SJ WorldNews - шаблон joomla Авто

အမေရိကန်က ယူကရိန်းအား ညကြည့်ကိရိယာ အခု ၂၅ဝဝ ထောက်ပံ့

Friday, 16 February 2018 12:24 font size decrease font size decrease font size increase font size increase font size

ကိယက်   ဖေဖော်ဝါရီ   ၁၅

အမေရိကန် ပြည်ထောင်စုက  ယူကရိန်းအား ညကြည့် ကိရိယာ အခု ၂၅ဝဝ ထောက်ပံ့ကြောင်း ယူကရိန်းနိုင်ငံရှိ အမေရိကန်သံရုံးက  ဖေဖော်ဝါရီ ၁၄ ရက်တွင်ထုတ်ပြန်သည်။

ယခုထောက်ပံ့မှုသည် ယူကရိန်းအား ၂ဝ၁၄ ခုနှစ်မှစတင် ပေးအပ်လာသည့် လုံခြုံရေးဆိုင်ရာထောက်ပံ့မှု ဒေါ်လာသန်း ၈၅ဝ ကျော်အနက် အစိတ်အပိုင်းငယ် တစ်ခုဖြစ်ကြောင်းနှင့် ယူကရိန်းစစ်ဘက် အနေဖြင့် ထိုညကြည့် ကိရိယာများကိုအသုံးပြုခြင်းအားဖြင့် အတိုက်အခံတပ်ဖွဲ့ဝင်များအတွက် ရှောင်ပုန်းစရာ မြေရှိမည် မဟုတ်ကြောင်း ယူကရိန်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မာရီးယို ဗန်နိုဗစ်က ပြောသည်။

အဆိုပါညကြည့် ကိရိယာများကို ယူကရိန်း တပ်မတော်ရှိ တပ်ရင်း ၁ဝ သို့ဖြန့်ခွဲပေးသွား မည်ဖြစ်ကြောင်း ယူကရိန်းစစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဗစ်တာမူဇန်ကိုက  ပြောသည်ဟု LIGA.net သတင်းဌာနက ဖော်ပြထားသည်။

ယခု ထောက်ပံ့မှု တန်ဖိုးသည် ဒေါ်လာ ၄၅ သန်းရှိပြီး ယူကရိန်းတပ်မတော်ရှိအမေရိကန် လုပ်ညကြည့် ကိရိယာ အရေအတွက်ကို နှစ်ဆတိုးမြှင့် လာစေမည်ဖြစ်ကြောင်း သံအမတ်ကြီး၏ ပြောဆိုချက်ကို ကိုးကား၍ အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်း အစိုးရက ၎င်းတို့၏ အစိုးရအဖွဲ့ကို အသိအမှတ် ပြုခြင်း မရှိသည့် ဒွန်ဘက်ဒေသရှိအတိုက်အခံ တပ်ဖွဲ့ဝင်များကို စစ်ရေးနည်းဖြင့် တိုက်ခိုက်မှု များစတင်လုပ် ဆောင်ခဲ့သည်။

.............

Read 603 times Last modified on Friday, 16 February 2018 12:25