SJ WorldNews - шаблон joomla Авто
ရွှေတည်

ရွှေတည်

နေပြည်တော်   စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊   မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊  ကန်ပတ်လမ်းရှိ မန္တလေးမြို့၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှတပ်မတော် သားများက ဆေးရုံဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ဆေးကုသဆောင်များ အတွင်း/အပြင်တို့၌ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်း တို့ ကို စုပေါင်းဆောင်ရွက်ပေးသည်။

နေပြည်တော်  စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ရေနီမြို့၊ စက်ရုံကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်ပိုင်း တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တပ်မတော်သားများက ကျောင်းဝင်းအတွင်း မြေဖို့ခြင်းနှင့် မြေထိန်းနံရံများ ပြုပြင် ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးသည်။

မလေးရှားနိုင်ငံ၌ စက်တင်ဘာ ၁၆ ရက်တွင်ကျင်းပမည့် Miss Cosmopolitan World 2017 ပြိုင်ပွဲတွင်   မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ်မတ်နိုးချစ်က သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Style plus H rSမှ National Director ဒေါ်လှနုထွန်းကပြော သည်။ 

Melody  World  2010   ပြိုင်ပွဲတွင် တေးရေးစောလင်းမိုရ်၏  ငါတို့နှစ်ယောက်သီချင်းနှင့်  ပရိသတ် အခိုင်အမာ ရရှိခဲ့သည့် အဆိုတော် လီလီမြင့်က သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် Paradise ကို  စက်တင် ဘာ ၃ ရက်တွင် The Sun Music Productionမှ  ဖြန့်ချိမည်ဖြစ်ကြောင်း ပြောသည်။

ငယ်ရွယ်သည့်  ဇာတ်ကောင်စရိုက်များ ရိုက်ကူးရမည်ကို ရှက်ရွံ့နေသကဲ့သို့ ဇာတ်ကားများ   ပြန်လည် ရိုက်ကူး စအချိန် တွင်  အချစ်ကားများရိုက်ရန် မရဲတော့ကြောင်း  သရုပ်ဆောင်   အကယ်ဒမီသက်မွန်မြင့်ကပြောသည်။

အမျိုးသားလုံခြုံရေး တစ်နည်းအားဖြင့် နိုင်ငံတော်လုံခြုံရေး (National Security)ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အစိုးရ(မည်သည့်အစိုးရမျိုးဖြစ်စေ)၊ အာဏာပိုင် အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တ ရာယ်မျိုးစုံမှ ကာကွယ်ပေးခြင်းမှာ အမျိုးသားလုံခြုံရေး ဆောင်ရွက်ခြင်း ပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ၏နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်ရှိသမျှ စွမ်းအားမျိုးစုံကို အသုံးပြုကြရကြောင်း တွေ့ရှိရသည်။

နေပြည်တော်   စက်တင်ဘာ 

ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယမန်နေ့ နံနက် ၈ နာရီက စစ်ကိုင်း မျက်မမြင်ကျောင်း၌ အမြင်အာရုံနည်းပါးသော အခြေခံပညာသင် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အားပေးစကားပြောကြားကာ တစ်ဦး ချင်းစီကို ကျောပိုးအိတ်တစ်လုံး၊ ဗလာစာအုပ် တစ်ဒါဇင်စီနှင့်  ပညာသင် ထောက်ပံ့ကြေး ငွေကျပ်  ၂၃၂ဝဝဝဝ  ကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် စစ်ကိုင်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ဆရာ၊ဆရာမများနှင့်  တွေ့ဆုံ သည်။

ထိုမှတစ်ဆင့် စစ်ကိုင်းပညာရေး တက္ကသိုလ်သို့ ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါ မောက္ခချုပ်၊ ပါမောက္ခ ဌာနမှူး၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲမှုဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ နှင့်တွေ့ဆုံသည်။

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော   ပညာရေးဝန်ထမ်းများက သင်ကြားရေးဆိုင်ရာ၊ ရာထူးခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေးဆိုင်ရာ၊ ပါရဂူဘွဲ့သင်တန်း ဆိုင်ရာ၊ ပညာရေးဘွဲ့ စာပေးစာယူသင်တန်း ဝင်ခွင့် ရွေးချယ်ရေးဆိုင်ရာ စသည့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေး အကြံပြုတင်ပြကြရာ  ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို   ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် မန္တလေးမြို့ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး အစည်းအဝေး ခန်းမ၌ မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်စန်းစန်းရီ၊  ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ၊ အခြေခံ ပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊   မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းအဆင့်များ တိုးမြှင့် ဖွင့်လှစ် ပေးခြင်း၊  သင်ယူမှုအခွင့်အလမ်းများ တိုးမြှင့်ပေးခြင်း၊ အခမဲ့ အခြေခံပညာရေးကို အကောင်အထည် ဖော်ပေးခြင်း၊ လူတိုင်းအကျုံးဝင်ပညာရေးကို ဆောင်ရွက်ပေးခြင်း၊ ကျောင်းထောက်ပံ့ကြေးများ၊ ပညာသင် ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ ပညာရေး ဝန်ထမ်းများနှင့် ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် အားပေး ခြင်း စသည်တို့ကြောင့် ကျောင်းနေ နှုန်း၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားလာပြီး ကျောင်းထွက်နှုန်း လျော့ပါးကျဆင်းလာခဲ့ကြောင်း၊ ပညာအရည် အသွေးမြှင့်မားရေးအတွက်  မိဘ ဆရာ အသင်းနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒေသနှင့်လိုက် လျောညီထွေဖြစ်စေမည့်  သင်ကြားသင်ယူမှုမျိုးဖြစ်ပေါ်လာအောင်  ကြိုးစား အားထုတ်ကြရမည်ဖြစ် ကြောင်း၊ ဆရာ၊  ဆရာမများကိုယ်တိုင်က  သင်ကြားသင်ယူမှု   အရည် အသွေး ပြည့်ဝအောင် အစဉ်တစိုက် ကြိုးစား အားထုတ်ကြရမည်  ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

နေပြည်တော်  စက်တင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းဆတ်မြို့ရှိ တပ်မတော်ဆေးရုံ၌  တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊မိသားစုများနှင့် ဒေသခံ ပြည်သူများအား စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး

ဗိုလ်ချုပ်အောင်ဇော်အေးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

နေပြည်တော်   စက်တင်ဘာ 

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်  ကွပ်ကဲမှု အောက်ရှိ  တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ နှင့်လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်ဒေသမှ ဒေသခံပြည်သူ ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ် ထားရှိသည့် ရှမ်းပြည်နယ် (တောင် ပိုင်း)၊  တောင်ကြီးမြို့ရှိ ရှမ်းရိုးမဘော်ဒါဆောင် မှ ကျောင်းသား၊ ကျောင်းသူ များအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ဘော်ဒါ ဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေး သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေး သည်။ ထို့ပြင် ဘော်ဒါဆောင်အတွင်း ခြင်အန္တရာယ်ကင်းဝေးစေရန် နယ်မြေခံ တပ်မတော်သားများက ချုံနွယ် များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများ ဆောင် ရွက်ပေးသည်။

ယင်းသို့   ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အဆိုပါ ဘော်ဒါဆောင်၌ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ မှ တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ လျက်ရှိသည့် ကျေးရွာများမှ ဒေသခံ ပြည်သူများ၏ သားသမီး ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ကျောင်း သား၊ ကျောင်းသူ ၂၅၃ ဦး နေထိုင် ပညာသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

 

နေပြည်တော်  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍  တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါး ကုသပေးထားမှုများနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ များ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Page 431 of 448