SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်၏ စစ်အသုံးစရိတ် ပုံမှန်တိုးမြှင့်လာမှုက မည်သူ့ကိုမျှ ခြိမ်းခြောက်ရန် မဟုတ်ဟုဆို

Monday, 05 March 2018 11:51 font size decrease font size decrease font size increase font size increase font size

ပေကျင်း မတ် ၎

ပြီးခဲ့သည့် နှစ်အနည်းငယ်မှစ၍ တရုတ်အစိုးရ၏ ပုံမှန်တိုးမြှင့်လာသော စစ်အသုံးစရိတ်သည် အတိတ် ကာလတွင်ဖြစ်ပေါ်ခဲ့သော ဟာကွက်များကို ဖြည့်ဆည်းရန်အတွက်သာဖြစ်ပြီး မည်သူ့ကိုမျှ ခြိမ်းခြောက် လိုခြင်းမဟုတ်ကြောင်း အကြီးတန်း သံတမန်တစ်ဦးက မတ် ၄ ရက်တွင်ပြောသည်။ တရုတ်စစ်ဘက်၏ ကိုယ်ပျောက်ဖရီး ဂိတ်စစ်ရေယာဉ်များ၊ လေယာဉ်တင် သင်္ဘောများနှင့် ဂြိုဟ်တုဖျက် ဒုံးကျည်များ တိုးတက် ထုတ်လုပ်မှုတို့ပါဝင်သည့် စစ်လက်နက်ပစ္စည်း အဆင့်မြှင့်တင်မှုအပြင် တရုတ်အစိုးရ၏ ကျယ်ပြန့်သော မဟာဗျူဟာရည်မှန်းချက်များအတွက်သုံးစွဲသည့် စစ်အသုံးစရိတ်ကို ဒေသတွင်း နိုင်ငံများအပြင် အမေရိကန် ပြည်ထောင်စုကပါ အနီးကပ် လေ့လာစောင့်ကြည့်မှုများ လုပ်ဆောင်ခဲ့သည်။

တရုတ်အစိုးရ၏ပြီးခဲ့သည့်နှစ် စစ်ရေးအသုံးစရိတ်သည် ၂ဝ၁၆ ခုနှစ်စစ်ရေးအသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်းတိုးမြင့်လာပြီး အမေရိကန်ဒေါ်လာ ၁၆၄ ဒသမ ၆ ဘီလီယံအထိရှိသည်။ ထိုပမာဏသည် ယင်း နှစ်အတွင်း အမေရိကန် အစိုးရက အဆိုပြုသည့် စစ်အသုံးစရိတ်၏ လေးပုံတစ်ပုံခန့်ရှိသည်။ တရုတ်နိုင်ငံ၏ ၂ဝ၁၈ ခုနှစ် အစိုးရအသုံးစရိတ်ကို မတ် ၅ ရက်တွင် လွှတ်တော်က ထုတ်ပြန်ကြေညာသွား မည်ဖြစ်သည်။ သို့သော်ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်မှာ ယခင်နှစ်ထက် မည်မျှမြင့်တက်လာသည်ကို လွှတ်တော်၏ပြောရေးဆိုခွင့်ရှိသူနှင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဟန်ယီဆုယီက ထုတ်ဖော်ပြော ဆိုထားခြင်း မရှိပေ။

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် နိုင်ငံ၏စီးပွားရေး အခြေအနေနှင့် ကာကွယ်ရေးအတွက် လိုအပ်ချက်များအပေါ် အခြေခံ၍ စစ်အသုံးစရိတ်ကို ချိန်ညှိသုံးစွဲနေရခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်အနည်းငယ်မှစ၍ တရုတ်နို င်ငံက စစ်အသုံးစရိတ်ကို ပုံမှန်တိုးမြှင့်လာခြင်းဖြစ်ကြောင်း ဟန်ယီဆုယီက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ထိုသို့တိုးမြှင့်သုံးစွဲခြင်းသည် စစ်သည်များအတွက် ချပ်ဝတ်တန်ဆာများနှင့် စစ်လက်နက် ပစ္စည်း များကို အဆင့်မြှင့်တင်ရေးအတွက်ဖြစ်ကြောင်း၊ သို့သော်လည်း အချိုးချကြည့်မည်ဆိုပါက တရုတ်နိုင်ငံ၏ စစ်အသုံးစရိတ်သည် အခြားအင်အားကြီးနိုင်ငံများ၏ စစ်အသုံးစရိတ်ထက် နည်းပါးနေသေးကြောင်း ၎င်းက ဆက် ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂ဝ၁၁ ခုနှစ်မှစ၍ စံချိန်တင်စစ်အသုံးစရိတ်ကို တောင်းခံထားသည်။ ယင်းသို့တောင်းခံရခြင်းသည် နိုင်ငံ၏ နျူကလီးယား ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့်ရန်နှင့် တရုတ်နှင့် ရုရှားတို့၏ အင်အားကြီးထွားလာမှုကို တုံ့ပြန်ရန်ဖြစ်ကြောင်း သိရသည်။ အမေရိကန်အစိုးရ၏ အသုံးစရိတ်မှ စစ်ဘက်အတွက်လျာထားသည့် စစ်အသုံးစရိတ်သည် ဒေါ်လာ ၆၁၇ ဘီလီယံဖြစ်ပြီး ၂ဝ၁၉ ဘဏ္ဍာနှစ်အ တွင်းလက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများကို ထောက်ပံ့ရန်အတွက် ဒေါ်လာ ၆၉ ဘီလီယံကို ထပ်ဆောင်း တောင်းခံထားသည်။ ယင်းစစ်အသုံးစရိတ် စုစုပေါင်းသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်၏ စစ်အသုံး စရိတ်စုစုပေါင်း ထက် ဒေါ်လာ ၇၄ ဘီလီယံ ပိုမိုများပြားသည်။

Read 516 times Last modified on Monday, 05 March 2018 12:01