SJ WorldNews - шаблон joomla Авто

ကျန်းမာရေး ဆိုင်ရာ နှိုးဆော်ချက်များ အတိုင်း လိုက်နာကြရန်

Friday, 19 June 2020 09:21 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၁၉ ရက်)

၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ် အခြေခံပညာ ကျောင်းများနည်းတူ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်  ပညာရေး ကျောင်းများ ဇူလိုင် ၂၁ ရက်တွင် အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။ 

ကျောင်းများပြန်ဖွင့်လျှင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လူတိုင်းအတွက် သတ်မှတ်ထားသော ၆ ပေ အကွာ နေစေခြင်း၊ လူတိုင်းနှာခေါင်းစည်း တပ်စေခြင်းများကို လိုက်နာကြရမည်ဖြစ်သည်။ နိုင်ငံတော် အနေဖြင့် လည်း  ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ဆရာ၊ ဆရာမများအတွက်   COVID-19 ကာကွယ်ရာတွင် လိုအပ်သည့် Mask နှင့် Face Shield များကို ကျောင်းဖွင့်ချိန် အမီ ဖြန့်ဝေသွား မည်ဖြစ် ကြောင်း သိရှိရပေသည်။

အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြား နိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သာယာလှပစေရေး လုပ်ငန်းများကို တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ တပ်မတော်သားများက စာသင်ကျောင်းများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းဝင်းများ အတွင်းနှင့် အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းမများအတွင်း သန့်ရှင်းရေး ပြုလုပ် ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူ ပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကလေးများ၏ ကျန်းမာရေးဆိုင်ရာ ကောင်းမွန်ရေးအတွက် သန့်စင်ခန်းများ၊ ရေလှောင်ကန်များတွင် ရောဂါ ကင်းရှင်းပြီး အနံ့အသက်များ ကောင်းမွန်စေရန် ပိုးသတ်ဆေးများ ဖျန်းပေးခြင်း၊ အမှိုက်များ ရှင်းလင်းပေး ခြင်းများကိုလည်း စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်သည် နိုင်ငံနှင့်ပြည်သူ အတွက် တာဝန် ကျေပွန်သော အဖွဲ့အစည်းဖြစ်သည်။ ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်ရာတွင်   တာဝန်ကျေ စိတ်ထားမျိုးနှင့် လုပ်ဆောင် နေခြင်း မဟုတ်ပေ။ တာဝန်အပေါ်တွင် စေတနာ၊ မေတ္တာ ပြည့်ပြည့်ဝဝထားရှိ  ဆောင်ရွက်လျက်ရှိ သည်။

ကျောင်းများပြန်လည် ဖွင့်လှစ်လျှင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ  စိတ်ချမ်းသာ ကိုယ်ကျန်း မာ စာသင်နိုင်ရေးကို မြော်တွေးလျက် ကောင်းမွန်သော အစီအမံများကို လုပ်ဆောင်ပေးလျက်ရှိရာ  မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့ တတ်စွမ်းနိုင်သမျှ ကျန်းမာရေး အသိရှိထားကြရန် လိုအပ်ပေသည်။ မိမိကိုယ်မိမိ ကာကွယ်နိုင်ခြင်းသည် အခြားသူများကိုလည်း အထောက်အကူ ဖြစ်စေပါသည်။

အထူးသဖြင့် COVID-19 ရောဂါမဖြစ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွား တတ်သည့်ရောဂါများအနက် ဖြစ်ပွားမှု နှုန်း များပြား သည့် သွေးလွန် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများမဖြစ်ပွား စေရေးကို ကြိုတင် ကာကွယ်မှုဖြင့် အနိုင်ယူကြရမည်ဖြစ်ပေသည်။

ကမ္ဘာ့ကပ် ရောဂါဖြစ်သည့် COVID-19 သည် အချို့သော နိုင်ငံများတွင် ဒုတိယအကြိမ် ပြန်လည်ဦးမော့ လာသည့် သတင်းများကြား သိနေရသည့်အတွက်   မိမိတို့နိုင်ငံတွင် အရာရာကို  မမေ့မလျော့၊ မပေါ့မဆ သတိလက် မလွတ်ဘဲ နေထိုင်သင့်လှပေသည်။ လူ့ဘဝတွင် ကျန်းမာရှင်သန်စွာ နေထိုင်နိုင်ရေးသည် ကြီးမားစွာသော ဆုလာဘ် တစ်ခုဖြစ်ပေသည်။ ကျန်းမာရေးထိခိုက်လာပါက  ပညာရေးကိုလည်းထိခိုက်သည်။

စီးပွားရေးကိုလည်းထိခိုက်သည်။   လူမှုရေးကိုလည်း ထိခိုက်သည်။ အဆိုးရွားဆုံးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ် သည်။ စိတ်မချမ်းသာလျှင် မည်သည့် အလုပ်မှ အောင်မြင်စွာ လုပ်နိုင်မည် မဟုတ်ပေ။

ဘဝဆိုသည်မှာတိုက်ပွဲဟု ဆိုသည့်အတိုင်း လူတိုင်းသည် မည်သည့် အခက်အခဲမျိုးနှင့် ကြုံတွေ့နေပါစေ အလျှော့ မပေး၊ အရှုံးမပေးဘဲ ရဲရဲရင့်ရင့်ရင်ဆိုင်ကြရမည်ဖြစ်သည်။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ ဆိုစကားအတိုင်း COVID-19 ရောဂါမဖြစ်ပွားရေး၊ ကူးစက်မှုမရှိရေး၊ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရေးအတွက် နိုင်ငံတော်က နေ့စဉ်နှင့်အမျှ ပြည်သူများ သိရှိလိုက်နာရန် နှိုးဆော် အသိပေးထားသည်။

ထိုအတိုင်းလိုက်နာပါလျှင် ဘေးကင်းပါမည်။ ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို လူစုလူဝေးရှိရာ နေရာများသို့ သွားသည့် အခါတိုင်း  မဖြစ်မနေ တပ်ဆင်ကြရမည်ဖြစ်သည်။ အခြားသူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင် ရမည်။ ဖြစ်နိုင်ပါက ၆ ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်ဖြစ်သည်။ အဓိကမှာ လက်ကို ရေနှင့် ဆပ်ပြာ အသုံးပြု၍  စက္ကန့် ၂ဝ ကြာအောင်  စနစ်တကျမကြာခဏဆေးကြောရန် သို့မဟုတ် လက်သန့်စင် ဆေးရည်နှင့် ဆေးကြော ကြရန်ဖြစ်ပေသည်။ ကျောင်းများ မဖွင့်မီအချိန်ကာလ များတွင်လည်းကောင်း၊ ကျောင်းဖွင့် ချိန်များတွင် လည်းကောင်း မိဘ၊ ဆရာ၊ ကျောင်းသားအားလုံးတို့သည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိနေ စေရေးအတွက် ကျန်းမာရေးဆိုင်ရာလမ်းညွှန်နှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် ရေးသား လိုက်ရပေသည်။  

 

 

 

Read 37 times Last modified on Friday, 19 June 2020 09:24