SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြန်မာမှုနယ်ပယ်တွင် သတိမမူဂူမမြင်ဟူသော ဝေါဟာရသည် လူတို့၏အတွေ့အကြုံမှ ပေါက်ဖွားလာသော စကားပုံဖြစ်သည်။ သတိဟူသော ဝေါဟာရသည် ပါဠိဘာသာမှ ဆင်းသက်လာပြီး တစ်စုံတစ်ခုသော အာရုံကိုအစဉ်မပြတ်သိနေခြင်း၊

ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံ ညီလာခံကို ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သြဂုတ် ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ရာ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ဂျပန်၊ တရုတ်၊ ဘူတန်၊ ပြင်သစ်၊ အိန္ဒိယ၊ သီရိလင်္ကာ စသောပြည်ပနိုင်ငံ ၃၂ နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များနှင့် ပညာရှင်များ ၁၃၅ ဦး၊ မြန်မာနိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များနှင့် ပညာရှင်များ ၁၂ဝ ဦးစုစုပေါင်း ၂၅၅ ဦးတို့ တက်ရောက်ကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ချက်နှင့် အညီ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို အစဉ်တစိုက် ကျင့်သုံးလျက်ရှိသည်။ အိမ်နီးချင်း နိုင်ငံများနှင့် လည်းကောင်း၊ ဒေသတွင်း နိုင်ငံများနှင့်လည်းကောင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံအဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီးဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ဝါခေါင်လပြည့် ယနေ့သည် ဂေါတမမြတ်စွာဘုရားက ရဟန်း ၅ဝဝ ကို အကြောင်းပြု၍ မေတ္တသုတ္တန် ဟောကြားတော်မူခဲ့သော မေတ္တာအခါတော်နေ့ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးသည်  စိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်

 

ပန်းတို့သဘာဝ ရေမြေဒေသနှင့် ရာသီအလိုက် ပွင့်ကြသည်များရှိသကဲ့သို့ ဥယျာဉ်မှူး တို့က မြေကိုတူးဆွမျိုးစေ့ချပြီး ရေလောင်းပေါင်းသင် ယုယစိုက်ပျိုးကြသည့် ဥယျာဉ်မှူးတို့ လုံ့လကြောင့် ငုံရာမှဖူး၊ ဖူးရာမှ အရောင်အသွေးစုံ ပွင့်ဝေလန်းဆန်းကြရသည်။

ယခုနှစ် မုတ်သုံမိုးပဇ္ဇုန် ရွာပုံဆန်းသောကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်၌ စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုကြောင့် နှမ်းအရည်အသွေး ကျဆင်းသွားပြီး နှမ်းစိုက်တောင်သူများ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေကြောင်း သိရသည်။

နိုင် ငံခြားခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စားသော  မြန်မာနိုင်ငံမှ     ရှေးဟောင်းအမွေ အဆောက်အအုံများ တည်ရှိရာ နယ်မြေများတွင် အမရပူရ တောင်သမန်အင်းနှင့် ဦးပိန်တံတားလည်း ပါဝင်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂပညာ၊  သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့(UNESCO) အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၄၉ ခုနှစ် ဇွန် ၂၇ ရက်တွင်  အသိအမှတ်ပြုခံရသော နိုင်ငံဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံ အတွင်းရှိ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သော ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုးမြို့ဟောင်းတို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ အဖြစ်  ယူနက်စကိုက အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။

Page 65 of 65