SJ WorldNews - шаблон joomla Авто

တပ်မတော်၏ ခိုင်မာသော ကတိကဝတ်နှင့် မဆုတ်မနစ်သော ကြိုးပမ်းမှု

Monday, 22 June 2020 09:59 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၂၂ ရက်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရှိ   မြန်မာ့တပ်မတော်သည်  မိမိနိုင်ငံ၊ မိမိလူမျိုးတို့အပေါ် ကျရောက်လာ မည့် ရန်စွယ်အန္တရာယ် အပေါင်းကို ကာကွယ်ရန် တပ်မတော်ကိုခေတ်မီတပ်မတော်အဖြစ် လုပ် ဆောင်လျက်ရ ှိသည်။ ဖွံ့ဖြိုးတိုးတက်သောကမ္ဘာ့နိုင်ငံများနည်းတူ မိမိနိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာ ထိပါးစော်ကားလာမည့်အရေးကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရေးအမြဲအသင့်ရှိနေသည့် တပ်မတော် ဖြစ် သည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေး သုံးပါးကို အစဉ်ဦး ထိပ်ထားလျက်ရှိသည်။

တပ်မတော်သို့ဝင်ရောက် စစ်မှုထမ်းမည့် သူများကိုလည်း သက်ဆိုင်ရာ အရည်အချင်း သတ်မှတ်ချက်များ နှင့် အညီသာ တပ်မတော်တွင် စစ်မှုထမ်းခွင့်ပြုထားသည်။ တူညီသောသတ်မှတ်ချက်တစ်ခုမှာ အသက်အရွယ် ပိုင်းခြား မှု ဖြစ်သည်။ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း သတ်မှတ်ထားသည်။ အနိမ့်ဆုံး အသက်ကန့်သတ်ချက် သည် အသက် ၁၈ နှစ်သာဖြစ်သည်။ အသက် ၁၈ နှစ်အောက်ကို   တပ်မတော်တွင် စစ်မှုထမ်းခွင့် မပြုပါ။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၌ ''ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့် သေးသောသူကိုဆိုသည်''ဟု ပြဋ္ဌာန်းထားသည်။

အချို့သောကလေးသူငယ်များသည် အသက် ၁၈ နှစ်မပြည့်သေးသော်လည်း ၎င်းတို့၏ ကိုယ်တိုင်ဆန္ဒ အရ တပ်မတော် တွင် စစ်မှုထမ်းလိုကြောင်းဆန္ဒပြုသည်များရှိသည်။ တပ်မတော်သည် ထိုသို့သော အသက်မပြည့်၊  အရွယ်မရောက် သေးသည့်လူငယ်များကို တပ်မတော်တွင်စစ်မှုထမ်းရန်လုံးဝခွင့်ပြုထားခြင်းမရှိခဲ့ပါ။ အကြောင်း ကြောင်းကြောင့် မှားယွင်း လက်ခံမိလျှင်လည်း ယင်းတို့၏ မိဘများထံပြန်လည် အပ်နှံပေးခဲ့သည်။  ယနေ့ခေတ် သည် မီဒီယာများ၏ အခန်းကဏ္ဍမြင့်မား လာသည်နှင့်အညီ တိကျမှန်ကန်သော သတင်း၊ မတိကျမမှန်ကန် သောသတင်းတို့ ရောပြွမ်းရှုပ်ထွေးလျက်ရှိသည်။ ထို့ကြောင့် တပ်မတော်၏ဆောင်ရွက်ချက်များသည် အရာရာ တိုင်းတွင် တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်လျက်ရှိသည်။ ကတိကဝတ်ပြုထားသည့် ကိစ္စရပ်များတွင်  ထိုကတိ ကဝတ် အတိုင်းသာ ဆောင်ရွက်သည်။

မြန်မာ့တပ်မတော်ကို အရွယ်မရောက်သေးသည့် ကလေးစစ်သား စုဆောင်းမှုစာရင်းမှ ပယ်ဖျက်ကြောင်း ကုလ သမဂ္ဂလူ့အခွင့်အရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၂၄၂၇(၂ဝ၁၈)နှင့်အညီ ထုတ်ပြန်ခဲ့သည့်သတင်းကြား သိရသည်။ ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခနှင့် စပ်လျဉ်းသည့် ၂ဝ၁၉ ခုနှစ် အစီရင်ခံစာအရ မြန်မာ့တပ်မတော်၏ အရွယ်မရောက်သေးသည့် ကလေးစစ်သား စုဆောင်းမှုကိုသိသိသာသာလျှော့ချရန် ဆက်လက်အားထုတ်ဆောင်ရွက်နေမှုများ၊ အရေးယူဆောင်ရွက်မှု များနှင့် ယခင်နှစ်များက ဖော်ထုတ်တွေ့ရှိခဲ့သည့်ကလေးစစ်သားစုဆောင်းမှုများကိုစိစစ်၍ ပြန်လည်လွှတ်ပေး ရန်သဘော တူညီမှုများကြောင့် မြန်မာ့တပ်မတော်ကို အရွယ်မရောက်သေးသည့် ကလေးစစ်သားစုဆောင်းမှု စာရင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ်သည်။

ကလေးသူငယ် အခွင့်အရေးဥပဒေကို မြန်မာနိုင်ငံအစိုးရက အတည်ပြုပြဋ္ဌာန်းခြင်းနှင့်လက်နက်ကိုင် ပဋိပက္ခ အတွင်း ကလေးသူငယ်များပါဝင်မှုနှင့်စပ်လျဉ်းသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို  မြန်မာနိုင်ငံမှအတည်ပြုပါဝင်ချုပ် ဆိုခဲ့ခြင်းတို့ကို အထွေထွေ အတွင်းရေး မှူးချုပ်က ကြိုဆိုပါကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်ကို ကလေးစစ်သား စုဆောင်းမှုစာရင်းမှ ပယ်ဖျက်ပေးခဲ့ခြင်းသည် ကလေးစစ်သား စုဆောင်းမှု ဖြေရှင်းရေး ကိစ္စရပ်အပေါ် တပ်မတော်၏ကတိကဝတ်ပြုလုပ်ဆောင်ရွက်မှုများနှင့် မဆုတ်မနစ် အားထုတ် ကြိုးပမ်း ဆောင်ရွက်မှုများကို ကုလသမဂ္ဂကအသိအမှတ်ပြုခြင်းဖြစ်သည်။ အစီရင်ခံစာ၌ ကလေး သူငယ်များကို ပိုမိုအကာအကွယ်ပေးမှုများဆောင်ရွက်ပေးရန်အတွက် လုပ်ဆောင်ရန်တိုက်တွန်းထားကြောင်း လည်းသိရှိရ သည်။

တပ်မတော်၏ခိုင်မာသော ကတိကဝတ်နှင့်လုပ်ဆောင်မှုကြောင့် ကလေးစစ်သားစုဆောင်းမှု စာရင်းမှ ပယ်ဖျက် ပေး ခံရခြင်းသည် တပ်မတော်၏ လုပ်ဆောင်ချက်ကို ကုလသမဂ္ဂမှ အသိအမှတ်ပြုကြောင်းထင်ရှား စွာတွေ့မြင်ရ ပေသည်။ တပ်မတော်အနေဖြင့် ခိုင်မာသောကတိကဝတ်အတိုင်း လက်ရှိဆောင်ရွက်နေမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင် မည့်အပြင်  အခြားသောလိုအပ်သည့်လုပ်ဆောင်ချက်များကိုလည်း ဆက်လက် လုပ်ဆောင်နေ မည်သာဖြစ်သည်။ တပ်မတော်၏ခိုင်မာသော ကတိကဝတ်နှင့် မဆုတ်မနစ်သောကြိုးပမ်းမှုများသည် နိုင်ငံနှင့်ပြည်သူ အတွက် ထာဝစဉ် လုပ်ဆောင်နေမည်သာဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။        

Read 40 times Last modified on Monday, 22 June 2020 10:01