SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အစ္စရေး ဖြစ်စေ၊ အမေရိကန် ဖြစ်စေ၊ တူရကီ ဖြစ်စေ ကျူးကျော်သူများကို ဆီးရီးယားက ဆက်လက် တိုက်ထုတ်မည်

Tuesday, 20 February 2018 09:00 font size decrease font size decrease font size increase font size increase font size

ဒမတ်စကပ် ဖေဖော်ဝါရီ ၁၉

ဆီးရီးယားနိုင်ငံ အနေဖြင့် အစ္စရေးဖြစ်စေ၊ အမေရိကန်ဖြစ်စေ၊ တူရကီဖြစ်စေ နိုင်ငံအတွင်းသို့ ကျူးကျော်လာသူများနှင့် မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသူများကို ဆက်လက်တိုက်ထုတ် သွားမည်ဖြစ်ကြောင်း ဆီးရီး ယား သမ္မတ ဘာရှာအယ်အာဆတ်၏ နိုင်ငံရေး အကြံပေး ဘောက်သိုင်နာရှားဘန်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။ မည်သည့် ကျူးကျော်မှုမဆို အကြမ်းဖက်ဝါဒကို ဆက်လက် ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အမေ ရိကန်နှင့် တူရကီအစိုးရတို့သည် ဆီးရီးယားအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနေသည့် လုပ်ငန်းစဉ် မအောင်မြင်စေရန် ဟန့်တားနှောင့်ယှက်နေသည်ဟု ၎င်းကဆက်ပြောသည်။

ရုရှားကြည်းတပ်ကို ကြည့်မည်ဆိုလျှင် ဆီးရီးယားနိုင်ငံအတွင်း၌ အခြေချ တပ်စွဲထားခြင်း မရှိကြောင်း၊ ဆီးရီးယား အားရုရှားကပေးအပ်သည့် ထောက်ပံ့မှုများမှာ လေတပ်အင်အားသာ ဖြစ်ကြောင်းနှင့် အနောက်နိုင် ငံများ ရှိမီဒီယာများက ဖော်ပြနေမှုများသည် ဝါဒဖြန့်မှုများသာ ဖြစ်ကြောင်း ရှားဘန်က ပြောသည်။ ရုရှားစစ်ဘက်သည် ဆီးရီးယားနိုင်ငံအတွင်း ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည့် IS စစ်သွေးကြွများကို အမြစ်ဖြတ်ချေ မှုန်းမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီးနောက် ယင်းနိုင်ငံအတွင်းရှိ ရုရှားတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာရန် ရုရှား သမ္မတဗလာဒီမာပူတင်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။

Read 527 times Last modified on Tuesday, 20 February 2018 09:15