SJ WorldNews - шаблон joomla Авто

ကိုယ့်ကိုယ်ကိုယ် သနားပါ များသတ္တဝါ

Wednesday, 01 July 2020 10:11 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၁ ရက်)

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကြောင့် သေဆုံးသူပေါင်းမှာ ၅ဝ၅၄၅၅ ဦးဖြစ်ကြောင်း ဇွန် ၃ဝ ရက်နေ့သတင်း များတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စု၌ COVID-19ရောဂါကူးစက်ခံရသူဦးရေသည် ပထမဆုံး အကြိမ်အဖြစ် ၄ဝဝဝဝ ကျော်ခဲ့ပြီး နှစ်ရက်ဆက်တိုက် စံချိန်တင်ခဲ့ကြောင်း၊ အမေရိကန် ပြည်ထောင်စု၌ ဇွန် ၂၆ ရက်က COVID-19 ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ ၄၅၂၅၅ ဦးရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်မှ သုတေသီများ ပြုစုထားသော စာရင်းအရ သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း COVID-19 ရောဂါ  ကာကွယ်ဆေးထုတ်လုပ်ရေးကြိုးပမ်းလျက်ရှိရာတွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် COVID-19 ရောဂါကာကွယ်ဆေး ပေါ် လာရေး အတွက် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းလျက်ရှိသည့်အရေအတွက်မှာ ၂ဝဝကျော်ရှိပြီး ယင်းတို့အနက် ၁၅ ခုမှာ လက်တွေ့ စမ်းသပ်မှုပြုလုပ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း  ဇွန် ၂၆ ရက် ဂျီနီဗာမြို့၌ပြု လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ သိပ္ပံပညာရှင်များ အကြီးအကဲ ဆွာမီနသန်က ပြောကြား လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်နိုင်ရန် လိုအပ် သည့် အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ  ဃသမသညလေငမကျ ီငျနျေန ၂ဝ၁၉ (ဃဥဠှီု-၁၉) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂ဝ၂ဝ ပြည့်နှစ် ဇွန် ၃ဝ ရက်အထိ ထုတ်ပြန် ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ  (ဖြေလျှော့/ တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စများမပါ)အား ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင် ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက ်ထားပါကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဇွန် ၂၇ ရက်စွဲဖြင့် အသိပေး ကြေညာချက် ထုတ်ပြန် ထားသည်။

ပြည်သူလူထု အနေဖြင့် ဤရောဂါနှင့်ပတ်သက်၍ သတိမမူ၊ ဂူမမြင်ဆိုစကားကဲ့သို့  မေ့လျော့ကာ အမှတ်တမဲ့ နေထိုင်ခြင်းမပြုမိစေရန် လိုအပ်သောအချိန်အခါဖြစ်သည်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် သနားရန် အချိန်တန် သော ကာလဖြစ်သည်။ ဦးပြုံးချိုရေးသားသော တေဘုမ္မာသီချင်း၏ နောက်ဆုံးအပိုဒ် စာသားများတွင် ဖော်ပြထား သည်များက ယခုဖြစ်ပျက်နေသည်နှင့်တူနေသည်။ ထိုသီချင်းစာသားတွင် ''ကိုယ့်ကိုယ်ကိုယ်သနားပါ များသတ္တဝါ၊ လောဘ ဒေါသ မောဟဆိုတာ လောင်မီးကိလေသာ၊ တဟုန်းဟုန်းတောက်လို့သာ တဖြုန်းဖြုန်း မောက်မို့စွာ၊ အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အား ထက်သန်စွာ''ဟူ၍ ဖော်ပြပါရှိလေသည်။

လူသားတို့၏ လောဘ ဒေါသ မောဟတို့ကြောင့်ဖြစ်ပေါ်လာသော COVID-19 ကို လူသားတို့အနေဖြင့် မိမိတို့၏ လောဘ ဒေါသ မောဟတို့လျှော့ချနေထိုင်ခြင်းဖြင့် အနိုင်ယူရမည်ဖြစ်ပေသည်။ အရာရာ တွင်သတိထား၍ လုပ်ငန်း ကိစ္စတစ်ခုခု ဆောင်ရွက်ပြီးတိုင်း လက်ကို မပျက်မကွက်ဆေးကြောရန်လိုသည်။

ဆပ်ပြာနှင့်ရေကိုအသုံးပြုပြီး စက္ကန့် ၂ဝ ကြာအောင် လက်ဆေးရန်လိုအပ်ခြင်းမှာ COVID-19 ရောဂါပိုးကပ် တင်နေသော   အရာဝတ္ထုကို ကိုင်တွယ်ထားမိသော လက်နှင့်  မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိလျှင် ရောဂါပိုးကူးစက်ခံရနိုင်သည်။ COVID-19 ရောဂါပိုးအား အပေါ်ယံအဆီ မျက်နှာပြင်အလွှာနှင့် ဖုံးအုပ်ထားသည့် အတွက် ဆပ်ပြာ မော်လီကျူးမှာ ထိုအဆီမျက်နှာပြင်ကို ပျက်စီးစေသည်။ စက္ကန့် ၂ဝ ခန့်အတွင်း COVID-19 ရောဂါပိုး အပိုင်းပိုင်း ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် လက်ဆေးရန်တိုက်တွန်း နေခြင်းဖြစ်သည်။  လူတိုင်း သတိမူ လိုက်နာနိုင်ရန်အတွက် ဖဝါးဖမိုး လက်ခေါက်ချိုး၊ လက်ကြားလက်မ မကျန်ရ၊ ကုတ်ပါခြစ်ပါ လက္ခဏာ၊ လက်ကောက် ဝတ်မှာ အဆုံးသတ်ပါဟူ၍ စာချိုးထားလေသည်။

COVID-19 ရောဂါကူးစက်မှု ကာကွယ်ရန် ဒုတိယအရေးကြီးဆုံး အချက်မှာ အလုပ်လုပ် ကိုင်သွားလာ နေထိုင်ရာ တွင် နှာခေါင်းစည်းတပ်ဆင်ထားခြင်းဖြစ်သည်။ နှာခေါင်းစည်း တပ်ဆင်ထားခြင်းသည် မိမိကိုယ်ကို ကာကွယ် ခြင်း ဖြစ်သကဲ့သို့ သူတစ်ပါးကိုလည်းကာကွယ်ပေးခြင်းဖြစ်သည်။ နှာခေါင်းစည်း အသုံးပြုရာတွင် စုတ်ပြဲညစ် နေသော နှာခေါင်းစည်းများကို အသုံးမပြုသင့်ပါ။ ပါးစပ်သာဖုံးအုပ်ခြင်းနှင့် နှာခေါင်းသာ ဖုံးအုပ်ခြင်းမျိုးလည်း မပြုလုပ်သင့်ပါ။ စကားပြောရန်အတွက် နှာခေါင်းစည်းကို လက်ဖြင့်အောက်သို့ လျှောချခြင်း၊ မေးတွင်ချိတ်ထား ခြင်း လည်း မပြုသင့်ပါ။ မိမိနှင့်ကြီးလွန်း၊ သေးလွန်းသော နှာခေါင်းစည်း များကိုလည်း အသုံးမပြုသင့်ပါ။ နှာခေါင်းစည်း တပ်ပြီးပါက  လက်ဖြင့်ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါ။

အသုံးပြုပြီးသား ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများကို ပြန်မသုံးရပါ။  ထိုအချက်များကိုလိုက်နာခြင်းသည် ကိုယ့်ကိုယ် ကိုယ် ကာကွယ်ခြင်းဖြစ်၍ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ခြင်းလည်းဖြစ်သည်။  လူသားတိုင်းသည် ကိုယ့်ကိုယ်ကိုယ် သနားသောအားဖြင့် လိုက်နာ ဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်းရေးသား လိုက်ရ ပေသည်။    

Read 26 times Last modified on Wednesday, 01 July 2020 10:12