SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒမတ်စကပ်မြို့ အနီးရှိ သူပုန်များ ထိန်းချုပ်ထားသော ဒေသများကို ဆက်လက် တိုက်ခိုက်မည်ဟု အီရန်ဆို

Monday, 26 February 2018 11:15 font size decrease font size decrease font size increase font size increase font size

ဘေရွတ် ဖေဖော်ဝါရီ ၂၅

ဆီးရီးယားနိုင်ငံတစ်ဝန်း၌ ရက် ၃ဝ ကြာ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အတည်ပြုလိုက်စဉ် ဒမတ်စကပ်မြို့တော်အနီးရှိ သူပုန်များထိန်းချုပ်ထားသော ဒေသများကို တိုက်ခိုက်မှုများ ဆက် လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အီရန်တာဝန်ရှိသူများက ပြောလိုက်သည်ဟုသိရသည်။ အပစ်အခတ် ရပ်စဲရေးကြေညာပြီးနောက် အစိုးရနှင့် သူပုန်တို့အကြား ဖေဖော်ဝါရီ ၂၅ ရက်အစောပိုင်းတွင် တိုက်ခိုက် မှုများ ဖြစ်ပွားကြောင်း သူပုန်အဖွဲ့ကပြောထားသော်လည်း ဆီးရီးယားစစ်ဘက်က မည်သည့်မှတ်ချက်မျှ ပြောထားခြင်းမရှိကြောင်း သိရသည်။

အီရန်နှင့်ဆီးရီးယားတို့အနေဖြင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို အလေးထားသော်လည်း အပစ်အခတ်ရပ်စဲမှုတွင် အကြမ်းဖက်သမားများ ထိန်းချုပ်ထားသော ဒမတ်စကပ်ဆင်ခြေဖုံး ဒေသများ မပါဝင်ကြောင်း အီရန် ဗိုလ်ချုပ်ကြီးမိုဟာမတ်ဘာကာရီက ပြောသည်။ ခုနစ်နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်၌ ကနဦး အပစ်အခတ် ရပ်စဲရေးများသည် ပြိုကွဲခဲ့ပြီး ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ် အစိုးရက ၎င်း၏ အဓိက မဟာမိတ်များဖြစ်သော အီရန်နှင့် ရုရှားတို့၏အကူအညီဖြင့် အသာစီးရရှိခဲ့ကြောင်း သိရသည်။ ဆီးရီးယား အစိုးရလို လားသောတပ်ဖွဲ့ဝင်များက အသေအပျောက် အများဆုံး စစ်ပွဲတစ်ခုအဖြစ် ယင်းဒေသသို့ ခုနစ် ရက် ဆက်တိုက်ဗုံးကြဲခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အပစ်အခတ် ရပ်စဲရေး ဆုံးဖြတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။ ယင်းအပစ်အခတ်ရပ်စဲရေးတွင် IS စစ်သွေးကြွ အဖွဲ့၊ အယ်ကိုင်ဒါ နှင့် အယ်နျူဆရာတပ်ဦးတို့ မပါဝင်ကြောင်း သိရသည်။

Read 519 times Last modified on Monday, 26 February 2018 11:19