SJ WorldNews - шаблон joomla Авто

မိသားစု ဘဝပျော်ရွှင်ဖို့ မူးယစ်ဆေးဝါး ရှောင်ကြစို့

Monday, 29 June 2020 09:47 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၂၉ ရက်)

၂ဝ၂ဝ ပြည့်နှစ် ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလဖမ်းဆီးရမိမူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ  မီးရှို့ဖျက်ဆီး ခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော COVID-19  ရောဂါ ဆိုင်ရာညွှန်ကြား ချက်များ နှင့်အညီ ရန်ကုန်မြို့၊ မန္တလေးမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့ တွင်ပြုလုပ်ခဲ့သည်။ အဆိုပါငါးနေရာတွင် မီးရှို့ဖျက်ဆီးခဲ့သောမူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၁၁၃ မျိုး၏  စုစုပေါင်း တန်ဖိုးမှာ မြန်မာ ငွေ ကျပ် ၁၂၁၇ ဒသမ ၇၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော်) ရှိသည်။  မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော  ဆက်စပ်ပစ္စည်း အမျိုးပေါင်း  ၅ဝ  ကိုလည်း ဖျက်ဆီးခဲ့သည်။

၂ဝ၁၉ ခုနှစ်က ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့သုံးနေရာတွင်ပြုလုပ်ခဲ့သည့်  မီးရှို့ဖျက်ဆီးခဲ့သော  မူးယစ်ဆေး ဝါးနှင့် ဓာတုပစ္စည်းများ တန်ဖိုးမှာ မြန်မာငွေကျပ် ၄၅၁ ဒသမ ၇၄၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃ဝ၁ သန်းကျော်)ကို ဖျက်ဆီးနိုင်ခဲ့သည်။ ယခုနှစ်တွင် နိုင်ငံအတွင်း ဖမ်းဆီးရမိမှုပမာဏတိုးမြှင့်လာကာ ယခင်  နှစ်က ထက် တန်ဖိုးအားဖြင့် မြန်မာငွေကျပ် ၇၆၅ ဒသမ ၉၆၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၃၈ သန်းကျော်)  ပိုမိုဖျက်ဆီး နိုင်ခဲ့သည်။ မူးယစ်ဆေးဝါးများပိုမိုဖမ်းဆီးရမိခြင်းသည် လူသားတို့၏အသက်ကို ပိုမိုကယ်တင်  နိုင် လိုက်ခြင်းဖြစ်ပေသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး  တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၂ဝ၂ဝ ပြည့်နှစ်တွင်  ၂ဝ၁၉ ခုနှစ်က ထက် သုံးဆခန့်ပိုမိုဖော်ထုတ်ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့သည်မှာ ပြည်သူလူထုအတွက် အထူး ဝမ်းမြောက် ဖွယ်ဖြစ်သည်။ မူးယစ်ဆေးဝါး မရှိလေလေ လူသားတို့ အသက်ရှည်လေလေဖြစ်ပေသည်။ မူးယစ် ဆေးဝါးကြောင့် မိသားစုများ ကြုံတွေ့နေရသေ ာဒုက္ခများကား နေ့စဉ်နီးပါး ဖြစ်ပျက်လျက်ရှိသည်။ မူးယစ် ဆေးဝါးနှင့် ပတ်သက် လာလျှင် လူသတ်မှု ကျူးလွန်ရန် ဝန်မလေးကြပေ။ ဇွန် ၂၆ ရက်နေ့ထုတ် သတင်းစာတွင် တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ်အတွင်း သုံးလောင်းပြိုင် လူသတ်မှုကျူး လွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီးရမိ ဟူသော သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ သတင်းမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ဖြစ်ပွားသော လူသတ်မှု သတင်းဖြစ် သည်။ ဖော်ပြပါ လူသတ်မှု သတင်းကို ဖတ်ကြည့်လိုက်သောအခါ  ရင်နင့်ဖွယ် အလွန် စိတ်မ ကောင်းဖြစ်ရ သည်။ အသတ်ခံ ရသည်က မိသားစုသုံးဦးဖြစ်သည်။  ဇနီးနှင့် တစ်နှစ်ကျော်ခန့် အရွယ် သားငယ်တို့က ကြားထဲက မြေစာ ပင်ဖြစ်ကာ အသတ်ခံလိုက်ရသည်။ ဖြစ်စဉ်မှာ ထားဝယ်မြို့ ကျောက်မော် ရပ်ကွက် မီးရထား လမ်း မိုင်တိုင်အမှတ် (၂၃/၄)တွင် ရထားသံလမ်းဂိတ် စောင့်သူသည် အိမ်၌ မူးယစ် ဆေးဝါး ရောင်းချသည်။ ဥဿရံ ကျေးရွာနေ ရွာသားနှစ်ဦးက မူးယစ်ဆေးဝါးလာဝယ်သည်။ မူးယစ်ဆေးဝါး တန်ဖိုးင ွေပေးရန် မရှိသည့်အတွက်  ၎င်းတို့တွင်ပါလာသော တယ်လီဖုန်းကို အပေါင်အဖြစ် ပေးထားခဲ့သည်။

၎င်းတို့နှစ်ဦး ပေးထားခဲ့သော တယ်လီဖုန်းမှာ အခြားသူ၏ တယ်လီဖုန်းဖြစ်သည်။ ဖုန်းပိုင်ရှင်က ဖုန်းကို ပြန်တောင်း သောအခါ မူးယစ်ဆေးဝါး ဝယ်ခဲ့သူနှစ်ဦးက မူးယစ်ရောင်းချသူထံ သွားရောက် တောင်းယူသည်။

မူးယစ်ဆေးဝါးရောင်းချသူက ငွေမရသဖြင့် တယ်လီဖုန်းကို ပြန်မပေးနိုင်ကြောင်း ပြောဆိုသည့်အခါ စကားများ ရန်ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးတွင် ပါလာသည့် သစ်သားရိုးတပ် ငါးမန်းစွယ်များပါ ဓားဦးချွန်ဖြင့် မူးယစ် ဆေးဝါး ရောင်းချသူ၊ ဇနီးနှင့် သား မိသားစုသုံးဦးအား သတ်ဖြတ်ခဲ့သည်။

ထိုအမှုကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့က  အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်ခဲ့သည်။ အခင်းဖြစ်ပြီးနောက်  လူသတ်ရာတွင် အသုံးပြုခဲ့သော သက်သေခံပစ္စည်းဓားအား  ဖျောက်ဖျက်သိမ်းပေးသူနှင့်  ဖုန်းပိုင်ရှင်က ၎င်း၏ ဖုန်းအား ဖျောက်ဖျက် ထားပေးခြင်း တို့ကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့်  ပြစ်မှုကျူးလွန်သူ လေးဦးအား သက်သေခံ ဓားဦးချွန်နှင့် အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့်ဆိုင်ကယ်နှစ်စီးတို့ကို  သိမ်းဆည်းရမိသည်။ ၎င်းတို့အား ထိရောက်သောပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဤဖြစ်စဉ်မျိုးသည် မကြာခဏကြားသိနေရသော မူးယစ်ဆေးဝါးမှုခင်းဖြစ်သည်။ နိုင်ငံအနှံ့အပြားတွင်  မူးယစ်ဆေးဝါး ရှိနေသည်။ မူးယစ်ဆေးဝါးကြောင့် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြုံနေကြရသည်။ မူးယစ်ဆေးဝါး  ရောင်းချသူ အိမ်ထောင်ဦးစီးကြောင့် မိသားစုများ ရက်ရက်စက်စက်အသတ်ခံရသည်။ မူးယစ်ဆေးဝါးသုံးစွဲသူ လူသတ်သမားများမှာ အသက်အရွယ်အားဖြင့် လူလတ်ပိုင်း အရွယ်များဖြစ်သည်။ သူတို့၏ကောင်းမွန်သော လုပ်အားဖြင့် နိုင်ငံတည်ဆောက်ရေးတွင်ပါဝင်နိုင်သည်။ ထို့ကြောင့် မိသားစုဘဝပျော်ရွှင်ဖို့ မူးယစ်ဆေးဝါး  ရှောင်ကြစို့ဟူ၍ တိုက်တွန်း ရေးသားလိုက်ရပေသည်။   

Read 30 times Last modified on Monday, 29 June 2020 09:48