SJ WorldNews - шаблон joomla Авто

ရုရှား၏ ပဉ္စမမျိုးဆက် တိုက်လေယာဉ် နှစ်စင်း ဓာတ်ပုံများကို အစ္စရေးဂြိုဟ်တုက ရိုက်ယူနိုင်

Tuesday, 27 February 2018 09:47 font size decrease font size decrease font size increase font size increase font size

မော်စကို ဖေဖော်ဝါရီ ၂၆

ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်အခြေစိုက် စခန်းတစ်ခု၌ ရပ်နားထားသည့် ရုရှားနိုင်ငံ၏ ပဉ္စမမျိုးဆက်  SU-57 တိုက်လေယာဉ်နှစ်စင်း ဓာတ်ပုံများကို အစ္စရေးပိုင်ဂြိုဟ်တုတစ်စင်း ကရိုက်ယူနိုင်ခဲ့ကြောင်း သိရသည်။

SU-57 တိုက်လေယာဉ်၏ ပုံရိပ်များကို iSi ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီပိုင် Eros B ဂြိုဟ်တုတစ်စင်းက ဖေဖော်ဝါရီ ၂၅ ရက်တွင်  ဓာတ်ပုံရိုက် ယူနိုင်ခြင်းဖြစ်သည်။ ရုရှားစစ်ဘက်သည်  ၎င်းတို့၏ နောက်ဆုံးပေါ် တိုက်လေယာဉ်များကို မေမင်လေတပ် အခြေစိုက်စခန်း၌  ဖြန့်ကြက်ထားသည်ဟု  မီဒီယာများက  ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ဖော်ပြပြီးနောက် အစ္စရေး ဂြိုဟ်တုက အဆိုပါ တိုက်လေယာဉ် များ၏ဓာတ်ပုံ များကို ရိုက်ယူနိုင်ခဲ့ခြင်းဖြစ် သည်။ ထို့ပြင် ရုရှားစစ်ဘက်သည် အဆိုပါ SU-57 တိုက်လေယာဉ်များကို ဆီးရီးယားသို့ ပို့ဆောင်ရာတွင် စတုတ္ထ မျိုးဆက် Su-30SM ဘက်စုံသုံး တိုက်လေယာဉ်များ၏ အစောင့် အရှောက်ဖြင့် ပို့ဆောင် ပေးခဲ့ကြောင်း မီဒီယာ များ၏ ဖော်ပြချက်အရ သိရသည်။

ရုရှားနိုင်ငံ၏ လေယာဉ် တည်ဆောက်ရေး ကုမ္ပဏီကြီးဖြစ်သည့် ဆူခွိုင်းကုမ္ပဏီသည် SU-57 အမျိုးအစား တိုက်လေယာဉ်များကို လေကြောင်းတိုက်ပွဲတွင်  အသာစီးရရှိရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် အတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယင်းတိုက်လေယာဉ်များတွင် မြေပြင်ရှိတိုက်ပွဲ အခြေ အနေကို အလိုအလျောက်တွက်ချက် ပေးနိုင်သည့်  အဆင့်မြင့် အီလက်ထရွန်နစ် စနစ်အပြင် ဝေဟင်၊ မြေပြင်နှင့် ရေပြင်ရှိ ပစ်မှတ်များကို ခေတ်မီနည်းစနစ်များ လိုက်မမီနိုင်သည့် အကွာအဝေးမှ နေ၍ ထောက် လှမ်း နိုင်စွမ်းရှိသည့်  APAR    ရေဒါတို့ကို တပ်ဆင် ထားကြောင်း သိရသည်။

ရုရှားနိုင်ငံက  ၎င်းတို့၏ ကိုယ်ပျောက် တိုက်လေယာဉ်များကို ဆီးရီးယားတွင် ဖြန့်ကြက်ထားခြင်းမှာ အိမ်နီး ချင်း နိုင်ငံများက  ဆီးရီးယား ဝေဟင်ပိုင်နက်ကို ကျူးကျော်ခြင်းမှ တားဆီးရန် ဖြစ်နိုင်ကြောင်း  ရုရှားလွှတ် တော် အမတ်က ပြောသည်။        

Read 503 times Last modified on Tuesday, 27 February 2018 09:56