SJ WorldNews - шаблон joomla Авто

အာဖဂန် ပြည်တွင်းစစ်ကို ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် အဆုံးသတ်လိုဟု တာလီဘန်အဖွဲ့ဆို

Friday, 16 February 2018 12:25 font size decrease font size decrease font size increase font size increase font size

ကဘူး  ဖေဖော်ဝါရီ  ၁၅

အာဖဂန်နစ္စတန် နိုင်ငံ၌ ၁၇ နှစ်ကြာ ဖြစ်ပွားသော ပြည်တွင်းစစ်ကို  ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် အဆုံး သတ် လိုကြောင်း တာလီဘန် စစ်သွေးကြွအဖွဲ့က ဖေဖော်ဝါရီ ၁၄ရက်တွင် ထုတ်ပြန်သော အမေရိကန် ပြည်သူများသို့ ရည်ညွှန်းသည့်  အစီရင်ခံစာ တစ်စောင်၌ပြောသည်။

၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ညွှန်ကြားမှုဖြင့် အမေရိကန် တပ်ဖွဲ့သည် အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ တာလီဘန် တပ်ဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုများ အပါ အဝင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်သည်။

သို့သော် တာလီဘန်စစ်သွေးကြွ အဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ ဒေသ အများစုကို ထိန်းချုပ်ထားပြီး ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ကဘူးမြို့၌ တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ကာ အမေရိကန်၏ ထိုးစစ်ဆင် တိုက်ခိုက်မှု များကို တုံ့ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၅ဝ နီးပါး သေဆုံးသည်။

တာလီဘန် စစ်သွေးကြွ အဖွဲ့၏ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ယင်းအဖွဲ့နှင့်ကနဦး ဆွေးနွေးညှိနှိုင်း မှုများ  ပြုလုပ်မည့် အမေရိကန်နှင့် အာဖဂန် နစ္စတန် အစိုးရ နှစ်ရပ်လုံးကို အခက်တွေ့စေသည်။

အာဖဂန်အရေးကိစ္စကို  ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် အဆုံးသတ် စေလိုကြောင်း၊ အမေရိကန် အစိုးရ အနေဖြင့် သိမ်းပိုက်မှုများ ကိုရပ်တန့်ကာ ပြည်သူများ၏ ယုံကြည်မှုနှင့် ကိုက်ညီသော တာလီဘန်အဖွဲ့၏ အခွင့်အရေး ကိုလက်ခံသင့်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

သို့သော် တာလီဘန် စစ်သွေးကြွ အဖွဲ့သည် ကဘူးမြို့တော်ရှိ ထိပ်တန်း ဟိုတယ်တစ်ခု၌ တိုက်ခိုက်မှုနှင့် လူစည်ကားသော လမ်းတစ်ခု တွင်ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုများ အကြောင်းကို အဆိုပါ အစီရင်ခံစာ အတွင်း ဖော်ပြထားခြင်း မရှိပေ။ ယင်းတိုက်ခိုက်မှု နှစ်ခုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း တာလီ ဘန် အဖွဲ့က အစောပိုင်းတွင် ဝန်ခံထားပြီး ဖြစ်သည်။     

Read 461 times Last modified on Friday, 16 February 2018 12:26