်လည် ကြားယောင်မိပါသည်။

နိုင်ငံတော်စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာပြုစုပျိုးထောင်ပေးခြင်း ဖြစ် သည်။ အနာဂတ်တွင် အသိပညာရှင် အတတ်ပညာရှင်များဖြစ်လာကြမည့်လူငယ်အပေါင်းတို့သည် မိမိတို့ အတွက် အသိပညာအတတ်ပညာများတိုးတက်သည်ထက်တိုးတက်အောင် ရှာဖွေရာတွင် အတုယူလွဲမှားမှုမရှိ စေချင်ပါ။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာကဗျာဆိုသည်မှာ ကာရန်လည်းညီ၊ အဓိပ္ပာယ်လည်းရှိရမည် ဖြစ် သည်။ ကာရန်မညီသောကဗျာသည် ကဗျာကောင်းတစ်ပုဒ်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ယနေ့လူငယ် မောင်မယ် များအနေဖြင့် အသိပညာ အတတ်ပညာတွင် ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားနိုင်ကြပါ စေကြောင်း မြဝတီကဆုတောင်းပါသည်။ ။

Read 67 times