SJ WorldNews - шаблон joomla Авто

၀မ်းပျက် ဝမ်းလျှော မဖြစ်ရေး အသိတရားနှင့် ဆောင်ရွက်ပေး

Wednesday, 17 June 2020 08:15 font size decrease font size decrease font size increase font size increase font size

 အယ်ဒီတာ့အာဘော်

(၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၇ ရက်)

မြန်မာတို့၏ ဥတုသုံးပါးကာလအပိုင်းအခြားသတ်မှတ်မှုမှာ နွေဥတုကို တပေါင်းလပြည့်ကျော်  ၁ ရက်နေ့မှ ဝါဆိုလပြည့်နေ့ အထိလည်းကောင်း၊  မိုးဥတုကို ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ လည်းကောင်း၊ ဆောင်းဥတုကို တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့မှတပေါင်းလပြည့်နေ့ အထိလည်းကောင်း သတ်မှတ်ပိုင်းခြားထားသည်။ လက်ရှိအချိန်မှာ နွေဥတုကုန် လွန်ခါနီးအချိန်ဖြစ်သော်လည်း  မိုးစတင်ရွာသွန်း နေပြီဖြစ်သည့်အတွက် မိုးဦးကာလဟု သတ်မှတ်နိုင်လေသည်။

မိုးဥတုသို့ရောက်တော့မည် ဆိုသည်နှင့် မိုးရာသီတွင်အဖြစ်များ တတ်သောရောဂါများအကြောင်းကိုသိရှိပြီး ကြိုတင် ကာကွယ်မှုဖြင့် အနိုင်ယူစေချင်သည်။ ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွား သူများပြားဟူသော သတင်းတစ်ပုဒ်ကိုဖတ်လိုက်ရသည်။ ရန်ကုန်တိုင်းဒေသကြီး၌ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားပြီး ဆေးရုံ၌ကုသမှုခံယူသူ ၂၀၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန(ရန်ကုန်) ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ သိရှိရကြောင်းဖော်ပြထားသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကုသ၍ ရနိုင်သော်လည်း ပြင်းထန်လာပါက အသက်အန်္တရာယ် ဆုံးရှုံးနိုင်သည်။

ဝမ်းပျက်ဝမ်းလျှောမဖြစ်စေရန်မှာ လတ်ဆတ်သော အသီးအနှံ၊ သားငါးများကို စနစ်တကျ ချက်ပြုတ် စားသောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားခြင်း၊ သောက်သုံးရေသန့်ရှင်းမှုရှိစေခြင်းတို့အပြင် ရေကို ကျိုချက်၍ သောက်သုံးခြင်းသည် အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပေသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် အစာအိမ်နှင့် အူလမ်းကြောင်းတွင် ရောဂါပိုးဝင်ရောက်သောကြောင့်ဖြစ်ပွားခြင်းဖြစ်သည်။ ဗက်တီးရီးယား ကပ်ပါးပိုး ကောင်များကြောင့်လည်း ဖြစ်ပွားတတ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အဖြစ်အများဆုံးဟုဆိုသော်လည်း အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ် များတွင်လည်း မပေါ့မဆ သတိပြုသင့်သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမများပေါ်ရှိရေဆိုး ရေညစ်များ နှင့် အတူ မိုးရေလျှံတက်လာတတ်သည်။ အတန်ငယ်ကြာ၍ရေပြန်ကျသွားသောအခါ အညစ်အကြေး အနည်အနှစ်များတင်ကျန်ခဲ့လေ့ရှိသည်။ ဠငဘမငသ ဃ့သူနမနေ ခေါ် ဝမ်းရောဂါဖြစ်စေသောကူးစက်ရောဂါ ပိုးမွှားများ ပေါက်ပွားမှုများပြား လာသည့်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်လာကြရသည်။ မိုးရွာ၍ ရေကြီးနေစဉ် ထိုညစ်ညမ်းသော ရေထဲဖြတ်လျှောက်သွားသည့်အခါ မိမိကိုယ်တွင် ရောဂါပိုးကပ်ပါတတ်သည်ကို  သတိမပြုမိဘဲ ရောဂါပိုး ကူးစက်ခြင်းခံရတတ်သည်။

ကမ်္ဘာပေါ်တွင် ဝမ်းရောဂါဖြစ်ပွားသူ နှစ်စဉ်သုံးသန်းမှငါးသန်းအထိရှိပြီး ယင်းတို့အနက် တစ်သိန်းသည်  ဝမ်းရော ဂါကြောင့် သေဆုံးကြရကြောင်း ကမ်္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ သန့်ရှင်းမှု အားနည်းသည့် လမ်းဘေး အစားအစာများကို သတိပြုရှောင်ကြဉ်သင့်သည်။

သတိမပြုမိ၍စားသုံးမိပါက အစာအိမ်နာခြင်း၊ အစာအဆိပ်သင့်ခြင်းများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား တတ် သည်။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ် ကလေးများနှင့် သက်ကြီးရွယ်အိုများမှာဖြစ်ပွားခဲ့လျှင် အသက်အန်္တရာယ် စိုးရိမ်ရတတ်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါလက်္ခဏာများမှာ နာရီပိုင်းအတွင်း ဆန်ဆေးရည်ကဲ့သို့ ဖြူကျဲကျဲဝမ်းအရည်များ အဆက် မပြတ်သွားခြင်း သို့မဟုတ် သုံးကြိမ်နှင့်အထက်သွားခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေနေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း၊ ခံတွင်းခြောက်၍ ရေမကြာခဏ သောက်သော်လည်း သောက်သည့် အတိုင်း ဝမ်းသွားနေခြင်း၊ အရည်များပြန်အန်ထွက်ခြင်း၊ ဗိုက်နာခြင်း၊ ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းများ  ဖြစ်လာတတ်သည်။

ထို့ပြင် ဝမ်းသွားသည့်အကြိမ်ရေများလာသည်နှင့်အမျှ ရေငတ်ခြင်း၊ မျက်တွင်းချိုင့်ဝင်လာခြင်း၊ အရေပြား ခြောက်သွေ့ လာခြင်း၊ ဆီးမသွားခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်းများဖြစ်ပေါ်လာမည်။ ထိုသို့ဖြစ်လာပါက  ဓာတ်ဆားရည်များများသောက်ပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အချိန်မဆိုင်းဘဲ အမြန်ဆုံးသွားရောက်ပြသ သင့်သည်။ ရောဂါဖြစ်ပွားသူမှ အခြားသူ တစ်ဦးဦးသို့ မကူးစက်စေရန်အတွက် ဝမ်းသွားပြီးတိုင်း သန့်စင်ခန်းကို  ရေများများဖြင့် လောင်းချဆေးကြောသင့်သည်။ ဝမ်းပျက် ဝမ်းလျှောခြင်းကို ထိရောက်စွာကုသမှုမခံယူပါက ခန်္ဓာ ကိုယ်တွင်းရေ ဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်နိုင်သည်။ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက် ဆုံးရှုံးနိုင်သည်။ သို့ဖြစ်ပါ၍ မပေါ့မဆ သတိထား၍  ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ရေး အသိတရားနှင့် ဆောင်ရွက် ပေးကြပါရန် နှိုးဆော် ရေးသားလိုက်ရပေသည်။     

 

 

 

Read 40 times Last modified on Wednesday, 17 June 2020 08:18